
သံဃာတော်တွေ အခုလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက်
ပါဝင်ဆောင်ရွက်လာတာဟာ ငြိမ်းချမ်းရေး
ဖော်ဆောင် မှုကို တွန်းအားပေးနေတာဖြစ်တယ်လို့ အဲဒီပွဲကို တက်ရောက်လာတဲ့ ၈၈မျိုးဆက်ကျောင်း သား ခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။
ဖော်ဆောင် မှုကို တွန်းအားပေးနေတာဖြစ်တယ်လို့ အဲဒီပွဲကို တက်ရောက်လာတဲ့ ၈၈မျိုးဆက်ကျောင်း သား ခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ သံဃာတော်တွေအနေနဲ့ ငြိမ်းချမ်းရေးရယူမယ့်
နေရာတွေမှာ သွားရောက် တရားဟောပြောတာ၊ ငြိမ်းချမ်းရေးရယူမယ့် အဖွဲ့တွေကြား
ကြားဝင်ညှိနှိုင်းဆောင်ရွက်တာတွေ အပါအဝင် အခြား ဆောင်ရွက်မှုတွေ
လုပ်ဆောင်သွားနိုင်ဖို့အတွက် ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားကရရှိလာတဲ့
စာတမ်းတွေ၊ သုံးသပ်ချက်တွေကို စုစည်းရယူပြီး အဖြေထုတ်သွားမှာ ဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို ရဟန်း သံဃာငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ The Best
Friend အဖွဲ့နဲ့ အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်က ဘ၀အလင်း
ပရဟိတအဖွဲ့တို့ ပူးပေါင်း ကျင်းပတာ ဖြစ်ပါတယ်။ အဲဒီဆွေးနွေး ပွဲကို
မန္တလေးမြို့က ထင်ရှားတဲ့ ဂဠုန်နီ ဆရာတော် ဦးကာဝိယ၊ ကံတက်ကုန်း
မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးတေဇောဘာသ တို့ အပါအဝင် ဆရာတော်ကြီးတွေ၊
၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ မန္တလေးမြို့က ရဟန်း
သံဃာတော်တွေနဲ့တကွ နိုင်ငံရေး၊ လူမှုရေးနယ်ပယ်က ထင်ရှားတဲ့ သူတွေနဲ့ ပရိသတ်
၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကိုရောက်နေတဲ့ စာရေးဆရာ မင်းထက်ငြိမ်းချမ်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
သတင်းရင်းမြစ်း RFA
ဆက်သွယ်မေးမြန်းချက် နားဆင်ရန်
သတင်းရင်းမြစ်း RFA
ဆက်သွယ်မေးမြန်းချက် နားဆင်ရန်
No comments:
Post a Comment