
တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အတူ ပြည်ထောင်စုဝန်ကြီး များ ဖြစ် ကြသော ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်းနှင့် ဦးကျော်လွင်၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် တို့ တက်ရောက် ကြပြီး လူဇင်ဘတ်နိုင်ငံဝန်ကြီးချုပ်နှင့်အတူ ဖွံ့ဖြိုးရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး၊ ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့် သဘာဝသယံဇာတများ ပေါကြွယ်ဝမှုအပေါ် အကျိုးရှိစွာ ဖော်ထုတ်ဆောင် ရွက်နိုင်ရေး၊ လူဇင်ဘတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံ သွား ရေး
နှစ်နိုင်ငံ အကြားအခွန် နှစ်ထပ်ကောက်ခံမှု ရှောင်ရှားရေး၊ စာချုပ်လက်မှတ်ရေးထိုး နိုင်ရေး၊ မြန်မာ နိုင်ငံအပေါ် ယခင်က ရပ်ဆိုင်းထားခဲ့သည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP) ပြန်လည် ပေးအပ် သွားရေးနှင့် နှစ်နိုင်ငံ အကြား ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
No comments:
Post a Comment