Friday, August 31, 2012

ယခုနှစ်မိုးရာသီတွင် ရာသီ တုပ်ကွေး ဘီ အမျိုးအစား ဗိုင်းရပ်စ်ပိုး ကူးစက် ပျံ့နှံ့မှုများပြား


၂၀၁၂ ခုနှစ် မိုးရာသီတွင် ရာသီတုပ်ကွေး ဘီအမျိုးအစား ဗိုင်းရပ်စ်ပိုး ပိုမိုဖြစ်ပွားမှု
 တွေ့ရကြောင်း ရန်ကုန် သင်္ဃန်းကျွန်း စံပြ ဆေးရုံကြီး ရင်ခေါင်းရောဂါဆေးကုဌာန

  မှ ရင်ခေါင်းအထူးကု ဆရာဝန်ကြီး ပါမောက္ခဌာနမှုး ဒေါက်တာ ဒေါ်ရတနာကျော်က
 မြန်မာတိုင်း(မ်)ကို ပြောသည်။

"၂၀၁၂ ခုနှစ်မှာတော့ ဘီအမျိုးအစား ဗိုင်းရပ်စ်ပိုးတွေကို ပိုတွေ့ရပါတယ်။ ဒီမိုး
ရာသီမှာ တုပ်ကွေးဖြစ်လို့ လာပြတဲ့ လူနာအများစုကို စစ်လိုက်ရင် ရာသီတုပ်ကွေး ဘီအမျိုးအစားဗိုင်းရပ်စ်ပိုး ဖြစ်တာတွေ့ရတယ်" ဟု ၎င်းကပြောသည်။ ရန်ကုန်
သင်္ဃန်းကျွန်း စံပြ ဆေးရုံကြီး ရင်ခေါင်းရောဂါ ဆေးကုဌာနနှင့် ဂျပန် နိုင်ငံရှိ
တက္ကသိုလ်တစ်ခုတို့ ပူးပေါင်းပြီး ၂၀၀၄ ခုနှစ်မှ စတင်ခါ မြန်မာနိုင်ငံ၌ လူအများ
 နှစ်စဉ် ကူးစက်ခံနေရသည့် ရာသီတုပ်ကွေးပိုးများနှင့် ပတ်သက်ပြီး သုတေသန
များ ပြုလုပ်လျက်ရှိကာ ၎င်း သုတေသန တွေ့ရှိချက်များအရ မြန်မာနိုင်ငံသည်
 နှစ်စဉ် ရာသီတုပ်ကွေး ဗိုင်းရပ်စ်အစား နှစ်မျိုးဖြစ်သည့် အေ နှင့် ဘီ အမျိုးအစား
ကို အလှည့် ကျ ကူးစက်ခံနေရသည်ကို တွေ့ရှိလျက်ရှိ ကြောင်း ၎င်းကပြောသည်။

မြန်မာပြည်၌ ရာသီတုပ်ကွေးသည် မိုးတွင်းပိုင်း ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လတို့ တွင် ပိုအဖြစ်များပြီး တွေ့ရှိချက်များအရ အေ အမျိုးအစား ဗိုင်းရပ်စ်ပိုးသည် ဘီ အမျိုးအစား ဗိုင်းရပ်စ်ပိုးထက် ရောဂါ လက္ခဏာ ပိုပြင်းထန်သည်ဟု ၎င်းက ပြောသည်။ ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ရာသီတုပ်ကွေး ဗိုင်းရပ်စ်ပိုး အမျိုးအစား
တစ်ခုဖြစ်သည့် အေ အမျိုးအစား (H3N1) ပိုး ကူးစက် ခံရခြင်းကြောင့် နာတာရှည် အဆုတ်လေပြွန် ရောင်ရမ်းသည့် ရောဂါရှိသူများ သေဆုံး ခဲ့သည်ကို တွေ့ရှိခဲ့
ရကြောင်း ၎င်းက ပြောသည်။

"၂၀၀၇ ခုနှစ်မှာ ကျွန်မဆီကို လာပြ နေတဲ့ နာတာရှည် အဆုတ်ရောင်ရောဂါ ရှိနေ
တဲ့ အဘိုးကြီးတွေ အဘွားကြီးတွေ တော်တော် များများ တုပ်ကွေးဖြစ်ပြီးတော့
တစ်ခါတည်း နာလန်မထူနိုင်တော့ ဘဲနဲ့ အဆုတ်ကကောင်းကောင်း အလုပ် မလုပ်နိုင်တော့တဲ့အတွက် သေသွားသူ တွေအများကြီးပဲ" ဟု ၎င်းကဆိုသည်။

ရာသီတုပ်ကွေး ဗိုင်းရပ်စ် ကူးစက်ခံရ ခြင်း၏လက္ခဏာများအဖြစ် နှာချေခြင်း၊
 နှာရည်ကျခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက်မအီ မသာ ဖြစ်ခြင်း စသည်တို့ ဖြစ်နိုင်ကြောင်း ဒေါက်တာရတနာကျော် က ပြောသည်။ " မြန်မာပြည်
အနေအထားအရ လူ တစ်ယောက် ဟာ ကိုယ်ခံအားမကောင်းရင် တစ်နှစ်မှာ
 သုံးကြိမ် တုပ်ကွေးခံရဖို့ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ တစ်မိုး တစ်မိုးမှာ ပိုး
အမျိုးအစား သုံးမျိုးလောက်က ပုံမှန်လည်ပတ်လျက် ရှိနေတာ ကြောင့်ပါ" ဟု
၎င်းက ပြောသည်။ တုပ်ကွေးကာကွယ်ဆေးကို လူတိုင်း နှစ်စဉ် ကြိုတင်ထိုးနှံ
ကာကွယ်သင့်သည် ဟု ဒေါ်ရတနာကျော်ကအကြံပြုသည်။

"သာမန်လူတွေကတော့ ရာသီတုပ် ကွေးဖြစ်လို့ နှစ်ရက်သုံးရက်နေရင် ပြန် ကောင်း
နိုင်ပေမယ့် အခြေခံ အဆုတ် မကောင်းတဲ့သူ၊ ကျန်းမာရေးချို့တဲ့ သူတွေ၊ ကင်ဆာ
ရောဂါခံစားနေရတဲ့ သူတွေ၊ ကျောက်ကပ်လဲထားရတဲ့ သူတွေ၊ အဘိုးကြီး အဘွားကြီး
တွေ၊ အသက် ၁၂ နှစ်အောက် ကလေးသူငယ်တွေ တုပ်ကွေးကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေမဖြစ်အောင် ပိုပြီးတော့ ကြိုပြီး ထိုးထားသင့်တယ်" ဟု ၎င်းက ပြောသည်။

ကမ္ဘာပေါ်၌ နှစ်စဉ် လူပေါင်း သန်းနှင့် ချီ၍ တုတ်ကွေးရောဂါ ကူးစက်ခြင်းခံစား လျက်ရှိ
ပြီး ရောဂါပိုးကြောင့် အလုပ်ခွင် အတွင်း အလုပ်ပျက်ကွက်မှုများပြီး လုပ်သားအင်အား ဆုံးရူံးမှုများစွာကိုဖြစ် စေလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အစီရင်ခံစာအရ
သိရသည်။

တုပ်ကွေး ကာကွယ်ဆေးထိုးရန် အတွက် အသင့်တော်ဆုံးအချိန်သည် မေလဆန်းပိုင်း
ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံ၌ အစိုးရမှ ပြည်သူ များအား အခမဲ့ထိုးပေး
လျက်ရှိသော် လည်း မြန်မာနိုင်ငံ၌မှု အစိုးရမှ ပြည်သူ များအား အခမဲ့ထိုးပေးနိုင်စွမ်း
မရှိသေး ကြောင်း ဒေါက်တာ ဒေါ်ရတနာကျော်က ရှင်းပြသည်။ လက်ရှိတွင် မြန်မာ
နိုင်ငံအတွင်းသို့ ပုဂ္ဂလိကမှ တင်သွင်းနေသော တုပ်ကွေး ကာကွယ်ဆေးများရှိပြီး
ဆးတစ်ပုလင်း ၏တန်ဖိုးမှာ ကျပ်တစ်သောင်းကျော်ရှိ ကြောင်း သိရသည်။


သတင်းရင်းမြစ်    မြန်မာတိုင်းမ်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ