Friday, August 31, 2012

ပြန်ကြားရေး ဒုဝန်ကြီးသစ်ရဲ့ အံထွက်လာတဲ့ စကားများ



ဒု ၀န်ကြီး အဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရတဲ့ ပြန်ကြားရေး ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်
က သတင်းကြေညာ အပြီး မိနစ်ပိုင်းမှာဘဲ သူ့ကို ရာထူး တဆင့် တိုးပေးလိုက်တဲ့ သမ္မတကြီးကို လေးစားကျေးဇူးတင်ကြောင်းသူ့ ရဲ့ ဖေ့ဘုတ် စာမျက်နှာမှာ ရေးသား
 ထားပါတယ်။
ဒု ၀န်ကြီးဖြစ်သွားပေမယ့် သူ့ဖေ့စ်ဘုတ် စာမျက်နှာကိုလည်း ဆက်လက်ထားရှိမှာ
 ဖြစ်ပြီး ဖေ့စ်ဘုတ်က အကြံပြုမှုတွေကိုလည်း ကြိုဆိုနေမယ်လို့ သူက ရေးထား
ပါတယ်။

သူကတိပေးထားတဲ့ အတိုင်း စောင့်ကြည့်သွားကြရမည်သာဖြစ်ပါကြောင်း။

"ကျွန်တော့်ကို တစ်ဆင့်မြင့်ရာထူးအတွက် ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးခဲ့

တဲ့ သမ္မတကြီး ကို လေးစား ကျေးဇူး တင်ပါတယ်။

ဒီလို တာဝန်မျိုးကိုထမ်းဆောင်နိုင်အောင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ပျိုး

ထောင်ပေးခဲ့တဲ့ ဗိုလ်လောင်းဘ၀ကနေ ဒီကနေ့အထိ ကြုံတွေ့ခဲ့ရတဲ့ သင်ဆရာ၊
 မြင်ဆရာအားလုံးကို ကျေးဇူး တင်ပါတယ်။

နိုင်ငံနဲ့လူမျိုးကိုချစ်တတ်အောင်၊ စာပေလေ့လာဖတ်ရှုလိုစိတ်ရှိအောင် တိုက်တွန်း

အားပေးခဲ့သော မိဘ နှစ်ပါးကို ကျေးဇူးတင်ပါတယ်။

ကျွန်တော်ဘာလုပ်လုပ် အမြဲနားလည်ပေးသော ချစ်ဇနီးနဲ့ သမီးများကိုလည်း

 ကျေးဇူးတင်ပါတယ်။

ကျွန်တော့်ကို ဂုဏ်ယူကြောင်း ဖုန်းဖြင့်၊ message , comment များဖြင့် အကြောင်း


များအတွက် ကျေးဇူးတင်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဝေဖန်တိုက်ခိုက်ခဲ့သူများကိုလည်း လောကဒဏ်ကို

နားလည်အောင် လုပ်ပေး တဲ့အတွက် ကျေးဇူးတင်ပါတယ်။

ပြန်ဆက်ဒုညွှန်ချုပ်၊ ညွှန်ချုပ်တာဝန်ထမ်းဆောင်စဉ်ကာလ၊ တပ်မတော်အတွင်း

တာဝန်ထမ်းဆောင်စဉ် ကာလတွင် ကျွန်တော်နှင့်လက်တွဲခဲ့သော လက်အောက်

သူတို့သာမရှိရင် ကျွန်တော်လည်း ဒီနေရာမှာ ရှိနေမှာမဟုတ်ပါဘူး။

ဒီလိုပဲ လက်တွဲလုပ်ဆောင်ခဲ့သော ရဲဘော်ရဲဘက်များကိုလည်း ကျေးဇူးတင်ပါ တယ်။ 

 သူတို့ရဲ့ ပူးပေါင်း ကူညီမှုများသာမရှိရင် ကျွန်တော်အခက်အခဲတွေကို ကျော်လွှားနိုင်
ခဲ့မှာမဟုတ်ပါဘူး။

ရာထူးတိုးမြှင့်ခံရခြင်းသည် အခွင့်အရေးကို တိုးမြှင့်ခံစားရန်မဟုတ်ဘဲ တာဝန်ကို ပိုမို

ထမ်းဆောင်ရန် ဖြစ် သည်ဟု ခံယူပါတယ်။

ဒါ့ကြောင့် သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ကိုယ်စွမ်းဥာဏ်စွမ်း

ရှိသရွေ့ ပါဝင်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါတယ်။

မိတ်ဆွေများ၊ သံသယရှိနေဆဲသူများအားလုံးနှင့် ပူးပေါင်းပြီး နိုင်ငံနှင့်လူမျိုးအတွက်

 ကြိုးစားဆောင်ရွက် သွားပါမယ်။

ကျွန်တော့် FB ကိုလည်း ဆက်ထားပါတယ်။ အကြံပေးလိုသူများ၊ ဝေဖန်လိုသူများ 

ဒီနေရာ ကနေ စောင့်ကြည့်ပြုပြင်ပေးသွားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။" လို့ ဦးရဲထွဋ်
က ဆိုထားပါတယ်။

သတင်းရင်းမြစ်    ဧရာဝတီ

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ