
ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးများအနက်
ရှမ်းလူမျိုးစုဦးရေသည် လူဦးရေ၏ ၆၀ ရာခိုင်နှုန်းခန့်ရှိသည်ဟု ခန့်မှန်းထားကြောင်း
နှင့် ငြိမ်းချမ်းရေးရရှိရန် အတွက် ပြည်နယ်တွင်းမှ တိုင်းရင်းသား လူမျိုးအားလုံး၏
မျက်နှာကို အဓိကထား၍ ကြည့်ကာ ဆွေးနွေးရမည်ဖြစ်ကြောင်း တိုင်းလိုင်(ရှမ်းနီ)
အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီမှ အတွင်းရေးမှူးက ပြောကြားခဲ့သည်။
ကချင်ပြည်နယ်တွင်း လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများ၊ ငြိမ်းချမ်းရေး
ရရှိရန် လိုအပ်နေမှုများ စသည်တို့နှင့် ပတ်သက်၍ သဘောထားအမြင်ကို ၂၀၁၂
ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က ဆက်သွယ်မေးမြန်းရာတွင် တိုင်း လိုင်
(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ပြန်လည်ဖြေကြားခဲ့သည်။
"အခုလက်ရှ?zW|N误UK ငြိမ်းချမ်းရေးရဖို့ဆိုရင် တပ်မတော်ရယ် လက်ရှိ
အစိုးရပေါ့ဗျာ၊ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ကချင်အဖွဲ့အစည်းပေါ့။ သူတို့ရဲ့
သဘောတူညီချက်ရရင်၊ ငြိမ်းချမ်းရေးရရင် အကောင်းဆုံးပေါ့။ သို့သော်လည်း
အမြဲတမ်း တည်တံ့တဲ့ ငြိမ်းချမ်းရေးရ ဖို့ဆိုရင်တော့ ကချင်ပြည်နယ်တွင်းမှာ
နေထိုင်ကြတဲ့ လူမျိုးအားလုံးပေါ့။ ဒေသခံ လူမျိုးအားလုံးတို့ရဲ့ သဘောထား
ဆန္ဒကို လည်းထည့် သွင်းစဉ်းစားပေးမယ် ဆိုရင်တော့ ဒါဟာပိုမိုပြီး ကောင်းမွန်
တဲ့ ငြိမ်းချမ်းရေးကို ရရှိမယ်လို့ အမြဲတမ်း ယုံကြည်ထားပါတယ်"ဟု ဦးစောဝင်းထွန်း
က ပြောကြားခဲ့သည်။
ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့ အကြား တစ်ကျော့ပြန်
တိုက်ပွဲများသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ကာ လက်ရှိတွင် တစ်နှစ်ကျော်ကာလသို့ ရောက်ရှိနေပြီဖြစ်သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကချင်လွတ်မြောက်
ရေးအဖွဲ့(ကေအိုင်အို) မှ တာဝန်ရှိသူများသည် ပြည်နယ်အဆင့်သုံးကြိမ်၊
ပြည်ထောင်စုအဆင့် သုံးကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း ဆွေးနွေး ပြေ
လည်ခြင်း မရှိခဲ့သေးကြောင်း သိရှိရသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများမှာ စက်တင်ဘာလဆန်းပိုင်း အထိ ဆက်
လက်ဖြစ်ပွားမှု ရှိနေသည်။
"ပါတီ အမြင်ဆိုတာထက် ကျွန်တော့်ရဲ့ အမြင်ပေါ့။ ကျွန်တော်လည်း ဒေသခံပါ။
ဒေသခံလူမျိုးတွေဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်မြေကိုယ့်ရေ အကြောင်း ပိုသိ
ပါတယ်။ အဓိက မရနိုင်ရခြင်း အကြောင်းက တစ်ဖက်နဲ့ တစ်ဖက်ရယ်လို့ မပြော
လိုပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးနေကြတဲ့အထဲမှာ သူ့အယူအဆ၊ ကိုယ့်အယူ
အဆဆိုတာ ရှိကြမှာပါ"ဟု ဦး စောဝင်းထွန်းက ပြောကြားသည်။
"သို့သော်လည်း ဆွေးနွေးနေကြတဲ့ နှစ်ဖွဲ့လုံး အဓိကအားဖြင့် ပြောရင်တော့
ပြည်သူလူထုရဲ့ မျက်နှာ၊ ကချင်ပြည်နယ်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသား
လူမျိုးတွေအားလုံးရဲ့ မျက်နှာကို အဓိကထား ကြည့်ပြီးမှ စဉ်းစားကြမယ် ဆို
ရင်တော့ ငြိမ်းချမ်းရေးရမယ်၊ ထာဝရငြိမ်းချမ်းရေးလည်း ဖြစ်မယ်။ ငြိမ်းချမ်းရေး
မရနိုင်တဲ့ အချက်ကတော့ ဆွေးနွေးနေကြတဲ့ အချက်တွေမှာ အဓိကက အရေး
တကြီးအဖြစ် သူတို့ မထည့်သွင်း မစဉ်းစားသေးတဲ့ အတွက်ကြောင့် ငြိမ်းချမ်းရေး
မရခြင်းလို့ပဲ ယူဆပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
သတင်းရင်းမြစ်း Eleven Media Group

No comments:
Post a Comment