Monday, November 5, 2012

ရိုဟင်ဂျာ ဆိုတဲ့ ဆိုတဲ့ နာမည်ကို ဘယ်သူ၊ ဘယ်ပါတီကစသုံးခဲ့တာလဲ

အခုလက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့ရတဲ့ ပြဿနာမှာရိုဟင်ဂျာ ဆို တဲ့ တကယ်  မရှိခဲ့  နာမည်ကို မြန်မာနိုင်ငံအတွင်းမှာ   နေထိုင်ကြ
တဲ့ ရခိုင်တိုင်းရင်းသားတွေအကြား စတင် အသက်သွင်းမှုဟာ လည်း ပြဿနာဖြစ်ပွားခြင်းရဲ့ တစ်ပိုင်းတစ်စဟု Facebook သုံးစွဲ သူရော၊ အပြင်လူထုကရော အစောပိုင်း ကာလကတည်း က တစ်ညီ တစ်ညွတ် တည်းပြောဆိုခဲ့ပါတယ်။
 
  အဲဒီနာမည်ကို အခုပြဿနာဖြစ်ပြီး တဲ့နောက်ပိုင်းမှာ သေချာစီစစ် သုံးသပ်ပြီးတော့ အဲဒီနာမည် နဲ့လူမျိုး လုံးဝမရှိခဲ့ ပါဘူးလို့ မြန်မာနိုင်ငံတော်ရဲ့သမ္မတကြီးနဲ့ အခြား သက် ဆိုင်တဲ့ ၀န်ကြီးဌာနက အဆင့်ဆင့် ကတောင် ထုတ်ပြန်ကြေ ငာ ခဲ့ပြီး ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အဲဒီနာမည်ကို နိုင်ငံခြားသတင်းဌာန အချို့နဲ့တစ်ချို့ ပါတီ၊ တွေမှာ ဖော်ပြနေဆြဲ ဖစ်ပါသည်။ အခုနောက်ဆုံး Facebook ကြားထဲ ပျံနှံလာတဲ့ လက်ရှိ မှာ နာမည်ကြီးပါတီတစ်ခုရဲ့ အသင်းသားကဒ်မှာ လူမျိုးဘာသာ အမည်မှာ တကယ်မရှိခဲ့တဲ့ အဲဒီ လူမျိုး အမည်ကိုဖော်ပြထားတာကို တွေ့ရပါတယ်။ 
 
''လူမျိုးနဲ့ဘာသာဆိုတဲ့ နေရာမှာ လူတွေကလည်း ပါးစပ်ကပြောတဲ့အတိုင်းရေး ထည့်လိုက်ကြတာ ပဲ။ သေချာစိစစ်မှုမလုပ်ကြဘူး။ အထူးသဖြင့် ပါတီတွေကြားထဲမှာ ပိုဖြစ်ပေါ်လေ့ရှိတယ်။ အခွင့် အရေးတွေ
ပေးမယ်။ မင်းတို့ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ်စဖြင့်ပြောပြီး သူတို့အကြိုက် နဲ့လုပ်ပေး တယ်။ ဒါပေ မယ့် တကယ့်ပြဿနာပေါ်လာတဲ့ အချိန်ကျတော့ ခေါင်းရှောင်ချင်ကြတယ်။ အဲဒါ ကျွန်တော်/ကျွန်မ တို့ မသိပါဘူး ဆိုပြီး ခေါင်းလွှဲချင်ကြတယ်။ '' လို့ အသက်(၉၀)ကျော် လူကြီး တစ်ယောက် က ပြောကြား ခဲ့ပါတယ်။ အခုအချိန်မှာ ဒီကဒ်ပေါ်ထွက်လာပြီး တဲ့နောက်ပိုင်းမှာ '''ရခိုင် အရေးမှာ အဲဒီပါတီအနေနဲ့ ၀င်ရောက်ပြီးအင်တိုက်အားတိုက်မပါဝင်တာ အခုလိုမျိုး လွန်ခဲ့တဲ့အတိတ် ကာလမှာရော အခုအချိန်ထိရော အဲဒီအမည်ခံလူမျိုးတွေနဲ့ပတ်သက်လို့ မရှင်းတာတွေရှိခဲ့၊ ရှိနေ ဆဲဖြစ် လို့ အခုအချိန်မှာ အမှန်တရား ဘက်က ရင်မဆိုင်ရဲဘဲ ရေငုံနှုတ်ဆိတ်နေတာလို့""လူထုအများစုက သုံး သပ်နေကြကြောင်း သိရှိရပါ သည်။ 
 

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
မူရင်းဓာတ်ပုံ-Facebook မူရင်း ဓာတ်ပုံဆရာ အမည် ကို မသိရှိရသဖြင့် Facebook ဟုသာသုံး စွဲထား ပါသည်။ မူရင်းဓာတ်ပုံဆရာကို RSV ကျေးဇူးတင်ပါသည်။

(ယခုဖော်ပြပေးထားသော ပုံအား RSV မှ နည်းပညာသမားများမှ အတု/အစစ်သေ ချာစီစစ်ခွဲခြား သုံးသပ်ပြီးမှ ဓာတ်ပုံအစစ်သာဖြစ်ကြောင်း သုံးသပ်ချက်ပေးသဖြင့် ယခုကဲ့သို့တင်ပေးရခြင်းဖြစ်ပါသည်။ Photoshop ဖြင့် ပြုပြင်ဖန်တီးထားခြင်းတစ်စုံတစ်ရာမရှိပါ)
 
သတင်းရင်းမြစ်   Rakhine Straight Views (RSV)

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ