Wednesday, August 29, 2012

ခွင့်ပြုမိန့်မရ ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြမှု ဆက်လက်ကြားနာ

Photobucket

သမ္မတကြီး ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ပြောကြားချက်အား ထောက်
ခံ၍ ရန်ကုန်မြို့၊ ပြည်လမ်းရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့တွင်
 သြဂုတ်လ ၃ ရက်နေ့ နေ့လည် ၁ နာရီက လူငယ်တစု ဆန္ဒထုပ်ဖေါ်ကြစဉ်။


 ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်စ် ကွင်တားနား သြဂုတ်လဆန်း
 ပိုင်းက မြန်မာနိုင်ငံသို့ လာရောက်စဉ် ရိုဟင်ဂျာ ဆန့်ကျင်ရေး ဆန္ဒပြမှု ဦးဆောင်ခဲ့သူများ
အား တရားစွဲဆိုထားသည့်အမှုကို စမ်းချောင်းမြို့နယ် တရားရုံးက အင်္ဂါနေ့တွင် ကြားနာ
ခဲ့သည်။


ခွင့်ပြုမိန့် မရှိဘဲ ဆန္ဒပြမှုဖြင့် ဦးအောင်နိုင်ထွန်း၊ ဦးဝင်းမြင့်အောင် (ခ) ဦးဝင်းခန့်၊
 ဦးမျိုးမင်းစိုးနှင့် ဦးသူရထွန်းတို့ကို စမ်းချောင်းမြို့နယ် ရဲစခန်းမှူး ဒု-ရဲအုပ် မြအောင်က
 တရားလိုပြုလုပ်၍ တရားစွဲဆိုထားသော အမှု ဖြစ်သည်။

“ရုံးချိန်းမှာ တရားလိုပြ သက်သေတွေကိုပဲ စစ်ဆေးပါသေးတယ်” ဟု ဦးအောင်နိုင်ထွန်း
က မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင် စတင်ကြားနာခဲ့သော အဆိုပါအမှုကို စက်တင်္ဘာလ ၇
 ရက်နေ့တွင် ထပ်မံကြားနာရန် တရားရုံးတော်က ချိန်းဆိုလိုက်ပြီး ထိုနေ့တွင် စွဲဆိုခံ
ထားရသော တရားပြိုင်များကို ပထမဆုံး စစ်ဆေးကြားနာမှာဖြစ်သည်။


ဆန္ဒပြလိုသူများက ဇူလိုင်လ ၃၁ ရက်နေ့တွင် စမ်းချောင်းမြို့နယ် ရဲစခန်းသို့ ဆန္ဒပြခွင့်
 တောင်းခံခဲ့ရာ ခွင့်မပြုခြင်းကြောင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ ထပ်မံ လျှောက်ထားခဲ့
သော်လည်း ပယ်ချခံခဲ့ရသည်။

ထိုသို့ ခွင့်ပြုမိန့် မရရှိခဲ့သော်လည်း သြဂုတ်လ ၃ ရက်နေ့က ကုလသမဂ္ဂ ဒုက္ခသည်များ
ဆိုင်ရာ မဟာမင်းကြီး (UNHCR) ရန်ကုန်ရုံးရှေ့တွင် လူအယောက် ၂ဝ ခန့် ပါဝင်သော
ဆန္ဒပြသူများက ရခိုင် ပြည်နယ်တွင်း ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများနှင့် ပတ်
သက်၍ “ရိုဟင်ဂျာ အလိုမရှိ”၊ “နိုင်ငံတကာ မီဒီယာများ၏ တဘက်သတ် ရေးသားမှု
များကို ဆန့်ကျင်တယ်” ဟူသည့် အသုံးအနှုန်းများကို အသုံးပြု၍ ဆန္ဒထုတ်ဖေါ်ခဲ့သည်
ဟုလည်း ဦးအောင်နိုင်ထွန်း က ပြောသည်။  

“ကျနော်တို့အနေနဲ့လည်း ကျနော်တို့ရဲ့ ဆန္ဒတွေကို ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ
 ကွင်တားနား ရှိတုန်းဖော်ထုတ်တာက အဝေးမှာရှိတုန်း အော်တာထက် ထိရောက်တယ်
ဆိုပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ” ဟု ပြောသည်။

ဆန္ဒပြသူများသည် ‘Get Out Rohingya’ စာတန်းပါ အဖြူရောင် အင်္ကျီများကို ဆင်တူ
ဝတ်ထားကြပြီး “ရိုဟင်ဂျာ အရေးအား ပြတ်သား ရဲရင့်စွာ ပြောကြားခဲ့သော သမ္မတကြီး
 ဦးသိန်းစိန်၏ သဘောထားအား တခဲနက်ထောက်ခံပါ သည်” ဟူသည့် ဦးသိန်းစိန် ဓါတ်ပုံ
ပူးတွဲပါ စာတန်းကို ကိုင်ဆောင်ကာ ကြွေးကြော်သံများ၊ နိုင်ငံတော်သီးချင်း သီဆို တိုင်
တည်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်ဟု မဇ္ဈိမက သတင်းရေးသားခဲ့ဖူးသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေတွင် ခွင့်ပြုမိန့် မရရှိဘဲ
 ဆန္ဒဖော်ထုတ်ပါက တနှစ် ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင် သည်ဟု ပြဋ္ဌာန်းထားသည်။

 သတင်းရင်းမြစ်    မဇ္ဈိမ     

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ