
နယ်စပ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဆိုင်ကယ်ဖြင့် ပြန်လာသော
စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင် (၅)ဦး အား အမည်မသိ
လက်နက်ကိုင်အုပ်စုတစ်ခုမှ ခြုံခိုတိုက်ခိုက်ခဲ့မှုကြောင့် တစ်ဦးသေပြီး
(၄)ဦးဖမ်းဆီး ခံသွား ခဲ့ရကြောင်း သိရှိရသည်။
" မနေ့ညနေ(၆)နာရီကျော်က နစကနယ်မြေ(၁)ရှိ ဗန္ဓုလကျေးရွာအနီး
မိုင်တိုင်အမှတ်(၅၂)မှာ GE တပ်ဖွဲ့ ၀င်တွေ တိုက်ခိုက်ခံခဲ့ရပါတယ်၊
သေဆုံးသူတပ်ဖွဲ့ဝင်တစ်ဦးအလောင်းကို အခင်းဖြစ်ပွားခဲ့ သည့်
နေရာ နားတွင်တွေ့ရှိရပြီး၊ ကျန်လေးဦးကတော့ပျောက်ဆုံးနေပါတယ်၊
ယနေ့အခင်းဖြစ်ပွားခဲ့ရာ အနီးအနားကို တာဝန်ရှိသူတွေ လာရောက်စစ်ဆေးနေပါတယ်" လို့ ဗန္ဓုလကျေးရွာကရွာသားတစ်ဦးက အာရ်ကန်တိုင်းမ်စ် သို့ ပြောကြားသည်။
ယခုဖြစ်ပွားခဲ့မှုအတွက် မည်သည့်လက်နက်ကိုင်အဖွဲ့ လက်ချက်ဖြစ်သည်ကို
မသိရသေးသော်လည်း အခင်း
ဖြစ် ပွားရာဒေသသည် RSO
ခေါ်ဘင်္ဂလီအစွန်းရောက်အဖွဲ့လှုပ်ရှားနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ
ဘန်ဒရို ဘင် ခရိုင် နတ်ကျောက်စရီမြို့နယ်၊ လေမူစရီဒေသနှင့်
ကပ်လျှက်တည်ရှိကြောင်း သိရှိရသည်။
လွန်ခဲ့သော(၁၀)နှစ်ခန့်ကလည်း မောင်တော်မြို့နယ်
ကြိမ်ချောင်းရဲစခန်းအတွင်း ရဲတပ်ဖွဲ့ဝင်(၆)ဦးကို RSO ခေါ်
ဘင်္ဂလီအစွန်းရာက်အဖွဲ့က ၀င်ရောက်စီးနင်းကာ လည်ပင်းဖြတ်
သတ်ဖြတ်ခဲ့မှုတစ်ရပ်ဖြစ်ပေါ် ခဲ့သည်။
သတင်းရင်းမြစ်
း Arakan Times
No comments:
Post a Comment