Saturday, August 25, 2012

စီမံကိန်းမှ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် ပန်းထိန်ဆည်ကျေးရွာမှာ အခွင့်အရေးမရှိ







မြန်မာ-တရုတ် ရေနံပိုက်လိုင်းစီမံကိန်းမှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ မြဒေးကျွန်းရှိ
 ကျေးရွာများအတွက် ဒေသဖွံ့ဖြိုးစီးမံကိန်များဆောင်ရွက်ရာတွင် ပန်းထိန်ဆည်
ကျေးရွာမှာ အခွင့်အရေးများ မရရှိကြောင်း သတင်းရရှိသည်။
 
 " မြဒေးကျွန်းမှာတရုတ်တွေက ကျောင်းဆောက်ပေးတယ်၊ ဆေးခန်းဆောက်ပေး
တယ်၊ ရေပေးတယ်၊ ဒါပေမယ့် ပန်းထိန်ဆည်ကျေးရွာက ဘာမှမရဘူး၊ ရွာက
အိမ်ခြေနည်းတော့ ကျွန်းလူကြီးတွေကများ စာရင်းမတင်လို့ တရုတ်တွေ မပေး
တာလားမသိဘူး။ " ဟု ဒေသခံတစ်ဦးက ပြောသည်။

မြန်မာ-တရုတ် ရေနံပိုက်လိုင်းစီမံကိန်းမှ မြဒေးကျွန်းရှိ ပြိန်ရွာ၊ ရွာမနှင့်ကျောက်တန်း
ကျေးရွာတွင် စာသင်ကျောင်း၊ ဆေးခန်ဆောက်ပေးပြီး စီမံကိန်မှ ပိုက်လိုင်ဖြင့်သွယ်
တန်းကာ သောက်သုံရေများပေးထား သော်လည်း ပန်ထိန်ဆည်ကျေးရွာမှာ အဆိုပါ
အခွင့်အရေးများကို မရှိကြောင်း သိရသည်။

   မြဒေးကျွန်းတွင် ရွာမကျေးရွာ၊ ပြိန်ချောင်ကျေးရွာ၊ ကျောက်တန်းကျေးရွာနှင့်
ပန်းထိန်ဆည်ကျေးရွာရှိရာ အိမ်ခြေစုစုပေါင်း (၆၄၅)အိမ်၊ လူဦးရေမှာ (၂၇၂၄)ဦး
ရှိရာ ပန်းထိန်ဆည် ကျေးရွာတွင်  အိမ်ခြေ(၂၆)အိမ်ရှိပြီး၊ လူဦးရေမှာ (၁၀၀)ကျော်
ရှိသည်။မြဒေးကျွန်းရှိ အခြားကျေးရွာများတွင် စာသင်ကျောင်းရှိသော်လည်း
 ပန်းထိန်ဆည် ကျေးရွာတွင် စာသင်ကျောင်းမရှိသဖြင့် ဘိုစဉ်ဘောင်ဆက်ကပင်
ရွာသားများ ပညာမသင်ခဲ့ရသည့်အပြင် ရွာသားများမှာလည်း အလွန်တရာ ဆင်းရဲ
နွမ်းပါးကြကြောင်း သိရသည်။



၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ရွာသူ၊ ရွာသားများမှ ကိုယ်ထူကိုယ်ထ ကျောင်း
ဆောင်သစ်တစ်ဆောင် ဆောက်လုပ်ကာ စေတနာ့ဝန်ထမ်းဆရာတစ်ဦးမှ ကျေးရွာကို
 မူလတန်းကျောင်းသား ၁၈ ဦးအား စာသင်ကြား လျှက်ရှိကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ်  arakantimes     

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ