
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ
စောင့်ကြည့်လေ့လာရေး ကွန်ယက်က သြဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်တဲ့
အစီရင်ခံစာနဲပတ်သက်လို့ အဲဒီနေ့မှာပဲ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ ကျင်းပပြုလုပ်ခဲ့တဲ့
ကြားဖြတ်ရွေးကောက်ပွဲမှာ စုံစမ်း
ပြုစုထားတဲ့ ဒီအစီရင်ခံစာ နဲ့ ပတ်သက်ပြီး
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်
ကိုကိုကြီးက ရှင်းပြပြောဆိုခဲ့သလို
တဆက်တည်းမှာလည်း အစီရင်ခံစာ အပြီး
သတ်အချောကို အခုမှထုတ်ပြန်ဖြစ်တဲ့
အကြောင်းအရင်း ကိုလည်း သူကဆက်ပြီး ရှင်းပြခဲ့ပါတယ်။ဒီအစီရင်ခံစာထဲမှာ
ကြားဖြတ်ရွေးကောက်ပွဲအတွင်း ဝင်ရောက်
ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်
ကိုယ်စားလှယ်တွေ ရဲ့ ပြောဆိုချက်တွေ မဲဆန္ဒရှင်
ပြည်သူတွေ ရဲ့ ပြောဆိုချက်တွေ
ကိုထည့်သွင်း ဖော်ပြထား သလို ရွေးကောက်ပွဲ
ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ
စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်လို့ ရှင်းလင်း
ဖော်ပြရာမှာ နယ်စပ်ဒေသ
မဲဆန္ဒရှင်ပြည်သူတွေ ရှင်းရှင်း လင်းလင်း သိရှိစေဖို့
သူတို့ရဲ့
တိုင်းရင်းသားဘာသာတွေနဲ့ ရှင်းလင်း ဖော်ပြပေးဖို့ အထူးလိုအပ်ကြောင်း
ထည့်သွင်း ထားတယ်လို့သိရပါတယ်။
သတင်းရင်းမြစ်
း BurmaVJ
No comments:
Post a Comment