Thursday, November 1, 2012

လူကုန်ကူးမှု၊ ကျွန်ပြုမှုနှင့် ပုဂ္ဂလိကဏ္ဍ

thn-31-10-3နေ့စဉ်သုံးစွဲနေကြသည့်ပစ္စည်းများအား အခြေခံကျကျထုတ်လုပ်သည့် လုပ်ငန်းစဉ်ကွင်းဆက်များတွင် လူကုန်ကူးမှုနှင့် ကျွန်ပြုမှုတို့ ဆက်စပ် ချိတ်ဆက်မှုတချို့ရှိနေကြသည်။



 ထိုသို့သော ထုတ်ကုန်ပစ္စည်းများ ပေးသွင်းသည့်ကွင်းဆက်တွင် လူကုန် ကူးမှု၊ ကျွန်ပြုမှုနှင့် ပုဂ္ဂလိကဏ္ဍတို့ ဆက်စပ်မှုရှိနေသည်ကို အသိပညာပေးနေကြရမည်ဖြစ်သည်။

ကမ္ဘာနှင့်တစ်ဝန်း လူသုံးကုန်အများအပြားသည် အလုပ်သမားများအပေါ် ကျွန်ပြုခိုင်းစေခြင်းဖြင့် ထုတ်လုပ်ကြ သည့် စက်ရုံအလုပ်ရုံများ၏ ထွက်ကုန်များဖြစ်ကြသည်။ ယေဘုယျအားဖြင့် အလုပ်သမား များ၏ အခြေအနေကို စောင့်ကြည့်နိုင်ခြင်း မရှိသည့် အနေအထားဖြစ်သော ကုန်ထုတ်လုပ်မှု အတွက် ဖြည့် ဆည်းပေးရသည့် အနိမ့်ဆုံးအောက်ခြေအဆင့်မျိုးများတွင် အလုပ်သမားများအပေါ် အလွဲသုံးစားပြုမူ မျိုးများရှိကြသည်။

မဲခေါင်ဒေသနိုင်ငံများတွင် အလုပ်သမားများကို ကျွန်ပြုထုတ်လုပ်သည့် လူသုံးကုန်လုပ်ငန်းများမှာ လျှပ်စစ်ပစ္စည်းများ၊ ပင်လယ်အစားအစာထုပ်ပိုးသည့်လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်း၊ ချောကလက်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် ရှုးဖိနပ်ချုပ်လုပ်ငန်း တို့ ဖြစ်ကြ သည်။ထိုကျွန်ပြုမှုလုပ်ငန်းများကို ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ် ( UNIAP ) ကစောင့်ကြည့် ကာ လူထုအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၁၂ ခုနှစ်စက်တင်ဘာလ ၂၇ ရက်နေ့ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် International School Bang-kok(ISB),New International School of Thailand(NIST), Shr-ewsbury International School  တို့နှင့် UNIAP ပူးပေါင်းကာ နေ့စဉ်လူ သုံးကုန်ပစ္စည်းများ၏ ထုတ်လုပ်မှု၊ ဖြည့်ဆည်းမှုကွင်းဆက်များတွင် လူကုန်ကူးမှုနှင့် ကျွန်ပြုမှုတို့ဆက်နွယ်မှုရှိသည့် အသိပညာပေးပြိုင်ပွဲကို  ထိုကျောင်းများမှ ကျောင်းသားများ ၏ တင်ပြမှုသရုပ်ဖော်မှုပြိုင်ပွဲ ပြုလုပ်ခဲ့ကြသည်။

လူငယ်များသည် အနာဂတ်၏ စီးပွားရေးနယ်ပယ်၊ စာပေနယ်ပယ်၊ ဥပဒေပညာရှင်နယ်ပယ်စသည့် အခြားနယ်ပယ်အသီးသီးတို့၏ ခေါင်းဆောင်များဖြစ်လာကြမည့်သူများဖြစ်ကြောင်း၊ သို့ကြောင့်သူတို့၏ အသက်မွေးဝမ်း ကျောင်းနယ်ပယ်အသီးသီးတွင် လူကုန်ကူးမှုနှင့်ကျွန်ပြုမှုများကို တိုက်ဖျက်ရမည်ဆို သည်:YCgိုင်ပွဲကာလအတွင်း သုတေသနပြုမှုများမှ တစ်ပါတည်းသင်ယူသွားကြမည်ဟု ယုံကြည် မိကြောင်းကို ukdRobin Ulster, Teacher,International School Bangkok မှ မှတ်ချက် ပြုပြော ဆိုသွားသည်။
သုံးစွဲသူစားသုံးသူများအနေဖြင့် ယေဘုယျအားဖြင့် ထိုလူသုံးကုန်ပစ္စည်းများကို မည်သို့မည်ပုံ ထုတ် လုပ်နေကြသည်၊ အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်မှုမရှိသောပစ္စည်းများဖြစ်သည်၊ ကျွန်ပြုခြင်းဖြင့် ထုတ်လုပ်နေသည် စသည့်အချက်များကို သိရှိနိုင်ခြင်းမရှိပေ။သို့ကြောင့်လည်း ကျွန်ပြုခံအနေအထားဖြင့် ဆက်နွယ်ထုတ်လုပ်ထားသည့် အစားအစာ၊ အ၀တ်အထည်၊ ကော်ဖီ၊ကွန်ပျူတာနှင့် အခြားလူသုံး ကုန်ပစ္စည်းများကို ၀ယ်ယူသုံးစွဲမှုမရှိအောင် သတိဖြင့် ရှောင်ရှားရန်မူ အလွန်ခဲယဉ်းသည်။

၂၀၁၁ ခုနှစ် မတ်လအတွင်း CNN သတင်းဋ္ဌာနမှ စုံစမ်းစစ်ဆေးမည့် သတင်းသမားအဖွဲ့တစ်ဖွဲ့သည် ကမ္ဘောဒီးယားနို င်ငံသို့သွားကာ စက်ရုံအလုပ်ရုံများ၊ အိမ်ဖော်လုပ်ငန်းများ၊ ငါးဖမ်းလှေများတို့တွင် လူကုန် ကူး ခံနေရမှုပုံစံအမျိုးမျိုးကို စုံစမ်းမေး မြန်းရန် သွားရောက်ခဲ့ကြသည်။

အမှတ်မထင် ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်ရှာဖွေပေးရေးအေဂျင်စီများက အကြွေးဖြင့်နှောင် ဖွဲ့ကာ လူစုဆောင်းမှုများပြုလုပ်နေခြင်း၊ အစိုးရမှ တရားဝင် အလုပ်သမားစုဆောင်းခွင့်ပေးထား သည့် အေဂျင်စီ အချို့ပင် ထိုသို့ပြုမှုဆောင်ရွက်နေခြင်းများကို တွေ့ရှိခဲ့ကြ သည်။ ရွှေ့ပြောင်း သွားလာမှု ကုန်ကျစရိတ် ဈေးမြင့်မားသော်လည်း ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်သည့် ကတိများကြောင့် လည်းကောင်း၊ အလုပ် ရှာဖွေပေးသည့် အေဂျင့်စီများ၏ ကတိစကားများကို ယုံကြည်မှု များကြောင့် ကျေး လက်ဒေသမှ အမျိုးသမီးအများအပြားသည် ပြည်ပသို့ ထွက်ခွာကာရွှေ့ပြောင်းသွားလာ အလုပ်လုပ် ကိုင်ကြနေသည်ကို CNN သတင်းအဖွဲ့က လေ့လာတွေ့ရှိခဲ့သည်။ ထိုအလုပ်သမားများသည် ဗဟုသုတ အနည်းငယ်သာသိရှိပြီး အေဂျင်စီများနှင့်နောက်ဆုံး သဘောတူလက်မှတ်ထိုးကာ မိခင်နိုင်ငံမှ ထွက်ခွာ သွားကြသူများဖြစ်ကြသည်။

သူတို့သွားရောက်အလုပ်လုပ်ကိုင်ရသည့် မလေးရှားနိုင်ငံ၊ Penang မြို့မှလျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် စက်ရုံသည် အေဂျင်စီများအစကပြောသလိုမဟုတ်တော့သည်ကို တွေ့ကြုံကြရသည်။ပေးထားသည့်ကတိ
အတိုင်း လစာမရကြ၊ ခရီးသွားစာ ရွက်စာတမ်း အထောက်အထားများကို အေဂျင်စီများနှင့် အလုပ်ရှင်များ က သိမ်းဆည်းခြင်း၊ အလုပ်ရှာဖွေခ ၀န်ဆောင်မှုအတွက် အဆမတန်အကြွေးပေးဆပ် ရမည်ဖြစ်သည့် အတွက် လစာများထဲမှ ဖြတ်တောက်ခံကြရခြင်း စသည့်မမျှော်လင့်သော အခြေအနေဆိုးများကို ကြုံနေကြ ရသည်ကို သိရှိကြပြီးနောက် ထိုသတင်းအဖွဲ့က မလေးရှားနိုင်ငံ၊ Penang မြို့မှ XYZ လျှပ်စစ်ပစ္စည်း ထုတ် လုပ်ရေးစက်ရုံသို့ သတင်းဆက်လက်ရယူရန် ဆုံးဖြတ်ခဲ့ကြသည်။

မလေးရှားနိုင်ငံ၊ XYZ လျှပ်စစ်ပစ္စည်းထုတ်ကုန်ဖြစ်သော Hard drive များကို အားကိုးအားထားပြု အရောင်း အ၀ယ်ပြုသည့် စီးပွားဖက် အကြီးမားဆုံးကုမ္ပဏီတစ်ခုသည် Western Digital  ဖြစ်နေသည်ကို CNN သတင်းဋ္ဌာန စုံစမ်းမှုလုပ်သည့် သတင်းအဖွဲ့က တွေ့ရှိခဲ့သည်။ စက်ရုံမှ တာဝန်ရှိသူများကိုမေးမြန်းရာတွင် အလုပ်သမားများကိုယ်တိုင် ၎င်းတို့၏ ခရီးသွားစာရွက်စာတမ်း အထောက်အထားများကို အေဂျင်စီများနှင့် စက်ရုံတာဝန်ရှိသူများထံသို့ လုံခြုံစွာသိမ်းဆည်းပေးရန် လိုလိုလားလား အပ်နှံကြလေ့ရှိသည်ဟု လည်းကောင်း၊ အလုပ်သမားများ၏ တောင်းဆိုမှုအပေါ်မူတည်ကာ အချိန်အခါမရွေး လိုက်လျောမှုများ လုပ်ဆောင်ပေးနေသည်ဟု တွေ့ဆုံမေးမြန်မှုများတွင် ပြန်လည်ဖြေကြားထားကြသည်။

Western Digital Corporation သည် ကမ္ဘာတွင်ကွန်ပျူတာ Hard drive ထုတ်လုပ်သည့် အကြီးဆုံး ဖသာကုမ္ပဏီတစ်ခုဖြစ်သည်။ ထိုကုမ္ပဏီသည် Electronic Industry Code of Conduct(EICC) ၏ ကျင့်ဝတ်စည်းကမ်းများနှင့်အညီ ဆောင် ရွက်နေကြောင်း၊ ယင်းကျင့်ဝတ်သည် ကုမ္ပဏီ၏လုပ်ငန်းဆောင် ရွက်မှု တာဝန်ယူမှုနှင့်လူမှုရေးတာဝန်သိမှု Cor- porate Social Responsibility(CSR) အခြေခံစံချိန် စံနှုန်းများ လိုက်နာဆောင်ရွက်နေသည်ဟု CNN သတင်းဋ္ဌာန သို့ အကြောင်းပြန်ကြား ခဲ့သည်။ ချက်ချင်း ဆိုသလို ထိုကုမ္ပဏီမှ မလေးရှားနိုင်ငံ၊ Penang မြို့မှ XYZ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံသို့ စစ်ဆေး မှုပြုလုပ်ခဲ့သည်။ နောက်ဆုံးတွင် ထိုစက်ရုံ၏ အလုပ်သမားများ၏အခြေ အနေ၊လစာလုပ်ခများပေးမှု အခြေအနေ သိသိသာသာ ကောင်းမွန်တိုးတက်လာခဲ့သည်။

ပုဂ္ဂလိကအခန်းကဏ္ဍနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးတို့ ပူးပေါင်းဆောင်ရွက်ရေးတို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၏ ပင်လယ်စာအစာသွတ်လုပ်ငန်းတွင် အဓိကတာဝန်ရှိသူ များဖြစ်ကြသော ထိုင်းနိုင်ငံ ပုစွန်ထုပ်ပိုး စက်ရုံပိုင်ရှင်များ၊ စက်ရုံလုပ်ငန်းရှင်များဆိုင်ရာ အသင်းအဖွဲ့များ၊ အမေရိကန်နိုင်ငံမှ ကုန်တင်သွင်းသူများ၊ လက်လီရောင်းချသူများစသည့် အသင်းအဖွဲ့များ၊ လူ့အခွင့် အရေးဆိုင်ရာ အဖွဲ့များ၊ ကုသမဂ္ဂအဖွဲ့အစည်းများသည် ထိုင်းအစိုးရဘက်မှ တာဝန်ရှိသူများနှင့် ၂၀၁၂ ခုနှစ်ဇွန်လအတွင်းက တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရသည့်ရည်ရွယ်ချက်သည် ထိုင်းနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပင်လယ်အစားအစာများ ထုပ်ပိုးတင်ပို့ရာတွင် လူကုန်ကူးခံရသည့် ဖြစ်ရပ်များအပါအ၀င် လုပ်အားကို ခေါင်းပုံဖြတ်ခိုင်းစေမှု များနှင့် ပတ်သက်သည့် ပြဿနာရပ်များအတွက် တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။ ထိုအစည်း အဝေး ဖြစ်
မြောက်ရေး  အတွက် အမေရိကန်နိုင်ငံမှ နိုင်ငံတကာအဆင့်စတိုးဆိုင်ကြီးဖြစ်သော Wal-Mart Stores Inc.,  နှင့် UNIAP တို့က ကမကထကြီးမှူးပြုလုပ်ပေးခြင်းဖြစ်သည်။

အစိုးရနှင့် ပုဂ္ဂလိကအခန်းကဏ္ဍတို့က ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ဖြင့် လုပ်အားခေါင်းပုံဖြတ်မှုများ မဖြစ်ပွားရလေအောင် ခိုင်မာသည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အတွက်ဖြစ် သည်။ထိုင်းနိုင်ငံမှ ပုစွန်အခွံခွါစက်ရုံများ၊ ပင်လယ်စာအစာသွတ်လုပ်သည့် စက်ရုံများတွင် ဖြစ်ပွားနေသော လူကုန်ကူးခံနေရမှုများ၊ လုပ်အားများအလွဲသုံးစားခံရမှုများနှင့် ပွဲစားများမှခေါင်းပုံဖြတ်နေမှုများတို့၏ အဓိက စိန်ခေါ်ချက်များအတွက် မည်သည့်အရာများလုပ်ဆောင် ပေးသင့်သည်၊ဘယ်လိုကြောင့်ထိုစက်ရုံများတွင် ထိုလူ့အခွင့်အရေးချိုးဖောက်ခံရသည့် ဖြစ်စဉ်များဖြစ်ပေါ်နေရသည်တို့သည် အဓိကစိန်ခေါ်ချက် များဖြစ်ကြ သည်။

အစည်းအဝေးတက်ရောက်သူများသည် စက်ရုံအလုပ်ရုံများ၏ စံချိန်စံညွန်းများ၊ စက်ရုံများ၏ တရားဝင် ထုတ်ပြန်ပေးသည့်စနစ်များတို့နှင့် ဆက်စပ်နေသော စက်ရုံအလုပ်ခွင်များအတွင်း ထုတ်ပြန်ထားသည့် အမိန့်ညွန်ကြား ချက်များက ကတိက၀တ်များ၏ လိုအပ်ချက်များ၊ အလုပ်သမားဥပဒေ အကျိုးသက်ရောက် မှုအတွက် လိုအပ်ချက်များ၊ တရားဥပဒေစိုးမိုးမှုရှိရေး မြှင့်တင်ပေးရမည့်အချက်များ၊ ရွှေ့ပြောင်းအလုပ် သမား များ၏ ဂုဏ်သိက္ခာရှိရှိ အလုပ်ဆင်းနိုင်ရေး၊ အလုပ်ခွင်ဘေးကင်းလုံခြုံမှုရှိရေးတို့အတွက် ၀ိုင်းဝန်း ကာတာဝန်ရှိသူများလုပ်ဆောင် ကြရေးနှင့် လူကုန်ကူးမှုမဖြစ်ပွားရေး ဟန့်တားတားဆီးကြရန်တို့ကို အဓိကဆွေးနွေးအဖြေရှာခဲ့ကြသည်။

ထိုဆွေးနွေးပွဲ၏ အခြားဆုံးဖြတ်ချက်များတွင် ထိုရေလုပ်ငန်းများ၏ လိုအပ်ချက်များ ပွင့်လင်းမြင်သာမှုရှိရေး၊ အလုပ်သမားစုဆောင်း မှုစနစ်များ တိုးတက်ကောင်းမွန်မှုရှိရေး၊ထိုလုပ်ငန်းမှ အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် တာဝန်ရှိသူများအကြား ပိုမိုပွင့်လင်းသည့် အဆက်အသွယ် ဆက်ဆံမှု များရှိရေးတို့ပါ ပါဝင်ကြသည်။

Walmart စတိုးလုပ်ငန်းကြီး၏ ရည်ရွယ်ချက်သည် လူသားတို့၏ ဘ၀ပိုမိုကောင်းမွန်ရေးကိုသာ အလေးထား သည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ထိုင်းနိုင်ငံမှ ပင်လယ်စာထုပ်ပိုးရေးလုပ်ငန်းများမှ လူကုန်ကူးမှု ဖြစ် ပွားနေမှုများကို တားဆီးနှိမ်နင်း သည့်နည်းလမ်းသစ်ကို UNIAP နှင့် ပူးပေါင်းရှာဖွေဖော်ထုတ်မှုများကို ဆက်လက်အလေးထားလုပ်ဆောင်ပေးသွားမည်၊ အလွှာပေါင်းစုံကဏ္ဍစုံက ထိုလူကုန်ကူးမှုတိုက်ဖျက်မှုတွင် ပါဝင်လုပ်ဆောင်နေသူများ စုဝေးတိုင်ပင်မှုသည် အရေးကြီးသည့် အဆင့်တစ်ဆင့်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ ပင်လယ်စာထုတ်လုပ်ရေးစက်ရုံများတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ပူးပေါင်းပါဝင်သည့် အဖြေ ဆုံးဖြတ်ချက်ချမှတ်ကြခြင်းသည် အလွန်အရေးပါမှုပင်ဖြစ်ကြောင်းဟု Mr. David Henry, Walmart’s Senior Manager for Ethical Sourcing Compliance မှ ကတိက၀တ်ပြု ထုတ်ဖော်ပြောဆိုသွားသည်။

UNIAP ရုံးမှ နည်းပညာပိုင်းဆိုင်ရာအကြံပေးအမှုဆောင်ချုပ်ဖြစ်သူ Dr. Lisa Rende Taylor က လူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ပုဂ္ဂလိ က အခန်းကဏ္ဍဖြင့် ထိတွေ့ပြောဆို ဆွေးနွေးတိုင်ပင်ကြခြင်းသည် အပြုသဘောဆောင်သည့် အတွေ့အကြုံများ ရရှိကြမည်ဖြစ်ကြောင်း၊ မှန်ကန်သည့်လားရာသို့သွားသည့် အရေးကြီးသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါကြောင်း၊ ထိုင်း နိုင်ငံရှိ အချို့သောစက်ရုံများတွင် လုပ်အားအလွှဲ သုံးစားပြုကျင့်ခြင်းခံနေရမှု အနေအထားများကို အမေရိကန်နိုင်ငံမှ ထိုင်းရေထွက်ပစ္စည်းများ ၀ယ်ယူသူ များနှင့် လက်လီတစ်ဆင့် ရောင်းချသူများကိုယ်တိုင် ထိုပြဿနာရပ်အား ဖြေရှင်းပေးရေးစေ့ဆော် မှုများလည်း ပိုမိုမြင့်တက်လာသည်မှာ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အားသစ်တစ်ရပ်ဖြစ်ရပါကြောင်း၊ ၀ယ်ယူသူများ၏လုပ်ငန်းကိုပါ ထိန်းထိန်းသိမ်းသိမ်းဖြင့် လုပ်ဆောင်နိုင်ရန် လူကုန်ကူးမှုတိုက်ဖျက်ခြင်းသည် လိုအပ်သည့်အခြင်းအရာတစ်ခု ဖြစ်နေပါကြောင်း၊ အောက်ခြေမှ စတိုက်ဖျက်ခြင်းပင်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဆွေးနွေးသွားသည်။

လုပ်ငန်းတစ်ခုတိုးတက်မှုရှိရန်မှာ တာဝန်ရှိသူအချင်းချင်း အပြန်အလှန်ထိန်းညှိမှုစနစ်ထားရှိရ မည်ဖြစ် သည်။ စောင့်ကြည့် မှတ်တမ်းတင်ကြရမည်ဖြစ်သည်။ ထိုအချက်များသည် ရေရှည်ချဉ်းကပ်ဆောင် ရွက်ကြရ မည့် နည်းလမ်းများပင်ဖြစ်ကြသည်။

လူကုန်ကူးမှုကို တိုက်ဖျက်ရာတွင် စီးပွားရေးရပ်ဝန်းသည် အရေးပါသော ရပ်ဝန်းတစ်ခုဖြစ်သည်။ စီး ပွားရေး လုပ်ငန်းများသည် ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုတာဝန်ယူရေးနှင့် လူမှုရေးတာဝန်သိမှု  Cor-porate Social Responsibility (CSR) အခြေခံစံချိန်စံနှုန်းများကို လိုက်နာရန်အတွက် ဖိအားပေးမှု တိုးမြှင့်ခံနေ ရလျက်ရှိနေကြသည်။စီးပွား ရေးအသိုင်းအ၀န်းအား အင်ဂျီအိုများ၊ အစိုးရဋ္ဌာနများ၊ လူမှုရေးအသင်း အဖွဲ့များ၊ အခြားသူများနှင့်အတူ လူကုန်ကူးမှုတိုက်ဖျက်ရာတွင် ပူးပေါင်းပါဝင်ရန်အတွက် အားပေးရ မည်ဖြစ်သည်။

ကုမ္ပဏီများသို့ ပစ္စည်းပေးသွင်း သောကွင်းဆက်တစ်ခုလုံးတွင် လူကုန်ကူးမှုလုံးဝကင်းစင်စေရန် ကြိုတင် ကာကွယ် တားဆီးသည့်အစီအစဉ်များ ထားရှိရန်အထူးအရေးကြီးသည်။ ကုမ္ပဏီများအနေဖြင့် ၎င်းတို့ထံ ပစ္စည်းပေးသွင်းသည့် ကွင်းဆက်တစ်ခုလုံးတွင် အဓမ္မ အလုပ်ခိုင်းစေခြင်းကို အသုံးပြုခြင်းအား တားမြစ်ပိတ် ပင်သည့်ကုမ္ပဏီများ၏ မူဝါဒများလည်းရှိရမည်ဖြစ်သည်။

Source:UNIAP convenes public-private sector dialogue on labour abuses 

သတင်းရင်းမြစ်    Eleven Media Group          

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ