
““ပထမ ကျနော်တို့ထောင်ကလွှတ်တော့ စဉ်းစားတာက ပါတီထောင်မယ်၊
လွှတ်တော်ထဲဝင်တဲ့သူဝင်မယ်၊ အပြင်ကလှုပ်ရှားတဲ့သူကလည်း အပြင်က
လှုပ်ရှားမယ် အတွင်းအပြင် ချိတ်ဆက်ပြီးတော့ပေါ့၊ အခုနောက်ပိုင်း မှာ
ကျနော်တိုမြင်နေရတာက လွှတ်တော်တက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်
တွေနဲ့အပြင်မှာရှိတဲ့ လူမှုရေးအဖွဲ့အစည်း တွေ တွေ့ဆုံမှုကွာဟနေတာတွေ့
ရတယ် ချိတ်ဆက်လို့မရကြဘူး၊ ပြည်သူတွေနဲ့အလှမ်းကွာနေတယ်”” လို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုအောင်သူက မော်လမြိုင်သို့ရောက်
ရှိစဉ် မွန်ပြည်နယ်မီဒီယာအဖွဲ့ မှမေးမြန်းမှု အားပြန်လည်းဖြေကြားခဲ့ခြင်းဖြစ်
သည်။
ဆက်လက်၍ ကိုအောင်သူက ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်မှုများ
မှာ ပုံသဏ္ဌာန်တင်မကဘဲ အနှစ်သာရများပါ ပါရှိရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်း
ရေးကို ကျနော်တင်မကဘဲ ကေအန်ယူ(KNU) ကလည်း လိုချင်ပါကြောင်း၊
အားလုံးသိထားတာက ဖက်ဒရယ်ဆိုရင် ခွဲထွက်မယ်ဆိုတာ ဘဲဖြစ်ကြောင်း၊
အမှန်ကဖက်ဒရယ်ဆိုတာနဲ့ ခွဲထွက်မယ်ဆိုတာမဟုတ်ကြောင်း၊ ကေအန်ယူ
(KNU)ကလည်းခွဲထွက်ဖို့ အစီစဉ်မရှိကြောင်း၊ တန်းတူရည်တူ ရပိုင်ခွင့်သာ
လို ချင်ခြင်းဖြစ်ကြောင်း၊ ပင်လုံထက် ကျယ်ပြန့်တဲ့ညီလာခံကို ပင်လုံသဘော
သက်ရောက်တဲ့ညီလာခံဖြစ်အောင် အားလုံးပါဝင်နိုင်အောင်ကြိုးစားဖို့လိုကြောင်း၊ အပေါ်ကလုပ်တာနဲ့အောက်ခြေကရတဲ့ သဘော တူညီမှုအပိုင်းမှာ သက်ရောက်
မှု အားနည်း နေသေးကြောင်း၊ နောက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ
ကျနော်တို့အနေနဲ့ ဘယ်လောက်အထိ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခွင့် ရမလဲ
ဆိုတာကိုသိလိုကြောင်း၊ တိုင်းရင်းသားများအတွက် ပေးဆပ်လိုကြောင်း၊ ပဋိပက္ခ
လုပ်ဖို့မဟုတ်ကြောင်း၊ တိုင်းပြည်က ပဋိပက္ခလုပ်ပြီး ဖန်တီးယူတဲ့ အဆင့်ကို
ကျော်လွန်ခဲ့ပြီး ဖြစ်ကြောင်း၊ ကုန်လွန်သွားတဲ့ အချိန်တွေကို နှမြောမိကြောင်း
ပြောကြားခဲ့သည်။
အဆိုပါ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ အနေဖြင့် မော်လမြိုင်မြို့သို့
ရောက်ရှိခဲ့ခြင်းမှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အနီးရှိ(၃၃) ဆူရွာ
တပ်မ(၆)တွင်ကျင်းပသော ကရင်ပြည်နယ် အာဇာနည်နေ့သို့တက်ရောက်ပြီး
အပြန်တွင်မော်လမြိုင်မြို့သို့ လမ်းကြုံဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပွင့်လင်းရာသီ
အောက်တိုဘာလလောက်တွင် မွန်ပြည်နယ်သို့ ရောက်ရှိလာဦးမှာဖြစ်ကြောင်း၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့အနေဖြင့် အဖွဲ့(၅) ဖွဲ့ခွဲ၍ မြန်မာနိုင်ငံအနှံသို့ လှည့်လည်သွားလာလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့တွင်
နောက်ဆုံးတွေ့ဆုံ ပြီး ငြိမ်းချမ်ရေးနှင့် ပွင့်လင်း လူမှုအဖွဲ့အစည်းဖြစ်ပေါ်ရေး အခမ်းအနားကျင်းပကာ နိုင်ငံတော်နှင့် မီဒီယာများအား တင်ပြ အသိပေးခြင်း
များဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခု လာရောက်သော ၈၈ မျိုးဆက်
ကျောင်းသားများ အဖွဲ့တွင် ကိုဌေးကြွယ်၊ ကိုသော်ဇင်ထွန်း၊ ကိုမင်းဇေယျ၊
ကိုဇော်ထက်ကိုကိုနှင့် ကိုအောင်သူတို့လိုက်ပါလာခဲ့ကြောင်း သိရသည်။
သတင်းရင်းမြစ်း Hot News Weekly
No comments:
Post a Comment