Friday, August 31, 2012

စစ်တက္ကသိုလ်နယ်မြေတွင်းရှိ အိမ်ခြေနှစ်ရာကျော် ဒုကျောင်းအုပ်မှ ပြောင်းရက်ရွှေ့ဆိုင်းပေး

Photobucket

သြဂုတ်လပိုင်း အပြီးပြောင်းရွှေ့ပေးခိုင်းသည့် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ်နယ်
မြေတွင်းရှိ အိမ်ခြေနှစ်ရာကျော် ဒုကျောင်းအုပ်မှ ရက်ရွှေ့ဆိုင်းပေးခဲ့ကြောင်း သိ
ရသည်။
''ကျောင်းအုပ်က ကလေးတွေရဲ့ ပညာရေးကိုထောက်ထားပြီး အခုသြဂုတ်လမှာ 
မပြောင်းခိုင်း   တော့ပါဘူး။   နွေရာသီကျောင်းပိတ်ရာသီရောက်မှပြောင်းရမှာပါ''ဟု အဆိုပါနယ်မြေတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။
အဆိုပါနေအိမ်များအား သြဂုတ်လ (၂၆)ရက်နေ့တွင် အပြီးပြောင်းရွှေ့ပေးရမည်ဟု 
ဇွန်လပိုင်းက တာဝန်ရှိသူများ လာရောက်ပြောဆိုခဲ့ကြောင်း ရွာသားများပြောပြချက်
အရ သိရသည်။
စစ်တက္ကသိုလ်နယ်မြေအတွင်းရှိ အမှိုက်ကျင်းစု ဟုခေါ်သော နေရာရှိနေအိမ် (၁၇၅)အား ပြောင်းရွှေ့ခိုင်းခြင်းဖြစ်ပြီး ၄င်းနေအိမ်များမှာ တစ်အိမ်ထောင်လျှင် 
တစ်နှစ်စာ (၂၅ဝဝဝ)ကျပ် စစ်တပ်အားပေးဆောင်ကာ   နေထိုင်ရကြောင်း   ဒေသခံများပြောချက်အရသိရသည်။
အမှိုက်ကျင်းစုတွင် နေထိုင်ကြသူများမှာ ၁၉၉၇ ခုနှစ်ခန့်မှ စတင်နေထိုင်ခဲ့ကြ
ကြောင်း၊ရွာသားအများစု လက်လုပ်လက်စား များသာဖြစ်ကြောင်းသိရှိရသည်။
''အခုလို သူတို့အတွက်အချိန်ရတော့အဆင်ပြေသွားတာပေါ့၊ သူတို့အတွက်
လည်းကျွန်တော်တို့ပြင်ဦးလွင်မှာ ရှိတဲ့ပရ ဟိတအဖွဲ့တွေ က နောက်ဒီလို
မဖြစ်အောင် မြေကွက်တွေအစိုးရစီမှာလျှောက်ဖို့ကူးညီပေးသွားပါမယ်''ဟု
 ပြင်ဦးလွင်ဒီချုပ်ပါတီမှကိုအောင်ကျော် ဆန်းကပြောသည်။
၁၉၉၉-၂ဝဝဝ ခုနှစ်တွင် ပြည်ဦးလွင်မြို့ရှိ စစ်တပ်ပိုင်မြေဖြစ်သော ကန်တော်မင်
ရပ်ကွက် နေထိုင်သူများအား စစ်တပ်မှ ပြောင်းရွှေ့ခိုင်းခဲ့ပြီး မိုးကြိုးကွက်သစ်
ရပ်ကွက် ပြန်လည်နေရာချ ထားပေးခဲ့ကြောင်း သိရှိရသည်။

သတင်းရင်းမြစ်   Shwe Myitmakha Media Group

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ