၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်က ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲ၌ ပြည်ထောင်စု
ဝန်ကြီး ဦးအောင်မင်း (ယာစွန်)၊ KNU
ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်စီဖိုးရာစိ
(အလယ်)နှင့် နော်မေဦး
(ဝဲ)တို့ကိုတွေ့ရစဉ်။
တတိယအကြိမ်မြောက် အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်မှုတွေ
ဆွေးနွေးဖို့အတွက် KNU ကရင်အမျိုးသား အစည်းအရုံး နဲ့ မြန်မာအစိုးရတို့ ညှိနှိုင်းပြီး ဆွေးနွေးမဲ့ရက် ပြန်လည်သတ်မှတ် အတည်ပြုလိုက်ကြောင်း သိရ
ပါတယ်။
ကရင်ပြည်နယ် ဖားအံမြို့မှာ လာမဲ့ သီတင်းပတ်အတွင်း
တွေ့ဆုံမှာဖြစ်ကြောင်း
နဲ့ KNU အဖွဲ့အနေနဲ့  ပြည်သူ လူထုအတွက် အာမခံချက်ရှိတဲ့ လုံခြုံမှု ရရှိရေး အဓိကထား ဆွေးနွေးမှာ ဖြစ်ကြောင်း KNU အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက
RFA ကို ပြောပါတယ်။
တို့ ကရင်ပြည်နယ် ဖားအံမြို့မှာ အခုသီတင်းပတ် သြဂုတ်လ (၂၇) ရက်ကနေ (၂၉)
ရက်နေ့ထိ (၃) ရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ အရင်က စီစဉ်ထားခဲ့ရာက အစိုးရဘက်
က အကြောင်းပြချက် တစုံတရာ ပေးခြင်းမရှိဘဲ သြဂုတ်လ ၂၅ ရက်နေ့က ရက်ရွှေ့
ဆိုင်းကြောင်း ကြေညာခဲ့ပြီးနောက် တွေ့ဆုံမဲ့ရက်ကို ပြန်လည် ညှိနှိုင်း သတ်မှတ်ခဲ့
တာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်း RFA

"ကျွန်မတို့ ဖားအံမှာ ဆွေးနွေးဖို့နဲ့
ဒီဖားအံမြို့ စက်တင်ဘာလ ၁ ရက်နေ့ကို
ကျွန်မတို့ ထွက်မှာဖြစ်တယ်။ ပြီးတော့ ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ ကျွန်မတို့
အစည်းအဝေးလုပ်မယ်။ အဓိကကတော့ ဒီပြည်သူ လူထုဘဝ လုံခြုံမှုကို
အာမခံနိုင်ဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်မတို့ အချက်နှစ်ချက် ဆွေးနွေး
ဖို့ ရှိတယ်။ ပထမတစ်ချက်က နှစ်ဦးနှစ်ဖက် လိုက်နာရမဲ့ ဒီကျင့်ဝတ် စည်းကမ်း
များ၊ အပစ်အခတ်ရပ်စဲနဲ့ ပတ်သက်တဲ့ စည်းကမ်းပေါ့နော်။ ဒုတိယတစ်ချက်က တပ်နေရာ ရွှေ့ပြောင်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်"
KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး
ဖော်ဆောင်မှုအဖွဲ့ကျွန်မတို့ ထွက်မှာဖြစ်တယ်။ ပြီးတော့ ၃ ရက်နေ့နဲ့ ၄ ရက်နေ့မှာ ကျွန်မတို့
အစည်းအဝေးလုပ်မယ်။ အဓိကကတော့ ဒီပြည်သူ လူထုဘဝ လုံခြုံမှုကို
အာမခံနိုင်ဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်မတို့ အချက်နှစ်ချက် ဆွေးနွေး
ဖို့ ရှိတယ်။ ပထမတစ်ချက်က နှစ်ဦးနှစ်ဖက် လိုက်နာရမဲ့ ဒီကျင့်ဝတ် စည်းကမ်း
များ၊ အပစ်အခတ်ရပ်စဲနဲ့ ပတ်သက်တဲ့ စည်းကမ်းပေါ့နော်။ ဒုတိယတစ်ချက်က တပ်နေရာ ရွှေ့ပြောင်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်"
တို့ ကရင်ပြည်နယ် ဖားအံမြို့မှာ အခုသီတင်းပတ် သြဂုတ်လ (၂၇) ရက်ကနေ (၂၉)
ရက်နေ့ထိ (၃) ရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ အရင်က စီစဉ်ထားခဲ့ရာက အစိုးရဘက်
က အကြောင်းပြချက် တစုံတရာ ပေးခြင်းမရှိဘဲ သြဂုတ်လ ၂၅ ရက်နေ့က ရက်ရွှေ့
ဆိုင်းကြောင်း ကြေညာခဲ့ပြီးနောက် တွေ့ဆုံမဲ့ရက်ကို ပြန်လည် ညှိနှိုင်း သတ်မှတ်ခဲ့
တာ ဖြစ်ပါတယ်။
သတင်းရင်းမြစ်း RFA
No comments:
Post a Comment