Friday, August 31, 2012

စုံစမ်းစစ်ဆေးရေး ကော်မရှင် ရခိုင်ပြည်နယ်သို့ စက်တင်ဘာလ ၇ ရက်တွင် သွားမည်


သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် စက်တင်ဘာလ ပထမပတ်
တွင် ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် သွားရောက် မည်ဖြစ်ကြောင်း ရခိုင်ဒီမို
ကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာ အောင်က ပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးရာတွင် လိုအပ်သော သက်သေအထောက်အထားများ ရှာဖွေရန် သွားရောက်ခြင်းဖြစ် ကြောင်း ပြောသည်။

“စက်တင်ဘာ ၇ ရက်သွားမယ်။ အဖွဲ့ဝင်ဘယ်နှယောက် လိုက်ဖြစ်မလဲ မသိသေးဘူး”
ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအေးသာအောင်က 7Day News သို့ပြောသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေဖြင့် အဖွဲ့ခွဲ ၈ ဖွဲ့ခွဲ၍ ဆောင်ရွက်နေကြောင်း လို
အပ်သော သမိုင်းအထောက်အထားများကိုလည်း လေ့လာနေကြောင်း အဖွဲ့ဝင်တစ်
ဦးက ဆိုသည်။

ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဦးခွန်ထွန်းဦးက “ရခိုင်ကိုလိုက်ဖြစ်မလား 
မသိ သေးဘူး။ သမိုင်းနဲ့ချီခဲ့တဲ့ ပြဿနာဆိုတော့ လိုအပ်တဲ့စာအုပ်တွေ လေ့လာနေ
ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ကိစ္စရပ်များအတွက် ဖြစ်စဉ် အမှန်ပေါ်ပေါက်ရန်
 သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတ က
 သြဂုတ် ၁၇ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့သည်။

အဆိုပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင် အဖွဲ့ဝင် ၂၇ ဦးပါ ၀င်ပြီး အစီရင်ခံစာကို
 နိုင်ငံတော် သမ္မတထံသို့ နိုဝင်ဘာ ၁၆ ရက် အရောက်တိုက်ရိုက် အစီရင်ခံစာ ရ
မည်ဖြစ်ကြောင်း သိရသည်။
 
သတင်းရင်းမြစ်   7 days News   

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ