![]() |
မူးယစ်ရာဇာ နော်ခမ်း |
မြန်မာဖက်က စစ်ဖက် အရာရှိတွေဟာ တရုတ်က ဖမ်းဆီးမိထားတဲ့
နော်ခမ်း
ကို ယူနန် ပြည်နယ်ကို လာရောက်ပြီး စစ်ဆေး မေးမြန်းတာတွေ လုပ်ခဲ့
တယ်လို့
တရုတ် အာဏာ ပိုင်တွေက မနေ့က ထုတ်ပြန်ပါတယ်။
ကို မြန်မာအပါအ၀င် အိမ်နီးချင်း နိုင်ငံအတော်များများက
အလိုရှိနေကြတာပါ။
သူ့အပါအ၀င် ဖမ်းမိထားသူတွေကို တရုတ်သင်္ဘောသားတွေကို
သတ်ဖြတ်မှုနဲ့
တရားစီရင်စစ်ဆေးတော့မယ်လို့လည်း တရုတ်အာဏာပိုင်တွေက
ပြောပါတယ်။
မဲခေါင်မြစ်အတွင်း မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှု လူသတ်မှုတွေနဲ့ စပ်လျဉ်း
မဲခေါင်မြစ်အတွင်း မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှု လူသတ်မှုတွေနဲ့ စပ်လျဉ်း
ပြီး မြန်မာ၊ တရုတ်၊ ထိုင်း၊ လော နိုင်ငံတို့က အလိုရှိနေတဲ့ မူးယစ်ရာဇာ နော်ခမ်းကို
မြန်မာအရာရှိတွေ တရုတ် ယူနန်ပြည်နယ်ကို သွားရောက်ပြီး စစ်ဆေးမေးမြန်းမှု
တွေလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကို တရုတ်
ရုပ်သံကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။
မနှစ် အောက်တိုဘာလ ၅ ရက်နေ့ မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦး
သတ်ဖြတ်မှုမှာ နော်ခမ်းဟာ အဓိက တာဝန်ရှိသူလို့ တရုတ်အာဏာပိုင်တွေဖက်က
ယူဆထားကြတာပါ။ နော်ခမ်းဟာ ဒီနှစ် ဧပြီလ ၂၅ ရက်နေ့ လောနိုင်ငံတွင်းမှာ
ဖမ်း
ဆီးခံခဲ့ရတာဖြစ်ပြီး၊ တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်တာခံရပါတယ်။
တရုတ်နိုင်ငံ
အနေနဲ့တော့ သူ့ကို ရှေလထဲ တရားစီရင်ကြားနာဖို့ရှိတယ်လို့
ယူနန်ပြည်နယ် ရဲဌာန
ဒုတိယအကြီးအကဲ Xian Yanming က ပြောပါတယ်။
“ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ ၅ ရက် အမှုကိစ္စနဲ့ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့မှာ
ပတ်သက်နေတဲ့ နော်ခမ်း၊ ရှော်ခမ်း၊ ယင်းလန် နဲ့
အခြားသံသယရှိသူတွေကို နောက်
လကျရင် တရုတ်နိုင်ငံထဲမှာ
တရားစီရင်ကြားနာသွားမှာဖြစ်ပါတယ်။”
အသက် ၄၈ နှစ်အရွယ် မူးယစ်ရာဇာ နော်ခမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ အလိုရှိတဲ့
အသက် ၄၈ နှစ်အရွယ် မူးယစ်ရာဇာ နော်ခမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ အလိုရှိတဲ့
စာရင်းမှာပါ ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။ နော်ခမ်းဟာ
မဲခေါင်မြစ်အတွင်း
သင်္ဘောတွေကို တိုက်ခိုက်တာ သင်္ဘောသားတွေကို
သတ်ဖြတ်တာတွေကြောင့်
ရွှေတြိဂံဒေသမှာ ပြီးခဲ့တဲ့နှစ်ကာလက နာမည်ဆိုးနဲ့
ကျော်ကြားခဲ့ပါတယ်။
မြန်မာဖက်က အဲဒီ လူသတ်မှုတွေအတွက် သက်ဆိုင်ရာနိုင်ငံတွေနဲ့ အပြည့်အဝ
မြန်မာဖက်က အဲဒီ လူသတ်မှုတွေအတွက် သက်ဆိုင်ရာနိုင်ငံတွေနဲ့ အပြည့်အဝ
ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ မဲခေါင်မြစ်အတွင်း
လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ နယ်စပ်
တကြောဖြစ်နေတဲ့ ရာဇ၀တ်မှုနှိမ်နင်းရေးကိစ္စရပ်တွေမှာပါ ပူးပေါင်းဆောင်ရွက်သွား
မယ်လို့ တရုတ်ကို ရောက်နေတဲ့ မြန်မာစစ်အရာရှိတွေက ပြောခဲ့ပါတယ်။
တရုတ် သင်္ဘောသားတွေ သတ်ဖြတ်ခံရတဲ့အမှုမှာတော့ နော်ခမ်းအပါအ၀င် သူ့ရဲ့
တရုတ် သင်္ဘောသားတွေ သတ်ဖြတ်ခံရတဲ့အမှုမှာတော့ နော်ခမ်းအပါအ၀င် သူ့ရဲ့
အမာခံအဖွဲ့ဝင်တွေနဲ့ ထိုင်းစစ်သားအချို့ပူးပေါင်းပတ်သက်နေတယ်လို့
တရုတ် ရဲ
တပ်ဖွဲ့က ပြောပါတယ်။ နော်ခမ်းဖမ်းဆီးခံရပြီးတဲ့နောက်တော့
သူ့ရဲ့လက်ထောက်
စိုင်းအောင်မြတ်နဲ့ နောက်ပါအဖွဲ့ဝင်အတော် များများဟာ
တာချီလိတ် အခြေစိုက်
မြန်မာစစ်တပ်ထံမှာ လက်နက်ချခဲ့ကြပါတယ်။
နောက်လိုက်အဖွဲ့ဝင်တွေကိုစစ်ဆေး
မေးမြန်းပြီး ပြန်လွှတ်ခဲ့ပေမယ့်၊ စိုင်းအောင်မြတ်ကိုတော့ ကျိုင်းတုံအကျဉ်းထောင်မှာ
ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
တရုတ်သင်္ဘောသားတွေ သတ်ဖြတ်ခံရတဲ့အမှုမှာ စိုင်းအောင်မြတ်လည်း ပတ်သက်
တရုတ်သင်္ဘောသားတွေ သတ်ဖြတ်ခံရတဲ့အမှုမှာ စိုင်းအောင်မြတ်လည်း ပတ်သက်
တယ်ဆိုပြီး၊ တရုတ်နိုင်ငံဖက်က လွှဲပြောင်းပေးအပ်ဖို့
မြန်မာဖက်ကိုတောင်းခံပေမယ့်
မြန်မာ အာဏာပိုင်တွေက ငြင်းပယ် ခဲ့ပါတယ်။ စိုင်းအောင်မြတ် ဖမ်းမိပြီးနောက်
မြန်မာနယ်စပ်မှာရှိတဲ့ နော်ခမ်းရဲ့ပိုင်ဆိုင်မှုအချို့ကိုလည်း မြန်မာစစ်တပ်က သိမ်း
မြန်မာ အာဏာပိုင်တွေက ငြင်းပယ် ခဲ့ပါတယ်။ စိုင်းအောင်မြတ် ဖမ်းမိပြီးနောက်
မြန်မာနယ်စပ်မှာရှိတဲ့ နော်ခမ်းရဲ့ပိုင်ဆိုင်မှုအချို့ကိုလည်း မြန်မာစစ်တပ်က သိမ်း
ဆည်းခဲ့တယ်လို့ သိရပါတယ်။
စိုင်းအောင်မြတ်ကိစ္စနဲ့ပဲ စပ်လျဉ်းပြီး တရုတ်နိုင်ငံရဲ့ အများပြည်သူလုံခြုံမှုဆိုင်ရာ
စိုင်းအောင်မြတ်ကိစ္စနဲ့ပဲ စပ်လျဉ်းပြီး တရုတ်နိုင်ငံရဲ့ အများပြည်သူလုံခြုံမှုဆိုင်ရာ
ဝန်ကြီး Meng Jianzhu ဟာ ပြီးခဲ့တဲ့ ဇူလှိုင်လက
မြန်မာနိုင်ငံကို လာရောက်ခဲ့
ပါသေးတယ်။ တရုတ်သင်္ဘောသားတွေကို သတ်ဖြတ်မှု ကျူးလွန်သူတွေကို
ရုံးတင်စစ်ဆေးရာမှာ မြန်မာအာဏာပိုင်တွေဖက်က
ပူးပေါင်းဆောင်ရွက်ပေးဖို့
တရုတ်ဝန်ကြီးက တိုက်တွန်းသွားခဲ့ပါတယ်။
နော်ခမ်းနဲ့အဖွဲ့ဟာ ၂၀၀၈ ခုနှစ်က
တည်းကဆိုရင် တရုတ်သင်္ဘောတွေ
တရုတ်နို င်ငံသားတွေနဲ့ တိုက်ရိုက်
ပတ်သက်နေတဲ့ လက်နက်ကိုင်ရာဇ၀တ်မှု ၂၈ မှုကို ကျူးလွန်ခဲ့တယ်လို့ တရုတ်
ဝန်ကြီးက ပြောပါတယ်။ အဲဒီ အမှုတွေအတွင်းမှာပဲ ၁၆
ဦးသေဆုံးပြီး၊ ၃ ဦး
ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
မနှစ်ေ အာက်တိုဘာလ ကုန်ပိုင်းကတော့ နိုင်ငံ လေးနိုင်ငံက အဆင်မြင့်
မနှစ်ေ အာက်တိုဘာလ ကုန်ပိုင်းကတော့ နိုင်ငံ လေးနိုင်ငံက အဆင်မြင့်
ဝန်ကြီးတွေဟာ တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ တွေ့ဆုံပြီး။
နယ်စည်းဖြတ်ကျော်
ရာဇ၀တ်မှုတွေကို ပူးပေါင်းနှိမ်နင်းဖို့နဲ့ မဲခေါင်မြစ်အတွင်း သယ်ယူပို့ဆောင်ရေး
လုပ်ငန်းတွေ လုံခြုံရေးကိစ္စရပ်တွေအတွက်
ဆွေးနွေး သဘောတူညီမှုတွေ ရခဲ့
ပါတယ်။ မဲခေါင်းမြစ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး
အစီအစဉ်အရ မြန်မာ တရုတ်
ထိုင်းနဲ့ လောနိုင်ငံတွေဟာ အခုအခါ
ထောက်လှမ်းရေးသတင်းအချက်အလက်
ဖလှယ်တာ မဲခေါင်းမြစ်ကြောင်းတလျှောက်
လုံခြုံရေးအစီအစဉ်တွေ ဆောင်ရွက်
တာနဲ့ နယ်စည်းဖြတ်ကျော်မှုနှိမ်နင်းရေးကိစ္စတွေကို ပူးတွဲဆောင်ရွက်
နေပါတယ်။
သတင်းရင်းမြစ်း VOA
သတင်းရင်းမြစ်း VOA
No comments:
Post a Comment