Thursday, August 23, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ 
ရက်သတ္တနှစ်ပတ်အတွင်းမှာ ဒုတိယအကြိမ် အဖြစ် မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တယ်
လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဇော်ထွေးက ပြောပါတယ်။

RFA
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး  တို့ဟာ ဗုဒ္ဒဟူးနေ့     ညနေပိုင်းက 
 နေပြည်တော်မှာ တွေ့ဆုံခဲ့ကြကြောင်း ပြောပေမယ့်       ဘာတွေပြောဆို
 ဆွေးနွေးခဲ့သလဲဆိုတာ အသေးစိတ်တော့     ဗိုလ်မှူးကြီး    ဇော်ထွေးက 
မပြောပါဘူး။

အနှစ် ၅၀ လောက် စစ်အာဏာရှင်စံနစ်နဲ့    အုပ်ချုပ်လာခဲ့တဲ့  မြန်မာနိုင်ငံရဲ့
 ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ 
ဦးသိန်းစိန်ဟာ အဓိကကျတဲ့ သူတွေ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ စုစုပေါင်း ၃ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ကာ   နောက်ဆုံး တွေ့ဆုံ
ခဲ့တာ သြဂုတ်လ ၁၂ ရက်နေ့က ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဆွေးနွေးမှု 
 အသေးစိတ်ကို သတင်းထုတ်ပြန်ခြင်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ကိုယ်စားလှယ်တဦး&7w=O[o՝wည်သူ့
လွှတ်တော် အစည်းအဝေးတွေကို တက်ရောက်နေပြီး သြဂုတ်လ ၇ ရက်နေ့က 
ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လွှတ်တော်   တရားဥပဒေ   စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်း
 ရေးကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်နေပါတယ်။ 

သတင်းရင်းမြစ်    VOA    RFA 
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ