Friday, November 2, 2012

အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ လူ့အခွင့်ရေး ကော်မရှင်တောင်းဆို


ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အကြမ်းဖက် ပဋိပက္ခ 
တွေ ရပ်ဆိုင်းအောင်တားဆီးဖို့ အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေး ကော်မရှင်က တောင်းဆို လိုက်ပြီး၊ ဒီပဋိပက္ခတွေကို ရိုဟင်ဂျာတွေ ဖယ်ရှားရေး အတွက် အကြောင်းရင်း တစ်ရပ်အနေနဲ့ အသုံးမပြု ဖို့လည်း သတိပေးလိုက်ပါတယ်။




လက်ရှိအခြေအနေဟာ မိမိတို့မလိုလားတဲ့ လူ့အသိုင်းအ၀ိုင်းတစ်ခု ကို အပြီးအပိုင်ဖယ်ရှားရေးအတွက် အခွင့်အလမ်းတစ်ရပ် မဖြစ်စေသင့်ဖူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် သောမတ်စ် ကင်တားနားနဲ့ တခြား လွတ်လပ်တဲ့လေ့လာသူတွေရဲ့ ပူးတွဲကြေညာချက် မှာ ဖေါ်ပြထားပါတယ်။

ဒီအတွင်း ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာတွေကို သယ်ဆောင်ပြီး မလေးရှားနိုင်ငံကို ဦးတည်သွားနေတဲ့ လှေ တစ်စင်း ဘင်္ဂလားဒေ့ရှ် ကမ်းလွန်ပင်လယ်မှာ မနေ့က နစ်မြှုပ်ခဲ့ရာမှာ လူ (၁၃) လောက် ပျောက်ဆုံးနေ တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲက ပြောပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ