
ကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူအင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားသည်။
ရွှေပြည်သာမြို့နယ်၊ လူဝင်မှု ကြီးကြပ်ရေးရုံး၌ အောက်တိုဘာ ၂၇ ရက်နေ့က
ပြုလုပ်သည့် ၂၀၁၃ ခုနှစ်
ပြည်လုံး ကျွတ်စမ်းသပ်သန်း
ခေါင်စာရင်းကောက်ယူနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်း
သတင်း မီဒီယာများသို့ ၎င်းက ယခု လိုပြောကြားခဲ့ခြင်းဖြစ်သည်။
ဥပဒေမှာတော့ ဒါတွေ မဖြေ ဘူးဆိုရင်တော့ အရေးယူခံရမယ်။ ဒီလိုတော့ ပါတာပေါ့။
ဒါပေမဲ့ လူထုတွေ
ကြောက်သွားမှာဆိုးလို့။ ပူးပေါင်းဆောင်ရွက်မှု မဖြစ်မှာဆိုး
လို့။ သို့သော်လည်း ဒါတွေက သူတို့ အတွက်
မေးတဲ့မေးခွန်းတွေ။ သူတို့
မှန်မှန်ကန်ကန်ဖြေတော့မှ ဒီအချက် အလတ်တွေရတော့မှ တိုင်းပြည် က
ပြန်ဆောင်ရွက်ပေးလို့ရမှာ အခွန် ကောက်ဖို့လည်းမဟုတ်ဘူး။ တိုင်း
ပြည်ကိုထုတ်ပြန်ဖို့လည်းမဟုတ် ဘူး။ ဒါကြောင့်မို့ မကြောက်နဲ့
ဖြေပါလို့ပြောတာ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းသို့သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စုတစ်စုကို မေးခွန်း ၄၁
ခုမေးမြန်း မည်ဖြစ်ကြောင်း
သိရသည်။ မေးခွန်းအများစုသည် ပိုင်ဆိုင်မှု နှင့်
ကိုယ်ရေး အချက်အလက်ပေါ် တွင် အခြေခံထားကြောင်း
ပြည်ထောင်စုဝန်ကြီး၏
ပြောကြား ချက်အရ သိရသည်။
ပြည်လုံးကျွတ်စမ်းသပ်သန်း ခေါင်စာရင်းကောက်ယူမှုကို ၂၀၁၃ ခုနှစ် မတ်လ ၃၀
ရက်နေ့မှ ဧပြီ လ ၁၀ ရက်နေ့ ထိ တိုင်းနှင့် ပြည် နယ် ၁၄ ခုရှိမြို့နယ် ၂၀
တွင် ပြုလုပ်မည်ဖြစ်သည်။ အမှန် တကယ်ပြည်လုံး ကျွတ်သန်းခေါင်
စာရင်းကောက်ယူမှုကို ၂၀၁၅ ခုနှစ် မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်နေ့ထိ
ပြုလုပ် မည်ဖြစ် ကြောင်း သိရသည်။
ယင်းသို့ပြည်လုံးကျွတ်သန်း ခေါင်စာရင်းကောက်ယူရာတွင်
ကျူးကျော်နေထိုင်သူများ၊ ရွှေ့ ပြောင်း လုပ်သား များ၊ တိုင်းရင်း
သားလက်နက်ကိုင်အဖွဲ့အစည်း များ၊ စစ်ရှောင်ဒုက္ခသည်များနှင့်
ငြိမ်းချမ်းမှုမရ ရှိသေးသည့်ဒေသများ တွင်လည်းကောက်ယူမည်ဖြစ် ကြောင်း
သိရသည်။
“ကျူးကျော်တွေနဲ့ ရွှေ့ပြောင်း လုပ်သားတွေကတော့ အထူးပြော စရာမလိုဘူး။
တွေ့ရင်တွေ့တဲ့ နေရာ မှာကောက် မယ်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေထဲက ၂
ဖွဲ့လောက်ပဲ ကျွန်တော်တို့နဲ့ ဆွေးနွေး ဖို့ကျန်တယ်။ ကျန်တာ
ငြိမ်းချမ်းရေးယူထားပြီးသား။ ဘာမျှပြဿနာမရှိဘူး။ ဒီကျန်တဲ့ ၂ ဖွဲ့နဲ့
စစ်ရှောင် ဒုက်္ခသည်တွေ ကိုတော့ အခုကျွန်တော်တို့နဲ့
ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ KIO တို့၊ KIA တို့ဘက် က ခေါင်းဆောင်
တွေဆီကနေအချက်အလက်တောင်း လိုက်ရုံပဲ။ ဒီမငြိမ်းချမ်းတဲ့ ဒေသ ဆိုတာကလည်း
တစ်နိုင်ငံလုံးလူ ဦးရေနဲ့ ယှဉ်လျှင် ၂ ရာခိုင်နှုန်း လောက်ပဲရှိတာ။ ဒီသန်း
ခေါင်စာရင်းကောက်တာကိုဘာမျှ မထိခိုက်ဘူး”ဟု အထက်ပါပြည်
ထောင်စုဝန်ကြီးကထပ်မံပြောကြား သည်။
ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူမှုကို ၁၉၇၃ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၃
ခုနှစ် တွင် တစ်ကြိမ်ပြု လုပ်ခဲ့ပြီး ယခု တစ်ကြိမ်ကောက်မှုသည် နှစ်ပေါင်း
၃၀ အတွင်းပထမဆုံးအကြိမ်ပြု လုပ်ခြင်းလည်းဖြစ် သည်။ ယခင် ကောက်ယူခဲ့သော
စစ်တမ်းများ အရမြန်မာနိုင်ငံတွင် လူဦးရေ ၆၀. ၉၈ သန်းရှိကြောင်း သိရသည်။
သတင်းရင်းမြစ်း Hot News Weekly Journal
No comments:
Post a Comment