
ပျောက်ကွယ်နေသည့် ရှမ်းနီလူမျိုးကို ပြန်လည်ဖေါ်ထုတ်ရန် အဓိက ရည်ရွယ်
တည်ထောင်သည့် တိုင်းလျဲန် ခေါ် ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ
ဌာနချုပ်ကို မန္တလေးမြို့ မဟာမြို့နယ်တွင် ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်လိုက်ပြီ
ဖြစ်သည်။
"ကျွန်တော်တို့လူမျိုးက ပျောက်ကွယ်သလိုဖြစ်နေတယ်။ လူမျိုးစာရင်းပေါ်အောင်
နဲ့ ကျွန်တော်တို့ဒေသဖွံ့ဖြိုးရေးကို အဓိကလုပ်ဆောင်သွားမယ်။ အဓိကတော့
မှတ်ပုံတင်လုပ်တဲ့အခါ လူမျိုးနေရာမှာ ရှမ်းနီ ဆိုပြီးထည့်နိုင်ဖို့ပါ။" ဟု ရှမ်းနီပါတီ (တိုင်းလျဲန်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ) ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က
ပြောသည်။
ရှမ်းနီ လူမျိုးများသည် မှတ်ပုံတင်လုပ်ရာ၌ ၁၉၅၈ ခုနှစ်က လူမျိုးနေရာတွင် ရှမ်း/
ဗမာ ဟုသတ်မှတ်ခံခဲ့ရပြီး ၁၉၈၇ နောက်ပိုင်းတွင် ရှမ်း (သို့မဟုတ်) ဗမာ တမျိုး
သာသုံးစွဲခွင့်ရခဲ့သည်။
လက်ရှိ ရှမ်းနီပါတီတွင် လက်ရှိပါတီဝင်အင်အား ၄,၇၀၀ ရှိပြီး ၂၀၁၂ ခုနှစ် မေလ
၁၀ ရက်နေ့တွင် မှတ်ပုံတင်ခွင့် ရရှိထားသော ပါတီတခုဖြစ်သည်။ ရှမ်းနီလူမျိုး
များနေထိုင်ရာ မိုးညှင်၊ မိုးကောင်း၊ ဗန်းမော်၊ မြစ်ကြီးနား စသောဒေသများနှင့် သွားလာရလွယ်ကူသောကြောင့် မန္တလေးတွင် ရုံးချုပ်ဖွင့်လှစ်ရန် ရွေးချယ်ရခြင်း
ဖြစ်သည်ဟုလည်း ဦးစိုင်းဌေးအောင်က ပြောသည်။
သတင်းရင်းမြစ်း မဇ္ဈိမ
No comments:
Post a Comment