Wednesday, August 29, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းအတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထား

Photobucket
  နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက လွှတ်တော်  အသီးသီးမှ ဖွဲ့စည်း
ထားသော ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့်အဖြစ် ထည့်
သွင်းအဓိပ္ပါယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံ   ဥပဒေပါ   ပြဋ္ဌဌာန်းချက်များနှင့်

 ညီညွတ်ခြင်းမရှိကြောင်း အနက်အဓိပ္ပါယ် ဖွင့်ဆို ဆုံးဖြတ်ခဲ့သည်။   ယင်း  ဆုံးဖြတ်
ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခုံရုံး၏   အဆုံး
အဖြတ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့်    ခုံရုံး  ဥပဒေပုဒ်မ ၂၃ တို့အရ အပြီးအပြတ်အတည်ဖြစ်သည်။ ထို့ပြင် ခုံရုံးဥပဒေပုဒ်မ ၂၅    အရ ခုံရုံး၏  ဆုံးဖြတ်
ချက်များသည် သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂိုလ်များသို့လည်းကောင်း၊ သက်ဆိုင်ရာ
နေရာဒေသ အသီးသီးသို့ လည်းကောင်း အာဏာသက်ရောက်စေရမည်ဟု ပြဋ္ဌဌာန်း
ထားသည်။

   လွှတ်တော်များအနေဖြင့်ယင်းဆုံးဖြတ်ချက်ကို လိုက်နာခြင်းမရှိသည့်အပြင် ဖွဲ့စည်း
ပုံ အခြေခံ ဥပဒေကို ချိုးဖောက်သည့်ဆောင်ရွက်ချက်များပြုလုပ်ခြင်း၊ ခုံရုံးဥက္ကဋ္ဌဌနှင့်
အဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်းအဆို တင်သွင်းဆုံးဖြတ်ခြင်းတို့ကို ဆောင်
ရွက်ခဲ့သဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ပြည်ထောင်စုတရား
လွှတ်တော်ချုပ်သို့ စာချွန်တော်လျှောက်ထားကြောင်း သတင်းရရှိသည်။

 သတင်းရင်းမြစ်    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဝက်ဘ်ဆိုဒ်            

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ