
မကြာမီ လွှတ်တော်တင်ရန် ရှိသည်ဆိုသည့် ပုံနှိပ်ဥပဒေသည် မီဒီယာ လောကကို
ကာကွယ်ပေးသည့် ဥပဒေသာဖြစ်သင့်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကိုနီက
ပြောသည်။
''နောက်မှပြဋ္ဌာန်းတဲ့ မီဒီယာ ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ
တရားဥပဒေနဲ့ မဆန့် ကျင်ဘူးဆိုရင် လွတ်လပ်စွာ ဟောပြောရေးသား ဖြန့်ဝေခွင့်ကို
ကန့်သတ် လို့မရ3zuO[ռ[wစီစနစ် ဖော် ဆောင်ရာမှာ စတုတ္ထမဏ္ဍိုင်ကို ကာ
ကွယ်ပေးတဲ့မီဒီယာဥပဒေကို ပြဋ္ဌာန်း ပေးဖို့လိုအပ်တယ်''ဟု ၄င်းက ပြော သည်။
ဆက်၍ ၄င်းက မီဒီယာသမား များ မဟုတ်မမှန်ရေးလျှင် အရေးယူနိုင်8Nϯ_Kwdiv class="text_exposed_show"> များမှာ ရှိပြီးသား ဖြစ်ပြီး ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ နှင့် ထုတ်ဝေသူများ ဥပဒေ၊ ၄င်း
ဥပဒေမတိုင်ခင်ကပင် ကျင့်ဝတ်ဆိုင် ရာ ဥပဒေပုဒ်မ ၁၂၄
(က) အစိုးရကို အကြည်
ညိုပျက်အောင်ရေးသား လှုံ့ဆော်ခြင်းမျိုးလုပ်လျှင်
အရေးယူ နိုင်မည့်ဥပဒေတို့
သည်လွတ်လပ်ရေး ရပြီးဆက်သုံးလျက်ပင် ရှိနေကြောင်း ပြောသည်။
ထို့အပြင် Defamation ပုဒ်မ ၅ဝဝ အသရေဖျက်မှု သူတစ်ပါးကို မဟုတ်မမှန်
နစ်နာအောင် ရေးခဲ့လျှင် တရားစွဲနိုင်ကြောင်း၊ ရာဇ သတ်ကြီးတွင်လည်း ၅ဝ၅(ခ)
အရ
ဆူပူအောင် ပြဿနာပေါ်ပေါက် အောင် ဖန်တီးရေးသား လှုံ့ဆော် သည့်
အရေးအသားမျိုးရေးလျှင် ၁၉၅ဝ အရေးပေါ်စီမံမှုဥပဒေ၊ ၅ဝ၅ (ခ)
ပြစ်ဒဏ်မှာ
နည်း၍ ၄င်းအနှစ် သာရ အတိုင်း ပြစ်ဒဏ်ကို တိုးထားသည့် ၅(ဇ)၊
(ဈ)နှစ်ခုသည်
လည်း မီဒီယာသမားများကို အရေးယူနိုင် သည့်
ဥပဒေများပင်ဖြစ်ကြောင်း ပြောသည်။
''နောက် သတင်းပေးတဲ့သူ Informer ကို ကာကွယ်ဖို့က ကျွန်တော်တို့ တရားရေး
မှာ ဥပဒေ ပြဋ္ဌာန်းထားတာ ရှိတယ်။ Informer
ကို ရှေ့နေ၊ တရားသူကြီး တို့က မမေးရဘူး။ မေးရင်လည်း ဖြေစရာမလိုဘူး။
မီဒီယာမှာတော့ စီရင်ထုံးပဲရှိတယ်။
Voice နဲ့ သတ္တုတွင်းအမှုမှာ စီရင်ထုံးဟာ
စိတ်မချ ရဘူး။ ဥပဒေစာသားအဖြစ်
ရေး ဆွဲဖို့လိုတယ်''ဟု ၄င်းက ထောက် ပြသည်။
ပြည်သူလူထုအား သတင်းအချက်အလက်များ မှန်မှန်ကန်ကန် ချပြနိုင်ရေးနှင့်
အာဏာကြီးသုံးရပ် ကို ထိန်းကျောင်းပေးနိုင်ရန် အတွက် မီဒီယာလောကကို
ကာကွယ်ပေး ရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။
Yangon Media Group CEO ဦးကိုကို(ကိုကို-စက်မှုတက္က သိုလ်)က '' Freedom
of Press ကို ဥပဒေနဲ့အညီ
လွတ်လပ်စွာ သတင်းယူခွင့်ပြုတာ ရုတ်တရက် ကြည့်
လိုက်ရင်တော့ အားရစရာပဲ။
ဒါပေမဲ့ ဥပဒေက ဘယ်လောက်ေ ကာင်းသလဲ။
လွှတ်တော်မှာ တောင်ပြန်ပြင်ရမယ့် ဥပဒေတွေ
အတော်များများရှိတယ်။ Electronic
ဥပဒေဟာလိုမျိုး။ Computer ဟာ လိုမျိုး
တော်တော် ဆိုးတယ် ။ Fax ထိုးရင်တောင်
ပြ ဿနာရှိတယ်''ဟု ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် မီဒီယာ လောကတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုကို Law ဖြင့် ခွင့်ပြုပါက နိုင်ငံခြားပိုင်ဆိုင်မှု ၁ဝဝ ရာခိုင်နှုန်း ရရှိသွားနိုင်ကြောင်း၊ အာဆီယံ နိုင်ငံ
များတွင် ကမ္ဘောဒီးယားနိုင်ငံကသီာဒီယာလောကတွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု
ကို ရာနှုန်းပြည့်
ခွင့်ပြုထား ကြောင်း ဦးကိုကိုက ဆက်ပြော သည်။
သတင်းစာ ပညာရပ်ကို သင် ကြားပေးနေသူ ဆရာ ဦးရဲနိုင်မိုး က ''မီဒီယာ
ဥပဒေဟာစာနယ်ဇင်း လောကကို
ပိုမို လွတ်လပ်ခွင့်ပေးဖို့နဲ့ အသိ အမှတ်ပြုဖို့ ရည်ရွယ်ချက်နဲ့
ရေးဆွဲတယ်လို့ သိရပါတယ်။ ၁၉၈၈ အာဏာ သိမ်းအပြီးမှာ
တပ်မတော် အစိုးရက
အဲဒီအချိန်တုန်းက ပြောခဲ့ တာ ရှိပါတယ်။
''တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ''
လို့ နဂိုကတည်းက ရည်ရွယ်ချက်ရှိ
တယ်။ အဲဒါကိုလည်း စကားလုံးနဲ့
ပုံနှိပ်ဖော်ပြတယ်။ အခု လူ့အဖွဲ့ အစည်းက
ဒီမိုကရေစီလူ့ဘောင်ကို သွားမယ်လို့
ပြောပါတယ်။ မီဒီယာ ဥပဒေထဲမှာ ရည်ရွယ်
ချက်ကို စာသားအဖြစ်နဲ့ သေသေချာချာ
ဖော်ပြစေလိုပါတယ်''ဟု ပြော သည်။
ပဋိပက္ခဖြစ်သော ဒေသများ တွင် ရှိနေပိုင်ခွင့်နှင့် အစိုးရမှ မတရား အသင်း ကြေညာ
ထားသော အဖွဲ့ အစည်းများအား
ဆက်သွယ်၍ သတင်းရေးသား ပိုင်ခွင့်များကို ဥပဒေ အဖြစ်ပြဋ္ဌာန်းပေးသင့်ကြောင်း
ဦးရဲ နိုင်မိုးက တင်ပြသည်။
မကြာခင် လွှတ်တော်၌ တင် ပြမည် ဆိုသည့်ပုံနှိပ်ဥပဒေသည် မြန်မာနိုင်ငံ တွ3wO[~?Եwv class="text_exposed_show"> ပုံနှိပ်သူများ နှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့် နည်းဥပဒေ ထုတ်ပြန်ချက် များပြီး
လျှင်
ပထမဆုံး ပေါ်လာ နိုင်သည့် ပုံနှိပ်ဥပဒေတစ်ခု ဖြစ်သည်။ ၄င်း ပုံနှိပ် ဥပဒေမူကြမ်း
ကို ပြန်ကြားရေးမှ ရေးဆွဲခြဲ့ခင်း ဖြစ်သည်။
သတင်းရင်းမြစ်း Popular Myanmar News
သတင်းရင်းမြစ်း Popular Myanmar News
No comments:
Post a Comment