အမှတ် ၇ဝ၁ စစ်ဒေသ အခြေစိုက်ရာ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မန့်ဟျိုး (မန်ဟီးရိုး)မြို့နယ်ခွဲ အတွင်း ရှိ နောင်မ ကျေးရွာ၌ အဆိုပါဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။
၎င်းဆွေးနွေးပွဲသို့ နမ့်ခမ်းမြို့နယ် အပါအဝင် မိုင်းဝီးနှင့် မန့်ဟျိုးမြို့နယ်ခွဲများ အတွင်းရှိ ကျေးရွာဥက္ကဋ္ဌဌများ ၊ သံဃာတော် များ ရာချီ တက်ရောက်ခဲ့ပြီး အမှတ် ၇၀၁ တပ်ရင်းမှ အရာရှိများနှင့် ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ခန့်မှ ညနေပိုင်းအထိ ၅ နာရီကြာခန့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းအမှတ် ၇ဝ၁ စစ်ဒေသ အသိုင်းအဝိုင်း ကသျှမ်းသံတော် ဆင့်သို့ ပြောသည်။
“ငြိမ်းချမ်းရေးကိစ္စ မူးယစ်ဆေးဝါးကိစ္စတွေနဲ့ပတ်သက်လို့ ဒေသခံပြည်သူလူထုကို ဖိတ်ခေါ်ပြီး အစည်း အဝေး လုပ် တာပေါ့နော်၊ တစ်ရွာကို အနည်းဆုံး ၂ ယောက်ဖိတ်ကြားပါတယ်၊ သံဃာတော်တွေ ကို လည်းဖိတ်တယ် အားလုံး ဆို ရာချီပြီး တက် ရောက်ပါတယ်” - ဟု အမှတ် ၇ဝ၁ တပ်ရင်း အသိုင်း အဝိုင်း က ပြောသည်။
ငြိမ်းချမ်းရေးကိစ္စ အပေါ် ဒေသခံများမှ သဘောထားအမြင်များ တင်ပြခဲ့ပြီး အထူးသဖြင့် ဒေသတွင်း မူးယစ်

ဆေးဝါး ထူ ပြောနေခြင်း၊ အခွန်ငွေကောက်ခံခြင်းကိစ္စများနှင့် ပတ်သက်၍လည်း အကျယ်တဝင့် ဆွေးနွေး တင်ပြကြကြောင်း သိရသည်။
၎င်းဆွေးနွေးပွဲ အပြီး နောက်တစ်နေ့တွင် အမှတ် ၇ဝ၁ စစ်ဒေသ မှ မန့်ဟျိုးမြို့နယ်ခွဲအတွင်းရှိ တာကြန့် ကျေး ရွာ၌ မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းမှု ပြုလုပ်ခဲ့ရာ ၄င်းရွာ၌ မူးယစ်ဆေးသုံး စွဲ ရောင်းဝယ် ဖေါက်ကားသူ ၁၀ဝ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသည်။

သတင်းရင်းမြစ်
း သျှမ်းသံတော်ဆင့်
No comments:
Post a Comment