အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း
ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ
ပထမဆုံးအကြိမ် အဖြစ် တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်
အေးချမ်းရေး ရရှိဖို့ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေး
ကော်မတီ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်တိုင်း အတွင်းက တရားစီရင်ရေး ဆိုင်ရာ
ဝန်ထမ်းတွေကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ လာမယ့် စက်တင်ဘာ
၈ ရက်နေ့ တွေ့ဆုံဖို့ ရှိတယ်လို့ ရန်ကုန် တိုင်းအစိုးရ ရခိုင် တိုင်းရင်းသားရေးရာ
ဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။
အဲဒီ တွေ့ဆုံပွဲကို နေပြည်တော် ပြန်ကြားရေး၊ ကာကွယ်ရေး၊ တရားရေး ဌာန
တွေက ဌာနဆိုင်ရာ အရာရှိတွေ၊ တပ်မတော် အရာရှိတွေ၊ ရဲအရာရှိတွေ အပါ
အဝင် တာဝန်ရှိသူ ၂ ရာကျော် တက်ရောက်မယ်လို့ သိရပါတယ်။
သတင်းရင်းမြစ်း RFA
![]() |
EU ရုံးဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးမြင့်ဆွေတို့ အား အတူတွေ့ ရစဉ် |
No comments:
Post a Comment