Monday, August 27, 2012

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်နှင့် ရေးမြို့နယ်များ အနေဖြင့် မဟာဓါတ်အားလိုင်းမှ လျှပ်စစ်ဓါတ်အားများကို မကြာမီရရှိ သုံးစွဲနိုင်တော့မည်

Photobucket
လက်ရှိမွန်ပြည်နယ်အတွင်းရှိမြို့နယ်(၁၀) နယ် အနက်(၈)မြို့နယ်အားနိုင်ငံတော်
၏ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်ဓါတ်အားများရရှိနေပြီးဖြစ်ကြောင်း၊ချောင်းဆုံ
မြို့နယ်နှင့် ရေးမြို့နယ်များမှာ   မဟာ  ဓါတ်အားလိုင်းမှ   လျှပ်စစ်  ဓါတ်အားများ


ပေးနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိမွန်ပြည်နယ်အတွင်း အိမ်ထောင်စုပေါင်း(၃)
သိန်း (၄)သောင်းကျော်ရှိပြီး၃၀.၁၇% ဖြစ်သော အိမ်ထောင်စု(၁)သိန်းကျော်မှာ
လျှပ်စစ်မီးသုံးစွဲလျက်ရှိကြောင်း၊ မွန်ပြည်နယ်အတွင်း ကျေးရွာပေါင်း(၁၂၀၀)
 ရှိသည့်အနက် ကျေးရွ(၅၇၂)ရွာမှာ National Grid အပါအ၀င် ဌာနပိုင် ပုဂ္ဂလိက
မီးစက်များ၊ ကိုယ်ထူကိုယ်ထမီးလင်းရေးစနစ်များဖြင့် မီးလင်းနေပြီးဖြစ်ကြောင်း၊ ကျန်ရှိသော ကျေးရွာများအနက် ၂၀၁၂-၂၀၁၃ ခုနှစ်ပြီးဆုံးပါက ကျေးရွာ(၄၀)
ထပ်မံ၍လျှပ်စစ်မီးရှိလာမှာ ဖြစ်ကြောင်း၊မွန်ပြည်နယ်အတွင်း လက်ရှိအချိန်တွင် ဓါတ်အားသုံးစွဲမှုမှာ နေ့အချိန်တွင်(၃၉)မဂ္ဂါဝပ်ရှိပြီး ညအချိန်တွင်(၄၃)မဂ္ဂါဝပ်ရှိ
ကြောင်း ၊စစ်တောင်းနှင့် သထုံမြို့များတွင် ၂၃၀ကေဗွီဓါတ်အားခွဲရုံများ တည်
ဆောက် ထားပြီး ဖြစ်သော်လည်း မွန်ပြည်နယ်အတွင်း  ဓါတ်အားပျောက်ဆုံးမှု
 Unit Losses မှာ ၃၀.၉၉%အထိရှိနေကြောင်း၊ မော်လမြိုင်မြို့တွင်တည်ဆောက်
လျက်ရှိသော ၂၃၀ကေဗွီ ဓါတ်အားခွဲရုံပြီးဆုံးပါက Unit Losses   ဖြစ်နေ မှုများလျော့နည်းလာမှာဖြစ်ကြောင်း၊Unit Losses ကျဆင်းရေးအတွက်
 ရေတို ရေရှည်စီမံကိန်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် မော်လမြိုင်မြို့မှတဆင့် ချောင်းဆုံမြို့ သို့လျှပ်စစ်ဓါတ်အားပို့လွှတ်
နိုင်ရေးအတွက် ၆၆ကေဗွီမော်လမြိုင်-ချောင်းဆုံဓါတ်အားလိုင်း(၁၅)မိုင်နှင့်
၆၆/၁၁ကေဗွီ(၁၀)အမ်ဗွီအေ ဓါတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ အားဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရေးမြို့နယ် လျှပ်စစ်ဓါတ်အားရရှိရေး
အတွက် ၂၀၁၄-၂၀၁၅ခုနှစ်တွင် ၂၃၀ကေဗွီ မော်လမြိုင်-ရေး ဓါတ်အားလိုင်း
(၈၂)မိုင်နှင့် ၂၃၀/၆၆ကေဗွီ(၁၀၀)အမ်ဗွီအေ ဓါတ်အားခွဲရုံတည်ဆောက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင်
မွန်ပြည်နယ်အတွင်၌ ကျေးရွာ (၇၉၁)ရွာအထိ မီးလင်းလာတော့မှာဖြစ်ကြောင်း၊
လက်ရှိရေးမြို့နယ်တွင် ပုဂ္ဂလိကလျှပ်စစ်ဓါတ်အားဖြန့်ဖြူးခြင်းကို တစ်ယူနစ်
(၅၅၀)ကျပ်နှုန်းဖြင့်  ဆောင်ရွက်လျက်ရှိပြီး သဘာဝမျာသုံးစွဲခွင့် ရရှိလာပါက
တစ်ယူနစ်   (၂၀၀)  ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးသွာနိုင်မှာဖြစ်ကြောင်း စသဖြင့် သြဂုတ်(၁၁)ရက်နေ့ကမော်လမြိုင်မြို့ မွန်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
ခန်းမ၌ကျင်းပပြုလုပ်သော မွန်ပြည်နယ်လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုး
တက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ မွန်ပြည်နယ်လျှပ်စစ်အင်ဂျင်နီ ယာမှူး
ဦးအောင်သန်းက ပြောကြားခဲ့သည်။


မွန်ပြည်နယ်အတွင်လျှပ်စစ်ဓါတ်အား  ကဏ္ဍဖွံ့ဖြိုး  တိုးတက်ရေး   အတွက် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ Gunkul Engineering
Public Co;Ltd   တို့ပူးပေါင်း၍လေစွမ်းအင်သုံးလျှပ်စစ်ဓါတ်အား မဂ္ဂါဝပ်(၁၀၀၀)
 ထုတ်လုပ်နိုင်ရေးအတွက် မွန်ပြည်နယ် ပေါင်မြို့နယ် ကုလားမတောင်ရှိ
 Zingyaik Site နှင့် ဘီလင်းမြို့အနီးရှိ   Bilin Site တို့တွင်ကျွမ်းကျင်သူပညာရှင်
များအဖွဲ့မှ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှုနှင့် ကွင်းဆင်းတိုင်းတာရေးလုပ် ငန်းများဆောင်ရွက်လျှက်ရှိပြီး မိုးလေသနှင့် လေတိုက်နှုန်းတိုင်းတာရေးတိုင်များ စိုက်ထူလျက်ရှိကြောင်းသိရသည်။


သတင်းရင်းမြစ်   Hot News Weekly

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ