Friday, August 31, 2012

အကယ်ဒမီဆုများ ရုပ်ရှင် အစည်းအရုံး မှပေးတော့မည်


မြန်မာနိုင်ငံရှိ ရုပ်ရှင်ကြည့်ပရိတ်သတ်များ စိတ်ဝင်စား မှုအများဆုံးဖြစ်သော
အကယ်ဒမီဆုပေး ပွဲအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စ၍မြန်မာနိုင်ငံ ရုပ်ရှင်
အစည်းနှင့်  အနုပညာ လောကသားများကသာ ရွေးချယ်ပေး အပ်သွားတော့
မည်ဖြစ်ကြောင်းသိရသည်။


မြန်မာနိုင်ငံတွင်အကယ်ဒမီ ပေးပွဲများအား ခေတ်အဆက်ဆက်မှပင် သက်ဆိုင်
ရာအစိုးရ အသီးသီးမှ စီစဉ်ပေး အပ်ခဲ့ခြင်းဖြစ်ကာ၊ ယနေ့ခေတ်တွင် ပြန် ကြား
ရေးဝန်ကြီး ဌာနမှဦးဆောင်၍ ဆုများ ပေးအပ်ခဲ့ ကြောင်း နှင့် ယင်းအကယ်ဒမီ
ဆုနှင့်ပါတ်သတ်၍၂၀၁၃-၂၀၁၄ဘဏ္ဍာ ရေးနှစ်မှစ၍အနုပညာ သမားများနှင့်
လွတ်လပ်စွာဖွဲ့ စည်းလိုက်သောမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှရွေးချယ်ပေး
အပ်ခွင့် များ ပထမဆုံး အနေဖြင့်ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

''အကယ်ဒမီပေးတာနဲ့ ပါတ်သတ်ပြီးတော့ကျွန်တော်တို့ရုပ်ရှင် အစည်းအရုံး
အနေနဲ့ပြောင်း လဲလာတဲ့ ခေတ်စနစ်တွေ နဲ့အညီ အကယ်ဒမီဆုတွေ ကို ကျွန်တော်တို့မြန်မာနိုင်ငံရုပ်ရှင်လော ကသားများ သာလျှင် ပေးအပ်လိုပါတယ်
လို့ ပြန်ကြားရေး ဝန်ကြီးဌာန၊ပြည်ထောင်စု ဝန်ကြီးထံကို တင်ပြခဲ့ရာ မှာအခုဆို
ကျွန်တော် တို့ ဆောင်ရွက်လို တဲ့အတိုင်းဆောင်ရွက် ခွင့်ရပြီဖြစ်ပါ တယ်''ဟု
 မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ ဥက္ကဌ ဦးဇင်ဝိုင်းကပြော သည်။


မြန်မာနိုင်ငံတွင် ရုပ်ရှင်လော ကသားများ အတွက်အကြီးမားဆုံးသော ပွဲဖြစ်သည့်
အ ကယ်ဒမီပေး ပွဲအား ခေတ်အဆက်ဆက် တတ်လာခဲ့သော နိုင်ငံတော်အစိုးရမှ
 တာဝန်ရှိသူများကသာ ဦးဆောင်ကျင်း ပလာရာ အကယ်ဒမီဆု များမှာ အနုပညာ စံချိန်စံနှုန်းများ နှင့်တဖြည်း ဖြည်းဝေး ကွာလာခဲ့ ရကြောင်း နှင့် အကယ်ဒမီဆုများ
 မှာပြည်သူအများ ကပေးသော ဆု၊အနုပညာရှင်များကပေးသောဆုနှင့် နိုင်ငံတော်
မှ ပေးသော ဆုလွဲချော်မှုများစွာ ရှိလာသောကြောင့် အကယ်ဒမီဆုပေးပွဲ အပေါ်
တွင် ပရိတ်သတ် မှစိတ်ဝင်စား မှုများ လျှော့ကျလာခဲ့ကြောင်းလည်းသိရသည်။

''ကျွန်တော်တို့အနေနဲ့ အကယ် ဒမီပေးခွင့် ရလာပြီဆိုပေမယ့် ၂၀၁၁-၂၀၁၂ ခုနှစ်မှာ

ပေးမယ်ဆိုရင် ပြင်ဆင် ဆောင်ရွက် ဖို့အတွက်အချိန်တွေ မရှိဖြစ်နေပါတယ်၊ဒါ့ ကြောင့် ၂၀၁၄နှစ်ဆန်းကနေရုပ်ရှင် ထူးချွန်ဆု တွေစပေးပါမယ်၊ပေးမယ်ရုပ်ရှင် ကားတွေက
တော့ ၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်းမှာ တင်သမျှ ရုပ်ရှင်ကား တွေပဲ ဖြစ်ပါတယ်၊ အဲ့ဒီ
ရုပ်ရှင်ကားတွေကို ကျွန်တော်တို့ရုပ်ရှင်အစည်းရုံးနဲ့ အနု ပညာရှင် တွေက ပေးအပ်သွား
မှာပါ''ဟု ဦးဇင်ဝိုင်း ကဆက်၍ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ရုပ်ရှင်ထူးချွန်ဆုများအား လွတ်လပ်သော အဖွဲ့အစည်း

 မှပေးမည် ဆိုသည်မှာ မြန်မာ နိုင်ငံ အနုပညာရှင်များနှင့် ရုပ်ရှင်လောက သားများ
အတွက် အထူးခြား ဆုံးသော ပြောင်းလဲမှု တစ်ရပ်ပင်ဖြစ်ကာ အနုပညာ ရှင်များ
၏အရည်အသွေးများလည်းပိုမို တိုးတတ်လာ နိုင်ကြောင်း သိရသည်။

''အခုလိုမျိုး အနုပညာရှင်တွေ ရဲ့ အကယ်ဒမီကို အနု ပညာ လောကသား တွေက

ပေးမယ် ဆိုတာတော့ ပိုကောင်း လာမယ်လို့ ထင်ပါ တယ်''ဟုရုပ်ရှင် သရုပ် ဆောင် အကယ်ဒမီ ဝေဋုကျော်က ပြော သည်။

''အကယ်ဒမီတွေကို အခုလို လွတ်လပ်တဲ့အဖွဲ့ အစည်းတွေကပေးသွား မယ်ဆိုတော့

 ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းလာမယ် ထင်ပါတယ်၊ ရုပ်ရှင်ကား ကြီးတွေလည်း
ပိုပြီး အရည်သွေး ရှိရှိရိုက် ကူးလာ မယ်လို့ မျှော် လင့်ပါတယ်၊ဘာပဲ ဖြစ်ဖြစ်စိတ်ဝင် 
စားစရာပါပဲ၊''ဟု မြန်မာ နိုင်ငံရုပ်ရှင်ကြည့် ပရိတ် သတ်တစ်ဦးဖြစ် သူ မခင်မျိုးကပြော
သည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး သည်၂၀၁၂ခုနှစ်ဧပြီလမှ စတင်ကာလွတ် လပ်သော အဖွဲ့

 အစည်းအဖြစ် ရပ်ခဲ့ကြောင်း သိရသည်။


သတင်းရင်းမြစ်    ဒေါင်းမာန်ဟုန်   

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ