မှရခိုင်အရေးနဲ့ ပတ်သက်ပြီး သမ္မတရုံးက ပေးပို့တဲ့ သဝဏ်လွှာကို နာယက က
ဖတ်ကြား တင်ပြပြီး မှတ်တမ်းတင်မယ့် အစီအစဉ်ကို ရခိုင် တိုင်းရင်းသားများ
တိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ ကန့်ကွက်တဲ့ အတွက်
ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။
ချက် မှတ်တမ်းထဲမှာ ရခိုင်အမျိုးသားတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ အချက် ၉
ချက် ပါတဲ့အတွက် ကန့်ကွက်တာလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က RFA ကို ပြောပါတယ်။
"ရခိုင်တိုင်းရင်းသားများ၏ အခြေအနေ
ဆိုပြီးတော့ အဲဒီမှာ "က" ကနေ
ပြီးတော့ "ဈ" အထိအချက် ၉ ချက်
သူကရေးပေးထားတယ်။ အချက် ၉ ချက်
က ကျွန်တော်တို့ ရခိုင်လူမျိုးတွေနဲ့
နောက်ပြီးတော့ ရခိုင်က ဆရာတော်တွေ
အပါအဝင်ပေါ့။ ရခိုင်နိုင်ငံရေး
ပါတီတွေအပေါ်မှာ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့
အရေးအသားတွေ ပါတယ်။
အဲဒီအချက်တွေမှာ။ ဒါကို လက်မခံနိုင်တဲ့အတွက်
ကျွန်တော် ကိုယ်တိုင်လည်း
သီးခြား ကန့်ကွက်စာ တစ်စောင် တင်တယ်။
ကျွန်တော်တို့ RNDP ကိုယ်စားလှယ် ၁၄
ယောက် ရှိတယ်၊ ဒီမှာ။ ၁၄
ယောက်စလုံးလည်း လက်မှတ်ထိုးပြီးတော့ ကန့်ကွက်လွှာ
တစ်စောင် တင်ကြ
ပါတယ်"
အခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက် မှားယွင်းတာကို ဝန်ခံကြေညာချက် ထုတ်ပြန်ဖို့
အရေးတကြီး အဆိုအဖြစ် တင်သွင်းခဲ့ပြီး အဲဒီအဆိုကို လွှတ်တော်အသီးသီးမှာ
ပြန်လည်ဆွေးနွေးဖို့ ဆုံးဖြတ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့
ဦးဖုန်းမြင့်အောင်က RFA ကိုပြောပါတယ်။
လွှတ်တော်ရေးရာ ကော်မတီတွေဟာ ပြည်ထောင်စုအဆင့်နဲ့ မညီဘူးလို့ နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေက ဆုံးဖြတ်ထားတာရှိပါ
တယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ လွှတ်တော်
ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဦးဘရှင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်
ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်တယ်။
သတင်းရင်းမြစ်း RFA
ဆက်သွယ်မေးမြန်းချက် အသံဖိုင်နားဆင်ရန်
No comments:
Post a Comment