
ခေတ်ပြောင်း စနစ်ပြောင်းတွင် အပြောင်းအလဲများ သိသာထင်ရှားစွာ ထွက်ပေါ်လာရန်
အစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က စက်တင်ဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်၌ ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီး
အကဲများ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များအား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး
ခန်းမဆောင်ကြီး၌ မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''ခေတ်ပြောင်း စနစ်ပြောင်းမှာ အပြောင်းအလဲတွေ
သိသာထင်ရှားစွာ ထွက်ပေါ်လာဖို့ အတွက် ကျွန်တော်တို့
အစိုးရအဖွဲ့ကို အပြောင်း
အလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်တွေ့မှာ ပြည်သူ့ရေးရာ
ဝန်ဆောင်မှုတွေ
ကို ဖြည့်ဆည်းဆောင်ရွက်ပေးကြတဲ့ နေရာမှာ အမှန်တစ်ကယ်
ပြောင်းလဲလာဖို့၊
ပြည်သူတွေကို အလေးအမြတ်ထားတဲ့ ကောင်းမွန်တဲ့
အပြောင်းအလဲတွေ
ဖြစ်ထွန်းပေါ်ပေါက်လာဖို့ ပြည်သူတွေအကြားမှာ ဘယ်လို
အခက်အခဲတွေ ကြုံတွေ့
နေရတယ်၊ ဘာတွေ လိုလားတောင့်တ နေကြတယ်၊ ဒါတွေကို
သိရှိနားလည်အောင်
လုပ်ကြဖို့ လိုပါတယ်။ ပြည်သူတွေအကြားမှာ
နေထိုင်ရှင်သန်နေကြရတဲ့ ပြည်သူ့
ဝန်ထမ်းတွေ ဖြစ်တာနဲ့အညီ ဂုဏ် သိက္ခာ
မြင့်မားတဲ့ အစိုးရယန္တရား တစ်ရပ် ပီပီပြင်ပြင်
ဖြစ်ပေါ်လာအောင်၊ အထက်က
ညွှန်ကြားမှ ဆောင်ရွက်တာ၊ မီဒီယာတွေမှာ ထောက်ပြ
လာမှ ဆောင်ရွက်တာ စတဲ့ အမှုမဲ့
အမှတ်မဲ့ လုပ်ရပ်တွေကိုလည်း ရှောင်ရှားကြဖို့
လိုပါတယ်။ ကျွန်တော့အနေနဲ့
ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေကို
ယုံကြည်စွာနဲ့ တာဝန်တွေ
အပ်နှင်းပေးလိုက်ပါပြီ။ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယ
oဝန်ကြီးတွေ အနေနဲ့လည်း
လက်အောက်မှာရှိနေတဲ့ အစိုးရဝန်ထမ်း အရာရှိ အဆင့်
ဆင့်ကို ယုံကြည်စွာနဲ့
တာဝန်တွေ ခွဲဝေအပ်နှင်းပေးကြဖို့ လိုပါတယ်။ ရှင်းလင်း
လွယ်ကူပြီး တိကျပြတ်သားတဲ့ လုပ်ငန်းစဉ်တွေ ချမှတ် ပေးကြဖို့ လိုပါတယ်။
ကျွန်တော်တို့အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေဟာလည်း ပြည်သူတွေနဲ့
အမှန်တကယ်
ထိတွေ့ ဆက်ဆံနေကြရတဲ့ အောက်ခြေဝန်ထမ်း အဆင့်ဆင့်အထိ ရောက်ရှိဖို့
လိုပါ
တယ်။ ဒါမှသာလျှင် အစိုးရအုပ်ချုပ်ရေးယန္တရားအတွက် ခေတ်အဆက်ဆက်
မလိုလား
အပ်တဲ့ အနှောင့်အယှက် အတားအဆီးတွေ ဖြစ်ခဲ့တဲ့ ကြိုးနီစနစ်တွေ
လျော့နည်း ပပျောက် သွားစေမှာ ဖြစ်ပါတယ်။''ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော်
ကိုင်ဖက်တွေ ယခုလို တိုးပွားလာတဲ့ အတွက် တိုင်းပြည်ရဲ့
လုပ်ငန်းတာဝန်တွေကို
ပိုမိုပြီး ထိရောက်အောင်မြင်စွာ ဆောင်ရွက် နိုင်မယ်
လို့လည်း အခိုင်အမာ ယုံကြည်
ထားပါတယ်။ ဒီလို ယုံကြည်ထားလို့လည်း စနစ်တကျ
ရွေးချယ်ပြီး ဥပဒေနဲ့အညီ ခန့်အပ်တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။''ဟုလည်း
ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့
ကောင်းမွန်တဲ့ အစိုးရ၊
သန့်ရှင်းတဲ့အစိုးရ ဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးပမ်း
ဆောင်ရွက်
ကြရပါမယ်။ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်စေဖို့အတွက်
ကျွန်တော်တို့ တစ်ဦးချင်းမှာ တာဝန်ရှိပါတယ်။ ကိုယ်တစ်ဦးချင်း
ကောင်းရုံနဲ့လည်း
မရပါဘူး။ အဖွဲ့အစည်းတစ်ခုကို တာဝန်ခံ၊ တာဝန်ယူ
ထားကြရသူများ ဖြစ်ကြတဲ့
အတွက် ကိုယ်ကောင်းသလို ကိုယ့်အဖွဲ့အစည်း
ကောင်းအောင်လည်း လုပ်ကြရပါ
မယ်။ ကိုယ့်အဖွဲ့အစည်း ကောင်းအောင် တည်ဆောက်ရာမှာ
ခေါင်ကလုံမှ တံစက်မြိတ်
လည်း လုံမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို
ကောင်းအောင် အရင်ဆုံး တည်ဆောက်ကြ
ဖို့ ပြောကြားလိုပါတယ်။ အလားတူပဲ
မိမိတို့ဝန်ကြီးဌာန၊ မိမိတို့အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ပြည်သူတွေရဲ့
ရှုမြင်ချက်၊ သတ်မှတ်ချက်တွေ အတွက်လည်း မိမိတို့မှာ
အဓိက တာဝန်ရှိကြောင်း
သတိပြုကြစေ လိုပါတယ်။''ဟုလည်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတဦးသ;g]z~Cw့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်း
နိုင်ငံတော်သမ္မတဦးသ;g]z~Cw့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်း
အနားကို စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ
နိုင်ငံတော်
သမ္မတရုံး ခန်းမဆောင်ကြီး၌ ကျင်းပခဲ့ပြီး ဒုတိယဝန်ကြီးများအဖြစ်
ခန့်အပ်တာဝန်ပေး
ရန် ရွေးချယ်ထားသော ပုဂ္ဂိုလ်များသည် နိုင်ငံတော်သမ္မတ၏
ရှေ့မှောက်၌ ကတိ
သစ္စာပြုခဲ့ကြသည်။
ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ရန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ
ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ရန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ
အား
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမိန့်များ ထုတ်ပြန်၍ သြဂုတ်လ
အတွင်းက
ပြောင်းလဲတာဝန်ပေးအပ်ခဲ့သည်။
ယခုပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား ပြောင်းလဲတာဝန်ပေးအပ်
ယခုပြည်ထောင်စုဝန်ကြီးများနှင့်
လိုက်ခြင်းသည်
၂၀၁၁ ခုနှစ် မတ်လတွင် စတင်တာဝန်ယူခဲ့သည့် သမ္မတဦးသိန်းစိန်
အစိုးရလက်ထက်
အကြီးမားဆုံး အစိုးရ အဖွဲ့ ပြုပြင်ပြောင်းလဲမှုလည်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲ
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲ
မှုများ အဆက်မပြတ်ဆောင်ရွက်လာမှုကြောင့် မြန်မာနိုင်ငံအပေါ်
ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို နိုင်ငံတကာက ဖြေလျော့ဆိုင်းငံ့မှုများ
ပြုလုပ်လာကြသလို
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန်လည်း စိတ်ဝင်စားလာကြသည်။
သတင်းရင်းမြစ်
း Eleven Media Group
No comments:
Post a Comment