Monday, September 3, 2012
ဘူသီးတောင်မြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦးအား ဓါးဖြင့် ခုတ်သူအား ရဲက ဖမ်းဆီး
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဟင်းသီး ဟင်းရွက် ၀ယ်၍ ပြန်လာ
သူ  ရခိုင် အမျိုးသမီးငယ် တစ်ဦးအား ဓါဖြင့် ခုတ်သူဟု စွပ်စွဲခံထားရသူ
အဘူကာဆိမ်းဆိုသူအား ရဲက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။
“ ဟုတ်ကဲ့။ အဲဒီအမှုနဲ့ ပတ်သတ်ပြီး အာဘူ ကာဆိမ်းကို ဖမ်းဆီး အမှုဖွင့်ထား
ပါတယ်။ အခု လောလောဆယ် ၅  ယောက် ဖမ်းဆီး ထားပါတယ်။ ဒါပေမဲ့ ခုတ်
တာက တယောက်တည်းဖြစ်တဲ့ အတွက် သူတစ်ယောက်တည်းကိုဘဲ ဖမ်းဆီး
 တရားစွဲဆိုထားပြီး  တခြားသူတွေကိုတော့ သက်သေ အဖြစ် ခေါ်ထားတာ
 ဖြစ်ပါတယ်။ ဖမ်းလာ တာမဟုတ်ပါဘူး” ဟု ဘူးသီးတောင်ရဲစခန်းမှ တာဝန်ကျ
ရဲဝန်ထမ်း တစ်ဦးက ပြောသည်။
အမှုနှင့်ပတ်သတ်ပြီး ဖမ်းဆီးထားသည့် အာဘူကာဆိမ်းမှာ အသက် ၁၉ နှစ်ဖြစ်
ပြီး သူနှင့်  တစ်ခြား အပေါင်းအပါ ၅ ဦးတို့အား  ယမန်နေ့က  ကျေးရွာသားများက
ဓါးခုတ်ခံရသူ အမျိုးသမီးငယ်မှာ ရီရီသန်း ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ပြင်ရှည်
ကျေးရွာမှ အဘ ဦး စံကျော်လှသမီး ဖြစ်သည်။ ဓါးခုတ်ခံရသဖြင့် ဘယ်ဘက်ခြေ
ဖနှောင့် အထက်တွင် ဒဏ်ရာရရှိသွားပြီး ယခုအ ခါ ဘူသီးတောင် ဆေးရုံတွ
င်
 ဆေးကုမှု ခံယူနေရ ကြောင်း သိရသည်။မရီရီသန်းမှာ အစ်ကိုဖြစ်သူ ကျော်သန်းလှိုင်၊
 မောင်ဖြစ်သူ ကျော်သန်းဌေးတို့နှင့်အတူ စက်တင်္ဘာလ (၁) ရက်နေ့က အေရာချာ
 (ခမီး အမျိုးသားကျေးရွာမှ) အပြန်တွင် ယခုကဲ့သို့ ဓါးခုတ်ခံရခြင်းဖြစ် ကြောင်း ဖြစ်
ပျက် ခဲ့ပုံနှင့်ပတ်သတ်ပြီး ဘူးသီးတောင်မြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“ သူတို့က အေရာချ ဆိုတဲ့ ခမီးရွာမှာ ယာတောင်ကထွက်တဲ့ ဟင်းသီးဟင်းရွက်
တွေကို ၀ယ်ဖို့သွား တယ်။ အဲဒီရွာမှာ တညအိပ်ပြီး မနက်ပိုင်းမှာ ဟင်းသီးဟင်း
ရွက်တွေနဲ့ဆင်းလာတယ်။ အုတ်တောင် ရွာ တောင်ဘက်က ဘုန်းကြီးကျောင်း
ဟောင်း နေရာကို နေ့လည် ၁ နာရီ မိနစ် ၂၀ ခန့်မှာ ရောက်ပါ တယ်။ အဲဒီ နေရာ
ကို ရောက်တဲ့အခါ ဘင်္ဂလီ ၂၀ ခန့်နဲ့တွေ့ပါတယ်။ အဲဒီမှာ ဘင်္ဂလီ လူငယ်တဦး
က ရီရီသန်း နောက်က လိုက်လာပါတယ်။ ရှေ့ကသွားနေတဲ့ မောင်ဖြစ်သူနဲ့ နည်း
နည်း အလှမ်းဝေးနေ တဲ့အတွက် မောင်ဖြစ်သူကို မှီအောင် အော်ပြီး ပြေးလိုက် တဲ့
အခါ လဲကျသွားတယ်။ အဲဒီနေရာမှာ မရီရီသန်းကို ဘင်္ဂလီလူငယ်က ဓါးနဲ့ ခုတ်
တာ ဖြစ်ပါတယ်”  ဟု ပြောသည်။
မရီရီသန်းမှာ စိုးရိမ်ရသော အခြေအနေတွင် မရှိသော်လည်း ခြေထောက်တွင်ဓါး
ခုတ်ခံရသဖြင့် အချိန်ယူ ဆေးကုသရမည်ဟု သိရသည်။
သတင်းရင်းမြစ်   နိရဉ္ဇရာ
No comments:
Post a Comment
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ