
ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သော မတည်ငြိမ်မှုများနှင့် လုံခြုံရေးစိတ်မချရမှုကြောင့်
ပြန်လာရန်ကြန့်ကြာခဲ့သောကျောက်ဖြူမြို့နယ်မှ မြေပုံမြို့နယ်သို့သွားရောက်ခဲ့သည့်
အစ္စလာမ်ဘာသာဝင်တရားထိုင်သူများကို ဌာနဆိုင်ရာများအကူညီဖြင့် ယခုလ ၂၆ ရက်ကနေရပ်သို့ ပြန်ရောက်လာပြီဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။
မြေပုံသင်္ဘောဆိပ်တွင် ရဲနှင့် ဌာနဆိုင်ရာအချို့ကလိုက်လံပို့ဆောင်ခဲ့ပြီး သင်္ဘော
ခရီးစဉ်တစ်လျှောက်လုံးအဆင်ပြေကြောင်းလည်း ၎င်းတို့ကပြောသည်။ လုံခြုံရေး ရဲဝန်ထမ်း ခြောက်ဦးနှင့်အတူ မလိခ အမြန်ရေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။
ရားထိုင်အဖွဲ့တွင်ပါဝင်သူတစ်ဦးက “မြေပုံ အုပ်ချုပ်ရေm?}Nί_Gwပ်အထိ
ထော်လာဂျီငှားပေးပါတယ်” ဟုပြောသည်။
ထို့ပြင် အကြောင်းအမျိုးမျိုးဖြင့် မြေပုံမြို့သို့ရောက်ရှိနေသော ကျောက်ဖြူမှ အခြား
မွတ်စလင် ၁၅ ယောက်လည်းပါလာကြောင်း ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။
ပဋိပက္ခများမဖြစ်မီက ပေါက်တော၊ မင်းပြား စသည့်မြို့များမှ မြေပုံမြို့သို့ရောက်ရှိ
နေပြီး နေရပ်ပြန်ရန် ခက်ခဲနေသည့် အခြား အစ္စလာမ်ဘာသာဝင်များရှိနေပြီး ၎င်း
တို့ကို သက်ဆိုင်ရာ အာဏာပိုင်များအစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်
ကြောင်း မြေပုံဒေသခံတစ်ဦးက ပြောသည်။ ။
No comments:
Post a Comment