
စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းမှ ဘင်္ဂလီတချို့အား
ရွှေပြည်သစ်မှန်လုံကားသုံးစီးဖြင့်
ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးသို့
စစ်တပ်မှဦးဆောင်ကာ သြဂုတ်လ ၂၄ ရက်နေ့
နေ့လည် ၁၂ နာရီ ခန့်တွင်
ပို့ဆောင်ခဲ့ကြောင်း စစ်တွေမြို့မှ ဒေသခံတစ်ဦး၏
သတင်းပေးပို့ချက်အရ
သိရသည်။
အဆိုပါ ဘင်္ဂလီများကို ကျောက်တော်မြို့နယ်သို့ ၃၆ ဦး၊ မြောက်ဦးမြို့သို့
၅၂ ဦးနှင့်
မင်းပြားမြို့နယ်သို့ ၆၉ ဦး အသီးသီးပို့ဆောင်ခဲ့ကြောင်း
သတင်းရရှိသည်။
" ဒီနေ့ နေ့လည် ၁၂ နာရီလောက်မှာပေါ့ စစ်တပ်က အဲဒီဘင်္ဂလီတွေကို
ရွှေပြည်သစ်
မှန်လုံကားသုံးစီးနဲ့ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊
မင်းပြားမြို့တွေကိုပို့လိုက်တယ်။ "
ဟု စစ်တွေဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။
၎င်းဘင်္ဂလီများမှာ ပဋိပက္ခမဖြစ်မီကာလကတည်းက စစ်တွေမြို့သို့
ခရီးသွားရောက်
ရှိနေခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို့ နေရပ်အား
ပြန်လည်ပို့ဆောင်ရခြင်းဖြစ်
ကြောင်း စစ်တပ်မှ ပြောဆိုခဲ့သည်ဟု သိရသည်။
မြောက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ အမည်မဖော်လိုသူတစ်ဦးက "
ပဋိပက္ခ
မဖြစ်မီ အချိန်ကတော့ ဘင်္ဂလီတွေ လဝကမှ ခရီးသွားခွင့်လက်မှတ်တွေယူပြီး
ခရီး
သွားတာတွေရှိခဲ့တယ်။ ဒါပေမယ့် အခု စစ်တပ်က ပြန်ပို့လာတဲ့
ဘင်္ဂလီအရေအတွက်
ထက် ပိုပြီးနည်းတယ်။ " ဟု ထောက်ပြပြောဆိုခဲ့သည်။
ယခုကဲ့သို့ ပြန်ပို့လာသည့် ဘင်္ဂလီများမှာ ခရီးသွားလက်မှတ်ထုတ်ပေးထားသည့်
အရေအတွက်ထက်များ ပြားနေခြင်းကြောင့် ဒေသခံများအကြား မကျေနပ်မှုများ
ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။
ခရီးသွားလက်မှတ် ထုတ်ပေးထားသည့် အရေအတွက်ထက် စစ်တပ်မှပို့ဆောင်
လာသော ဘင်္ဂလီအရေအတွက်မှာ ပို၍များပြားကြောင်း ကျောက်တော်မှ
နိုင်ငံရေး
သမားများကလည်း အတည်ပြုပြောကြားသည်။
သတင်းရင်းမြစ်
း arakantimes
No comments:
Post a Comment