၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်က ရန်ကုန်မြို့
စီးတီးစတား ဟိုတယ်တွင် NDF
ပါတီက တောင်သူ လယ်သမားရေးရာ ကော်မတီ
ဆွေးနွေးပွဲတွင် ဒေါ်ဘောက်ဂျာ
(လူ့အခွင့်အရေးလှုပ်ရှားသူ)က
ဆွေးနွေးတင်ပြနေစဉ်။
မြန်မာနိုင်ငံ တ၀ှမ်းက လယ်မြေ သိမ်းယူခံထားရတဲ့ တောင်သူ
လယ်သမားများ
အတွက် နေပြည်တော် လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ မြေယာ ပြဿနာ
ဖြေရှင်းရေး
ကော်မရှင်ကို ကူညီတင်ပြပေးဖို့ NDF အမျိုးသားဒီမိုကရေစီ
အင်အားစု ပါတီဝင်
(၂၀၀)
နီးပါးလောက် ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်မှာ ဒီကနေ့ ဆွေးနွေးပွဲ
ကျင်းပ
ခဲ့ပါတယ်။
သိမ်းယူခံထားရပြီးနောက် အကောင်အထည် မဖော်နိုင်တဲ့ စီမံကိန်းတွေ၊
အခွင့်အရေး
ချိုးဖောက်ခံရမှုတွေ အားလုံးကို လွှတ်တော်မှာ တင်ပြနိုင်ဖို့
ဒီဆွေးနွေးပွဲ ကျင်းပရတာ
ဖြစ်တယ်လို့ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက
ဆွေးနွေးပွဲမှာ RFA ကို ပြောကြား
ခဲ့ပါတယ်။
"တပ်ရင်း တပ်ဖွဲ့တွေ၊ ကုမ္ပဏီတွေ၊
စက်ရုံတွေကနေပြီးတော့ကာ တကယ်တမ်း
သိမ်းထာ?8O
ကို ဖော်ထုတ်ပြီးတော့ ကော်မရှင်သိအောင်
ပြောကြားဖို့အတွက် ဒီနေ့ပွဲကို
ကျင်းပရခြင်း ဖြစ်ပါတယ်"
အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊
ဧရာဝတီတိုင်း၊ ကချင်
ပြည်နယ်စတဲ့ ပြည်နယ်နဲ့တိုင်း ဒေသအသီးသီးက NDF
ပါတီဝင်တွေ တက်ရောက်
ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ပြည်တွင်း ပြည်ပ
သတင်းမီဒီယာတွေလည်း သတင်းရယူခဲ့ကြ
ပါတယ်။
သတင်းရင်းမြစ်
း RFA
No comments:
Post a Comment