Sunday, November 4, 2012

ရခိုင်ပဋိပက္ခဖြေရှင်းဖို့ ဒလိုင်းလားမား ဒေါ်အောင်ဆန်းစုကြည် ကို တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေအပေါ် ကိုယ်ရဲ့သြဇာကို   သုံးစွဲပြီး ငြိမ်းငြိမ်း  ချမ်းချမ်း ဖြေရှင်းနိုင်တဲ့   အဆင့်
ရောက် အောင်    ကြားဝင်   ဆောင်ရွက်ပေးဖို့ တိဘက်   ဘာသာရေး 
ခေါင်းဆောင် ဒလိုင်းလားမားက ဒုတိယအကြိမ်မြောက် စာရေးသားပေး ပို့ တောင်းဆိုလိုက်ကြောင်း တိဘက်အဝေးရောက်အစိုးရ က ပြောပါ တယ်။



အလားတူ နယူးဒေလီမှာရှိတဲ့ ဒလိုင်းလားမားရဲ့ ကိုယ်စားလှယ်ကလည်း ရခိုင်ပြည်နယ်တွင်း လူ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေအပေါ် ပြောဆိုလိုတဲ့အတွက် အိန္ဒိယနိုင်ငံ မြန်မာသံရုံး ကို တွေ့ဆုံခွင့် 
တောင်းခံ ထားတယ်လို့  ဒရမ်ဆလာမြို့အခြေစိုက် တိဘက်အဝေးရောက် အစိုးရ ရဲ့ ပြန်ကြားရေး ရုံး က ဆိုပါတယ်။

ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ သီရိလင်္ကာအစိုးရဆီကိုလည်း တမီးကျားသူပုန်တွေအရေး  ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်းဖို့စာရေးသားခဲ့ဖူးပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ