Wednesday, September 5, 2012

ဒညင်းကုန်း အုတ်စက်ရုံ လုပ်သားတို့ နေစရာတောင်း

Photobucket

အမှတ် ၂ စက်မှုဝန်ကြီးဌာနပိုင် အင်းစိန် ဒညင်းကုန်း အုတ်စက်ရုံကို မားသား
ထရိတ်ဒင်း ကုမ္ပဏီသို့ ရောင်းချလိုက်ရာ စက်ရုံအတွင်းနေထိုင်သည့် အုတ်
လုပ်သား အိမ်ထောင်စု ၃၀ ကို ကုမ္ပဏီက ဆက်လက်နေထိုင်ခွင့် မပြု
တော့ခြင်းကြောင့် နေစရာ ပြန်လည်ဖန်တီးပေးရန် တောင်းဆိုနေကြသည်။

"ကျွန်မတို့ ကျောတစ်နေရာစာက အဓိက ကျပါတယ်။ သက်ဆိုင်ရာဝယ်လိုက်တဲ့ ကုမ္ပဏီကိုလည်း မေတ္တာရပ်ခံချင်ပါတယ် ရောင်းလိုက်တဲ့ အဖွဲ့အစည်းကိုလည်း
 မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့ကို အကူအညီပေးပါ။" ဟု စက်ရုံအတွင်းနေ
ထိုင်သူ အလုပ်သမ ဒေါ်ခင်မာဝင်းက ပြောသည်။

စက်ရုံအလုပ်သမားများမှာ လုပ်ငန်းပိုင်ရှင်လွှဲပြောင်းကြောင်း၊ နေထိုင်ရာ နေရာများ
ရွှေ့ပြောင်းပေးရမည်ကို ကြိုတင်မသိရှိခဲ့ရဘဲ လက်ရှိလုပ်ကိုင်နေသော အလုပ်များ
ကို ခေတ္တနားမည်ဟု အုတ်စက်ရုံ အရာရှိ ပြောကြားချက်ဖြင့် အလုပ်နားနေရသည်မှာ
 မေလထဲကဖြစ်ပြီး သြဂုတ်လ ၃၀ ရက်နေ့မှ မိမိတို့နေထိုင်ရာ နေအိမ်များကို သြဂုတ်
လ ၃၁ နေ့တွင် ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်းသိခဲ့ရခြင်းဖြစ်သည်ဟု အလုပ်သမား
များ၏ အရေးကို ကူညီဆောင်ရွက်နေသူ ၈၈ မျိုးဆက်ကျောင်းသူတဦးဖြစ်သူ
 ဒေါ်မာမာဦး ကပြောသည်။

"ရောင်းတဲ့အဖွဲ့အစည်းဘက်မှာလဲ တာဝန်ရှိသလို ဝယ်တဲ့ဘက်ကလည်း တာဝန်
ရှိတာကြောင့် အခုနေအိမ်တွေကို ဖယ်ခိုင်းတဲ့ မားသားထရိတ်ဒင်းကုမ္ပဏီကိုတွေ့ပြီး
 လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေရဲ့ဘဝအခြေအနေကို ပြောပြမယ် ကျွန်မတို့
့ကြားရသလောက်ကတော့ နိုဝင်ဘာလ ၄ ရက်နေ့ကို အပြီးထွက်သွားခိုင်းပါတယ်။
တစ်ခုခုကို အဆင်ပြေအောင်လုပ်ပေးဖို့ရာအတွက် ကြားကနေပြီး မေတ္တာရပ်ခံပေး
မယ်" ဟုလည်း ဒေါ်မာမာဦးက ပြောသည်။

အဆိုပါ အုတ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ ၁၂၀ ခန့်ရှိသည်ဟုလည်း သိရသည်။

၁၉၉၈ ခုနှစ်ကတည်း ယင်းအုတ်စက်ရုံတွင် လာရောက်အလုပ်လိုက်ကိုင်နေသူ
ပဲခူးတိုင်း ဇီးကုန်းမြို့မှ ကိုဇော်ဦးကလည်း “ကျွန်တော်တို့ကို အလုပ်ဆက်မလုပ်
ခိုင်းတော့ရင်လည်း ဒီမြေနေရာလေးမှာပဲ နေချင်တယ်။ သူတို့ကမဖြစ်မနေ
 ပြောင်းပေးပါဆိုရင်လည်း အဆင်ပြေမယ့်နေရာမျိုးမှာ ပြန်ပြီးထားပေးစေချင်
တယ်။ တစ်ခြားတစ်နေရာ ပြောင်းဖို့ဆိုတာလဲ ကျွန်တော်တို့အနေအထားနဲ့ လုံးဝမဖြစ်နိုင်လို့ပါ”ဟု ပြောသည်။

၁၉၇၅ ခုနှစ်တည်းက စက်မှုဝန်ကြီးဌာနကို အမှတ် ၁၊ အမှတ် ၂ အဖြစ် ဌာနနှစ်ခု
ခွဲထားသည့် မြန်မာအစိုးရ အဆက်ဆက်သည် ၂၀၁၀ ခုနှစ် ဦးသိန်းစိန် အစိုးရ
တက်လာသည်အထိ ဌာနနှစ်ခု အထိ ရှိခဲ့ပြီးနောက် ၂၀၁၂ ခုနှစ် စက်တင်ဘာလ
အတွင်း စက်မှုဝန်ကြီးဌာနတခုတည်းထားရှိပြီး ဝန်ကြီးဌာန ဦးအေးမြင့်မှ တာဝန်
ယူရန် သမ္မတက ပြည်ထောင်စုလွှတ်တော်တို့ သဝဏ်လွှာပေးပို့ထားသည်။

ဦးသိန်းစိန် အစိုးရတက်လာပြီးနောက် ဦးကျော်စွာခိုင်ကို အမှတ် ၁ စက်မှုဝန်ကြီး
 ဦးစိုးသိန်းကို အမှတ် ၂ စက်မှုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးပြီးနောက်
ယခုနှစ် ဧပြီလတွင် ဦးကျော်စွာခိုင်ကို ကျန်းမာရေး အကြောင်းပြချက်ဖြင့် ရာထူးမှ
အနားပေးပြီးနောက် ဦးစိုးသိန်းမှ ဆက်လက်တာဝန်ယူခဲ့သည်။

သတင်းရင်းမြစ်    မဇ္ဈိမ      

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ