သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်အရေး ရပ်တည်ချက်အပေါ် ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တွေမှာ ,ယမန်နေ့ မနက်
ပိုင်းက ကျင်းပခဲ့ပြီး သံဃာတော် (၅) ထောင်ကျော်အပါအ၀င် ပရိသတ် အင်အား စုစုပေါင်း (၁) သောင်းကျော်လောက် ဆန္ဒပြပွဲမှာ ပါဝင်အားပေး ခဲ့ကြပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ရခိုင်အရေး
ရပ်တည်ချက်အပေါ် ထောက်ခံတဲ့အနေနဲ့ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နဲ့
အောင်မြေသာစံမြို့နယ်တွေမှာ ၂၀၁၂ ခုနှစ် စက်တင်ဘာလ
၂ ရက်နေ့ မနက်ပိုင်းက
သံဃာတော် (၅) ထောင်ကျော် အပါအ၀င် ပရိသတ် အင်အား
တသောင်းကျော် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ပထမဆန္ဒပြပွဲကို မဟာအောင်မြေမြို့နယ် (၃၅) လမ်းနဲ့ (၈၄)
လမ်းထောင့်မှာ စတင်စု
ဝေးပြီး (၃၅) လမ်းအတိုင်း အရှေ့ဘက်ကို (၈၁) လမ်း အထိချီတက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒုတိယဆန္ဒပြပွဲကိုတော့ အောင်မြေသာစံမြို့နယ် လမ်း (၈၀) နဲ့ (၁၂) လမ်းကျုံးထောင့်
ကနေ တောင်ဘက် (၁၉) လမ်းအထိ၊ အဲဒီကနေ အနောက်ဘက် (၈၆) လမ်းအထိ
ချီတက်ခဲ့ပြီးတဲ့နောက် မူလစုရပ် ကျုံးထောင့်ကို ပြန်လည် ချီတက်ခဲ့ကြတာ ဖြစ်ပါ
တယ်။ ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ဦးဆောင်သူ နိုင်ငံရေး အကျဉ်းသားဟောင်း
ဆရာတော် ဦးဝီရသူက RFA ကို အခုလို မိန့်ကြားခဲ့ပါတယ်။
"ဆန္ဒပြတယ်ဆိုတာ မိမိရင်ထဲက ဆန္ဒတွေပါ။ ကောင်းတာတွေရော မကောင်းတာ
တွေရော။ ထောက်ခံတာ မထောက်ခံတာတွေရော၊ အားလုံးကို ဖော်ထုတ်တာ ခေါ်
ပါတယ်။ အခု ဆန္ဒပြပွဲဟာ နိုင်ငံတော် အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ မဟုတ်ပါဘူး။
ရခိုင်အရေး နဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရ ခေါင်းဆောင် သမ္မတကြီး ဦးသိန်းစိန်
ရဲ့ ရပ်တည်ချက်ကို မန္တလေး သံဃာထုရော လူထုရော လုံးဝထောက်ခံတယ်ဆိုတဲ့
ဆန္ဒပြတဲ့ ဆန္ဒဖော်ထုတ်ပွဲ ဖြစ်ပါတယ်။ "
အာဏာပိုင်တွေဘက်က ဆန္ဒပြအင်အား (၁၀၀) ပဲ ခွင့်ပြုထားခဲ့ပေမယ့် ချီတက်ရာ
လမ်းကြောင်းေ'x|Oɯ_G wိက်ပါအားပေးတဲ့ ရဟန်းရှင်လူတွေကြောင့် အင်
အားသောင်းနဲ့ချီ ရှိခဲ့တာဖြစ်ပြီး၊ နေ့လည်ပိုင်း ဆန္ဒပြပွဲမှာ မနက်ပိုင်းကထက်
အားပေးတဲ့ ပရိသတ် ပိုမို များပြားလာခဲ့ပါတယ်။
ဆန္ဒပြပွဲ တလျှောက်မှာ ပရိသတ်တွေက ရေသန့်ဗူးနဲ့ အချိုရေတွေ ပေးကမ်းကြ
သလို လက်ခုပ်သြဘာသံတွေနဲ့လည်း ထောက်ခံ အားပေးခဲ့ကြပါတယ်။ဒီကနေ့
ဆန္ဒပြပွဲဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း အင်အားအကြီးမားဆုံး
သံဃာထု ဆန္ဒပြပွဲကို ပထမဆုံးအကြိမ် ပြန်လည်မြင်တွေ့ရတာ ဖြစ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ ဆန္ဒပြပွဲကို လုံခြုံရေးရဲအင်အား (၂၀)
ကျော်လောက်ချထားခဲ့ပြီး အာဏာပိုင်တွေနဲ့ ဆန္ဒပြသူတွေအကြားမှာ ပဋ္ဋိပက္ခ
တစုံတရာ ဖြစ်ပွားမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ မနက်ဖြန်မှာတော့ ပြည်ကြီး
တံခွန်မြို့နယ်နဲ့ ချမ်းအေးသာစံမြို့နယ်၊ သဘက်ခါမှာတော့ ချမ်းမြသာစည်နဲ့
အမရပူရမြို့နယ်တွေမှာ ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့လည်း
သိရပါတယ်။
သတင်းရင်းမြစ်း RFA

No comments:
Post a Comment