
ရေး ဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြည်တွင်းထုတ် ဂျာနယ်နှစ်စောင်အား တရားစွဲဆိုမှုတွင် မန္တလေးတိုင်းတရား ရုံးမှ၎င်းအမှုကို လက်ခံရန် အမိန့်ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက် ပွဲကာလတွင် အန်အယ်ဒီပါတီ၏ ဗဟိုအောင်နိုင်ရေးမန်နေဂျာအဖြစ် တာဝန်ယူခဲ့သူ ဦးဉာဏ်ဝင်းကဆန္ဒမဲ လက်မှတ်များတွင် ဖယောင်းသုတ် ထားသည်ဟု မီဒီယာများ အား ပြောဆိုခဲ့ပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ မမှန်မကန်သတင်းပေး မှုဖြင့် တရားစွဲဆို ထားချိန် တွင် "စာမဖတ်တဲ့သတင်းစာဆရာ၊ ဒီမိုကရေစီမသိတဲ့ ဒီမိုကရေစီ ဘက်တော်သား"ဟု ယင်း ဂျာနယ် နှစ်စောင်က ရေးသားဖော်ပြထားပြီး တရားရုံးမှ အမိန့်မချမှတ်မီ အပြစ်ရှိ ကြောင်း ကြိုတင်ရေး သားခြင်းဖြစ်သည့် အတွက် တရားရုံးမထီမဲ့မြင်ပြုမှုဖြင့် ဦးဉာဏ်ဝင်းမှ တရားစွဲဆိုခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ Messengerဂျာနယ်မှ တာဝန်ခံအယ်ဒီတာကိုသူရအောင်က " ဂျာနယ် နှစ်စောင် ကို တရား စွဲမယ်လို့ပြောတာ၊ ဥပဒေစိုးမိုးရေးအတွက်လို့ပြောတယ်၊ ဒီဂျာနယ်နှစ်စောင်ကို တရားစွဲလို့ တရားဥပဒေစိုးမိုးရေးက တကယ်ပဲ အထောက်အကူဖြစ်ပြီလားပေါ့၊ နောက် ပြီး ဒီလိုတရားစွဲလိမ့်မယ် လို့ မျှော်လင့် မထားဘူး" ဟု ၄င်းကပြောသည်။
"ကျွန်မတို့ကလည်း တအား ထိခိုက်အောင်မလုပ်ပါဘူး၊ ဂျာနယ် နှစ်စောင်ကို သိလောက်အောင်ပဲ လုပ်မှာပါ" ဟု ဒေါ်အောင်ဆန်းစုကြည် က သူမ၏ အမေရိကန်ခရီးစဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
သတင်းရင်းမြစ်း ဒီမိုဝေယံ
သတင်း ..လူထုပုံရိပ်
No comments:
Post a Comment