
မြို့တော်နေထိုင်သူတွေ အဓိက ဒုက္ခခံစားရပြီး ပြဿနာတက်ရတဲ့ ကိစ္စကတော့ သန့်ရှင်းတဲ့ ရေမရရှိမှု၊ လမ်းတွေ မီးထွန်းမပေးဘဲ မှောင်မဲနေမှု၊ မိုးရာသီရောက်တိုင်း ရေတင်ပြီး သွားလာခက်ခဲမှု၊ နဂို ဖော် ထုတ်ပေး ထားတဲ့ ကစားကွင်းတွေ အသိမ်းခံရတာ ပြန်လည်ဖော်ထုတ်ပေးဖို့ စတဲ့အချက်တွေဖြစ် ပါတယ်။
အဓိက ရေပြဿနာကို မြို့တော်နေသူအားလုံး ရင်ဆိုင်နေရပြီး အ၀ီစိတွင်းရေတွေ သန့်ရှင်းမှု လုံးဝမရှိတာ၊ ၃ – ၄ ထပ် တိုက်ခန်းတွေဆီ ရေမတက်လို့ နှစ်စဉ် ရေစည်လှည်း တွေဆီ ကနေ ရေ၀ယ်ယူရတဲ့ ပြဿနာက အကြီးဆုံးဖြစ်တယ်လို့ ပြောပြကြ ပါတယ်။
၁၉၉၀ နောက်ပိုင်း စစ်အစိုးရက ပုဂ္ဂလိက ကုမ္ပဏီတွေကို မြို့သစ်ဖော်ထုတ်ရေး လုပ်ပိုင်ခွင့်ပေးခဲ့ ရာမှာ ယုဇန ကုမ္ပဏီက ဒီမြို့သစ်ကို ဖော်ထုတ်ပြီး တိုက်ခန်းတွေ ရောင်းချခဲ့တာဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေမှာ မြို့တော်စီမံခန့်ခွဲသူတွေကို မကျေနပ်လို့ ဆန္ဒပြတာကတော့ ဒါ ပထမဦးဆုံး အကြိမ်ဖြစ်မယ် လို့ သိရပါတယ်။
သတင်းရင်းမြစ်း DVB
No comments:
Post a Comment