
" ကျနော်တို့ကဒီလယ်ယာမြေတွေနှင့် ဥယျာဉ်ခြံမြေတွေ မိမိကိုယ်ပိုင်
ပြန်ရပြီးတော့ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်လုပ်စားနိုင်တဲ့
g4O[o߽[gွပြန်လိုချင်ပါတယ်" ဟုသဲကုန်းကျေးရွာမှ ဦးမြင့်လွင်
ကပြောသည်။
၂၀၀၁ ခုနှစ်က ခလရ(၅၅)မှ သိမ်းယူးထားကျိန္တလီ၊ ပုန်းညက်၊ သဲကုန်း၊
စေတီကွင်း၊ ရှောက်ကုန် အုပ်စုရှိ ကျေးရွာမှ(၂၆၈)ဦး ပိုင်ဆိုင်သောလယ်ယာမြေ၊
ဥယျာဉ်ခြံမြေ၊ စားကျက်မြေစုစုပေါင်း (၇၄၇.၄၅) ဧကကို ပြန်လည်ရှိနိုင်ရန်
စက်တင်ဘာ(၄)ရက်နေ့က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု
စုံစမ်းရေးကော်မရှင် သို့ တင်ထားကြောင်းသိရသည်။
"ကျနော်တို့မြေတွေကို သိမ်းတယ်ဆိုတာကို ၂၀၀၁ ခုနှစ်က လျှော်ကြေးငွေတွေ
လာပေးတော့မှ သိရတယ်၊ တိတိကျကျ ဘယ်နေရာကနေဘယ်နေရာထိ သိမ်းသွားတယ်ဆိုတာကို
မသိရပါဘူး၊ သိမ်းမယ်ဆိုပြီးတော့ လာရောက်ညှိနှိုင်း
ဆောင်ရွက်တာတွေလည်းမရှိခဲ့ဘူး၊ သူတို့ဟာသူတို့သိမ်းချင်သလိုသိမ်းပြီး တော့
လျှော်
ကြေးငွေ လာပေးတော့မှသိရတာပါ၊ လျှော်ကြေးငွေဆိုတာကလည်း
မြေခွန်တော်ရဲ့(၁၀)ဆငွေကိုပဲ ရခဲ့ ပါတယ်၊ မြေကြီးတန်ဖိုးဘာမျှ မရာခဲ့ပါဘူး"
ဟုပုန်းညှက်ကျေးရွာမှ ကိုအောင်ကျော်စိုးကပြောသည်။
၂၀၀၁ ခုနှစ်၊ အောက်တိုဘာ(၇)ရက်နေ့က မယကဥက္ကဌ ဦးတင့်အောင်နှင့်အဖွဲ့က
နှစ်ရှည်သီးပင်နှင့် ရာသီသီးနှံ စိုက်ပျိုးမြေဖြစ်သည့် စပါး၊ ပဲအတွက
်လျှော်ကြေးငွေ ပေးအပ်ရာ တွင် ရှောက်ကုန်း အုပ်စုရှိ
(၇၇.၁၉) ဧကကို
လုပ်ကိုင်သူ(၄၉)ဦးမှာ နှစ်ရှည် သီးပင်အတွက် (၆၃၃၆၁၉ိ/-)ကျပ်၊
ရာသီ သီးနှံအတွက်
(၁၀၈၀၀၀ိ/-) ကျပ်၊ စေတီကွင်းအုပ်စုတွင် (၃၂.၃၈)ဧကအား
လုပ်ကိုင်သူ(၂၂)ဦးမှာ နှစ်ရှည်သီးပင်အတွက် (၇၀၆၆၀ိ/-)ကျပ်၊
ရာသီသီးနှံအတွက်(၂၀၀၀၃၀ိ/-)ကျပ်၊ သဲကုန်းအုပ်စုတွင် (၂၆.၂၃)ဧကအား
လုပ်ကိုင် သူ(၃၀)ဦးမှာ နှစ်ရှည် သီးပင်အတွက်(၁၄၄၉၈၅ိ/-)ကျပ်၊
ရာသီသီးနှံအတွက်(၁၈၇၈၃၅ိ/-)ကျပ်၊ ပုန်းညှက် အုပ်စုတွင် (၃၁.၂၅)ဧက အတွက်
လုပ်ကိုင်သူ(၅၆)ဦးမှာ နှစ်ရှည်သီးပင်အတွက် (၃၆၀၄၄၈ိ/-)ကျပ်၊
ရာသီ သီးနှံအတွက် (၁၄၇၀၃ိ/-) ကျပ်၊ ကျိန္တလီတွင် (၁၅.၃၀)ဧကအတွက်
လုပ်ကိုင်သူ(၄) ဦးမှာ နှစ် ရှည်သီးပင်အတွက် (၁၀၈၁၄ိ/-)ကျပ်
လျှော်ကြေးငွေအဖြစ် ရရှိခဲ့ကြောင်းသိရသည်။
၂၀၀၁ နှစ် လျှော်ကြေးငွေပေးပြီးနောက်ပိုင်းတွင် မြေယာအသိမ်းခံရသူများမှာ စစ်တပ်အား အခကြေး ငွေ
ပေး၍ လုပ်ဆောင်ခဲ့ရကြောင်းသိရသည်။
"ကျနော်တို့မြေတွေကို စစ်တပ်ကသိမ်းပြီးနောက်ပိုင်းမှာ လယ်တစ်ဧကကို
စပါးသုံးတင်းက (၅)တင်းအထိ၊ ပဲစိုက်လျှင်လည်း တကွက်ကို(၆၀၀၀)၊ (၈၀၀၀)၊
အုန်းတစ်ပင်ကိုအသီး(၂)လုံး၊ သုံးလုံးဆိုသလို ၂၀၀၁ ကနေ ၂၀၁၀ ထိ
အခွန်းတွေပေးဆောင်ခဲ့ရပါတယ်။" ဟုဦးမြင့်လွှင်ကပြောသည်။
၂၀၀၁ နှစ်၊ ခလရ(၅၅)က သိမ်းယူရာတွင် လယ်မြေများ၊ ဥယျာဉ်ခြံမြေများ၊
နွားစားကျက်မြေများ အပါအ၀င် ကျေးရွာများလည်းပါဝင်ခဲ့ရာ ပုန်းညက်ကျေးရွာတွင်
အိမ်းခြေ(၄၀)ခန့်ပါဝင်ပြီး၊ အိမ်ခြေသုံးဆယ် ခန့်ရှိသော
ညောင်ပင်သာရွာသူ၊ရွာသားများမှာ အခွန်အခပေးဆောင်ရခြင်းကြောင့်
အဂိုမူလနေရာတွင် မနေနိုင်တော့ဘဲ ပြောင်းရွှေ့သွားခဲ့ရာ
ရွာပျက်စီးသွားခဲ့ကြောင်းသိရသည်။
လယ်မြေသိမ်းဆည်းခံထားရသော ဒေသခံရွာသူ/ရွာသားများမှာ
မိမိတို့ဘိုးဘွားပိုင်မြေ ပြန် လည် ရရှိရန် အတွက် စစ်အစိုးရလက်ထက်က
မကြိုးစားရဲခဲ့ကြသော်လည်း အရပ်သားအစိုးရ တက်လာသောအခါ (၂၆၊ ၈၊ ၂၀၁၁)က
ပြည်နယ်လွှတ်တော်ဥက္ကဌသို့တင်ပြရာ လွှတ်တော်ဥက္ကဌ ဦးထိန်လင်း
ကိုယ်တိုင်လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော် နာယကဦးခင်အောင်မြင့်က ဦးတင်ထွဋ်ဦးဆောင်သည့်
စုံစမ်းရေးကော်မရှင်ကို သြဂုတ်လ(၈)ရက်နေ့၌ အမျိုးသားလွှတ်တော်နှင့်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၆၀)ဖြင့် ဖွဲ့စည်း ခဲ့ပြီး နောက်
ဂွမြို့နယ်တွင် ခလရ(၅၅)မှသိမ်းယူထားသည့် ဧက(၇၀၀)ကျော် အား
ပြန်လည်ရရှိနိုင်ရန် လယ်ယာနှင့် ဥယျာဉ်ခြံမြေသိမ်းဆည်းခံထားသူ(၁၀၀)ကျော်မှ
လက်မှတ်ရေးထိုကာ စက်တင်ဘာ (၄) ရက်နေ့က ကော်မရှင် ထံသို့
တင်ပြထားကြောင်းသိရသည်။
ဗိုလ်မှူးကြီးစောရွှေ၊ ဒေါက်တာအေးမောင်၊ ဦးဘရှိန်၊ ဦးဖေသန်းနှင့်
ဦးအုန်းတင်တို့်ပါဝင်သော ရခိုင်နှင့် ချင်းပြည်နယ် စုံစမ်းစစ်ဆေးရေး
အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်းတွင်(၁)မှု၊
မင်းပြားတွင် (၃)မှု၊ မြေပုံတွင်(၁)မှု၊ ကျောက်ဖြူတွင်(၃)မှု၊ ဘူးသီး
တောင်(၁)မှု၊ မောင်တော(၂)မှု၊ သံတွဲ(၂)မှု အစုစုပေါင်း(၁၃)မှုကို လွန်ခဲ့သည့်
စက်တင်ဘာလက စတင်စစ်ဆေးခဲ့သည်။
ကော်မရှင်အနေဖြင့် လယ်ယာမြေသိမ်းဆည်းခြင်းအပေါ် တည်ဆဲဥပဒေ၊
စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်ခြင်း ရှိ/မရှိ၊ စီမံကိန်း၏
မူလရည်မှန်းချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ၊
သိမ်းဆည်းစဉ်က တောင်သူလယ်သမားနှင့် အပြန်အလှန် ပွင့်လင်းမြင်သာစွာ
ညှိနှိုင်းဆွေးနွေးမှု ရှိ/ မရှိ၊ လျော်ကြေးငွေသည် ကာလတန်ဖိုးနှင့်ညီညွတ်မှု
ရှိ/မရှိ၊ မြေယာသိမ်းဆည်းခြင်း အငြင်းပွားမှုများ စိစစ် ဆောင်ရွက်ရာတွင်
၁၉၈၉ မှ ယနေ့အထိကိစ္စရပ်များကိုသာ စုံစမ်းဖော်ထုတ်ရန်၊ ၁၉၈၉ နောက်ပိုင်း
မြေယာ သိမ်းဆည်းမှုများတွင် စီမံကိန်းပြီးပြတ်မှုမရှိဘဲ ဆက်လက်ဆောင်ရွက်နေဆဲ
လုပ်ငန်းများနှင့် မူလနိုင်ငံတော် စီမံကိန်း လုပ်ငန်းများတွင်
အောင်မြင်ပြီးပြတ်ပြီးဖြစ်သည့် ကိစ္စရပ်များအတွက် စိစစ် ဆောင်
ရွက်ခြင်းမပြုရန် သတ်မှတ်ထားကြောင်း သိရသည်။
ကော်မရှင်၏ လုပ်ပိုင်ခွင့်များမှာ ပြည်နယ်နှင့်တိုင်းဒေသကြီး
အစိုးရများထံမှ မြေယာသိမ်းဆည်းခြင်းဆိုင်ရာ စာရင်းဇယား အထောက်အထားများကို
ညှိနှိုင်းတောင်းခံရယူရန်၊ မြေယာသိမ်းဆည်းရာတွင် ၀န်ကြီးဌာန၊
ဦးစီးဌာနများမှဆာင်ရွက်ခြင်းဖြစ်ခဲ့ပါက ၎င်းတို့ထံမှ စာရင်းဇယား
အထောက်အထားများကိုညှိနှိုင်း တောင်း
ခံ ရယူရယူရမည်ဖြစ်သည်။
သတင်းရင်းမြစ်း Arakan Times
သတင်းရင်းမြစ်း Arakan Times
No comments:
Post a Comment