
ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၆ နာရီတွင် UNFPA ကမ္ဘာ့ကုလသမဂ္ဂ
လူဦးရေ ရန်ပုံငွေအဖွဲ့၏ ညွှန်ချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ
ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်တို့ သည်
နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း
သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် အချက်(၃) ချက်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း
သိရသည်။ အဆိုပါ အချက်များမှာ - UNFPA ၏ ၂၀၁၂ မှ ၂၀၁၅ အထိ
၃ နှစ်ကြာဆောင်ရွက်မည့် စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်ကြောင်း
သိရသည်။
စီမံကိန်းတွင်ဆောင်ရွက်မည့် လုပ်ငန်းများ မှာ ကျေးလက်ဒေ သဖွံ့ဖြိုးရေးနှင့်
ဆင်းရဲ နွမ်းပါးမှု လျော့ချမှု စီမံချက် ၊ သားဖွားမိခင်နှင့်ကလေး ကျန်းမာရေး
စောင့်ရှောက် မှု တိုးမြှင့်ဆောင်ရွက်ရေးနှင့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးစီမံချက်တို့ ဖြစ်ကြောင်း သိရသည်။
သတင်းရင်းမြစ်း Yangon Media Group
No comments:
Post a Comment