Monday, September 3, 2012

ကြေးနီစီမံကိန်း အရေး ဆောင်ရွက်နေသူ တဦး ဖမ်းဆီးခံရ

ဖမ်းဆီးထိမ်းသိမ်းခံရသူ ကိုဝေဠု Photo : ThanLarWaddy Times

လက်ပံတန်းတောင် ကြေးနီ စီမံကိန်းမှ လျော်ကြေး ငွေမပေးဘဲ လယ်မြေ သိမ်း
ထားမှုနှင့် ပတ်သက်၍ လယ်သမား များဘက်မှ အကူအညီ ပေးနေသော ရန်ကုန်

ပြည်သူ့ အကျိုးဆောင် ကွန်ရက် တာဝန်ခံ ကိုဝေဠုအား သြဂုတ် ၃၁ ရက်နေ့ည
၈ နာရီခန့်တွင် မြင်းမူမြို့၌ အာဏာပိုင်များက ထိန်းသိမ်းလိုက်ကြောင်း သတင်း
ရရှိသည်။

ကိုဝေဠုသည် မုံရွာမှ ရန်ကုန်သို့ ကြေးနီစီမံကိန်းဝန်းကျင်မှ ရွာသား ၂ ဦးနှင့်အတူ
 သြဂုတ် ၃၁ ရက်နေ့ ည ၇ နာရီတွင် မုံရွာမြို့မှ ထွက်ခွာသော မုံရွာ-ရန်ကုန် ရွှေစင်
စင်္ကြာကားနှင့် ထွက်ခွာလာစဉ် မြင်းမူမြို့သို့အရောက်တွင် လုံထိန်းအင်အား ၄၀
 ခန့်က ကားကို ၀ိုင်းလိုက်ပြီး   ဒေသအာဏာပိုင်များက   ကားပေါ်   သို့တက်ကာ
ကိုဝေဠုအား   ဖမ်းဆီးသွားကြ  သည်ဟု    နိုင်ငံရေး  အကျဉ်းသား    မိသားစုများ
အကျိုးဆောင်ကွန်ရက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။

စက်တင်ဘာ ၁ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဖမ်းဆီးမှုများ ရပ်စဲရန် လက်ပံတန်း
တောင်ခြေ၌ လူအင်အား ၁၀၀၀ ကျော်က ကန့်ကွက်ဆန္ဒပြခဲ့သည်။

သတင်းရင်းမြစ်    Popular Myanmar News

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ