ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လကစပြီး
တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့
ကချင်ပြည်နယ် ဖားကန့် မြို့ နယ်မှာ အစိုးရ စစ်တပ်စစ်ကြောင်းတွေနဲ့ ကေအိုင်အေ
တို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးနေတဲ့ အတွက် စစ်ပြေးဒုက္ခသည်တွေ ဖါးကန့် 
မြို့ ပေါ်ကို ထွက်ပြေးလာတာ အခုဆိုရင် အနည်းဆုံး သုံးသောင်းကျော် ရှိပြီလို့ 
ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ NGO အဖွဲ့ဝင်တဦးက ပြောပါတယ်။
"ပြီးခဲ့တဲ့ စနေနေ့ကတည်းက ဖြစ်တာ။ မော်မောကုန်းကနေစပြီး ဖြစ်ခဲ့တာ။
အခု
ကျွန်မတို့ မြို့ပေါ်မှာ မနေ့ကတည်းက ဒုက္ခသည်တွေက ၃ သောင်းကျော် ရှိတယ်။
ဖြစ်တုံးပဲ။ ဒီနေ့လည်း မျောက်ဖြူမှာ ဖြစ်တယ်။ မနေ့ညကကျတော့ ရွာဟောင်းမှာ
ဖြစ်တယ်။ ဆိုင်းတောင်ရွာဟောင်းဆိုတဲ့နေရာမှာ။ နေ့တိုင်းကို ဖြစ်နေတာ။ ဖြစ်တဲ့
နေရာတွေကတော့ ၂ -၃ မိုင်ပဲ။ သိပ်တော့ မဝေးဘူး။ ဒါပေမဲ့ တောင်တွေဘာတွေ
တော့ ခံထားတာပေါ့။ အရှေ့ဘက်ကတော့ မဖြစ်ဘူး။ အနောက်မြောက်ဘက်မှာ
ဖြစ်တာ။"တိုက်ပွဲဖြစ်ပွားရာ နေရာက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ဖားကန့် 
မြို့ နယ်မှာ ပြည့်နှက်နေပြီး ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယန်ဘုရားကျောင်း
တွေမှာ နေရာချထားရာမှာ အခုအခါ နေစရာမရှိတော့ဘူးလို့လည်း ဆိုပါတယ်။
တိုက်ပွဲဖြ?zw_Yw်ပြေးလာရတဲ့ ရွာသူရွာသားတွေကတော့ စတော်ခ၊ အင်ပါး
လာခ၊ မျောက်ဖြူ၊ မရမ်၊ တောင်ပြို၊ မော်မောဘွန်၊ မော်ဝိုင်းကြီး၊ မော်ဝိုင်းလေး စတဲ့
ရွာတွေက ဖြစ်ပါတယ်၊ ဒုက္ခသည်တွေထဲမှာ သက်ကြီးရွယ်အိုများ၊ မွေးကင်းစ
ကလေးများနဲ့ မီးဖွားပြီးစ မိခင်တွေ ပါဝင်ပြီး ဒီကနေ့ မှာတော့ နာမကျန်းသူ စစ်ပြေး
ဒုက္ခသည် တစ်ဦး ဆုံးပါးသွားတယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်း RFA

No comments:
Post a Comment