
မန္တလေးမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူ ဦးဆောင်မယ့်
ရခိုင်အရေး သမ္မတဦးသိန်းစိန်ရဲ့ ရပ်တည်ချက်အပေါ်ထောက်ခံတဲ့ဆန္ဒပြပွဲတွေကို
အာဏာပိုင်တွေဘက်က မူလကခွင့်ပြုထားတဲ့ ရက်မှာ ဆန္ဒပြခွင့် မပေးတာကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရတယ်လို့ ဆရာတော် ဦးဝီရသူက RFA ကို ,ယမန်နေ့က မိန့်ကြား
ပါတယ်။
မန္တလေးမြို့က မြို့နယ် (၅) ခုနဲ့ မတ္တရာမြို့မှာ သံဃာတော်တွေ ဦးဆောင်ပြီး
စက်တင်ဘာလ (၁) ရက်နေ့ ဆန္ဒပြဖို့ စီစဉ် ထားခဲ့ပေမယ့် မန္တလေးတိုင်း
ဒေသကြီး ၀န်ကြီးချုပ်ရဲ့ အလှူပွဲအတွက် လုံခြုံရေး စီစဉ်ပေးရမှာဖြစ်တာကြောင့်
ဆန္ဒပြပွဲတွေကို လုံခြုံရေးမပေးနိုင်ဘူးဆိုပြီး အာဏာပိုင်တွေက ရက်ရွှေ့ကျင်းပဖို့
အခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။
အာဏာပိုင်တွေနဲ့ နီးစပ်သူမြို့ခံတချို့ကတော့ မူလဆန္ဒပြမယ့် စက်တင် ဘာလ
(၁) ရက်နေ့ဟာ ၀ါခေါင်လပြည့် ဥပုသ်နေ့ဖြစ်တာကြောင့် ရဟန်းသံဃာတော်
တွေ အများအပြား ပါဝင်ဆန္ဒပြကြမှာကို စိုးရိမ်တဲ့အတွက် အခုလို ရက်ရွှေ့ဖို့ ညွှန်ကြားလိုက်တာလို့ ပြောပါတယ်။
ဆရာတော် ဦးဝီရသူဟာ စက်တင်ဘာလ ၂ရက်နေ့မှာ ချမ်းအေးသာစံ၊ မဟာ
အောင်မြေနဲ့ အောင်မြေသာစံ မြို့နယ်တွေမှာ ဆန္ဒပြမှာဖြစ်ပြီး၊ စက်တင်ဘာ
၃ရက်နေ့မှာ ပြည်ကြီးတံခွန် ၊ချမ်းမြသာစည် မြို့နယ်တွေနဲ့ စက်တင်ဘာ ၎
ရက်နေ့မှာတော့ အမရပူရမြို့နယ်တွေမှာ ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်သွား
ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Photo: မန္တလေးမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူ
ဦးဆောင်မယ့် ရခိုင်အရေး သမ္မတဦးစိန်ရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံ
တဲ့ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က မူလကခွင့်ပြုထားတဲ့ ရက်မှာ
ဆန္ဒပြခွင့် မပေးတာကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရတယ်လို့ ဆရာတော်
ဦးဝီရသူက RFA ကို မိန့်ကြားပါတယ်။
မန္တလေးမြို့က မြို့နယ် (၅) ခုနဲ့ မတ္တရာမြို့မှာ သံဃာတော်တွေ ဦးဆောင်ပြီး
စက်တင်ဘာလ (၁) ရက်နေ့ ဆန္ဒပြဖို့ စီစဉ်ထားခဲ့ပေမယ့် မန္တလေးတိုင်း
ေ ဒေသကြီး ၀န်ကြီးချုပ်ရဲ့ အလှူပွဲအတွက် လုံခြုံရေး စီစဉ်ပေးရမှာ ဖြစ်တာ
ကြာင့် ဆန္ဒပြပွဲတွေကို လုံခြုံရေးမပေးနိုင်ဘူးဆိုပြီး အာဏာပိုင်တွေ က ရက်ရွှေ့
ကျင်းပဖို့ အခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေနဲ့ နီးစပ်သူ
မြို့ခံတချို့ကတော့ မူလဆန္ဒပြမယ့် စက်တင် ဘာလ (၁) ရက်နေ့ဟာ ၀ါခေါင်
လပြည့် ဥပုသ်နေ့ဖြစ်တာကြောင့် ရဟန်းသံဃာတော်တွေ အများအပြား ပါဝင်
ဆန္ဒပြကြမှာကို စိုးရိမ်တဲ့အတွက် အခုလို ရက်ရွှေ့ဖို့ ညွှန်ကြားလိုက်တာလို့
ပြောပါတယ်။
ဆရာတော် ဦးဝီရသူဟာ စက်တင်ဘာလ ၂ရက်နေ့မှာ ချမ်းအေးသာစံ၊ မဟာ
အောင်မြေနဲ့ အောင်မြေသာစံ မြို့နယ်တွေမှာ ဆန္ဒပြမှာဖြစ်ပြီး၊ စက်တင်ဘာ ၃
ရက်နေ့မှာ ပြည်ကြီးတံခွန် ၊ချမ်းမြသာစည် မြို့နယ်တွေနဲ့ စက်တင်ဘာ ၄ရက်
နေ့မှာတော့ အမရပူရမြို့နယ်တွေမှာ ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်သွားဖို့ စီစဉ်
ထားတယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်း RFA
No comments:
Post a Comment