
မနေ့က ကျောက်နီမော်ကျေးရွာဘက်ကို စုရုံးရောက်ရှိလာတဲ့ ထောင်နဲ့ချီတဲ့ ရခိုင် တိုင်းရင်းသားတွေကို ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လူစုခွဲရာမှာ သေဆုံးဒဏ်ရာရခဲ့တာလို့ ရခိုင်ပြည်နယ် ပြန်ကြားရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ပြောပါတယ်။
“၁ ယောက်သေပြီး အသက် ၅၀ ကျော် ယောက်ျားတယောက် ဒဏ်ရာရပါတယ်။ မနက် ၇ နာရီခွဲလောက်မှာ ရဲက သူ့တို့ရဲ့ လုပ်နည်းလုပ်ဟန် အတိုင်း ပထမ လူစု ခွဲဖို့ အသံချဲ့စက် နဲ့အော်တယ်၊ မရလို့ မိုးပေါ်ထောင်
ဖောက် တယ်၊ မရလို့ ပစ်တယ်လို့တော့ ပြောတာပဲ။ ဒါကမမျှော်လင့်ဘဲဖြစ်တာ။ လပြည့်နေ့ဆိုတော့ မဖြစ်နိုင်လောက်ဘူး တွက်ထားတာလေ။”
ရခိုင်တိုင်းရင်းသားတွေဟာ ကျောက်နီမော်ရွာဘက်ကို ဘာကြောင့်စုရုံးသွားသလဲ ဆိုတာတော့ မသိရ ဘဲ ကျောက်ထရံကျေးရွာကနေ ကျောက်နီမော်ဘက် မရောက်ခင်မှာ အခုလို တားဆီးပစ်ခတ်ခံခဲ့ရ တာဖြစ်ပြီး မပစ်ခတ်ခင်မှာ အာဏာပိုင်တွေက လူစုခွဲဖို့ သတိပေးတားမြစ်မှုတွေ ပြု လုပ်ခဲ့တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။
အာဏာပိုင်တွေရဲ့ဟန့်တားပစ်ခတ်မှုကြောင့် ခြေထောက်မှာ သေနတ်ဒဏ်ရာရသွားသူ တဦးကတော့ အရိုးကို ထိထားတဲ့အတွက် ကျောက်ဖြူဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ပြီးနောက် ခွဲစိတ်ကုသဖို့ ရန်ကုန်
ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ကျောက်နီမော်ကျေးရွာမှာ လွန်ခဲ့တဲ့ ၆ လလောက်က မသီတာထွေးအမည်ရှိ အမျိုးသမီးတဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံရမှုဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်မှာ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘဂါင်္လီတွေအကြား တိုက်ခိုက် မှုတွေ စတင်ဖြစ်ပွားခဲ့တာပါ။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က တေ?zG
သတင်းရင်းမြစ်း DVB
No comments:
Post a Comment