Monday, September 3, 2012
မွေးရာပါ ဦးနှောက်ကျွံရော ဂါဖြင့် ဦးခေါင်းတစ်ခုစာ အသား ပိုပါလာသော ကလေးငယ် အောင်မြင်စွာ ခွဲစိတ်ပြီးစီး
မွေးရာပါ ဦးနှောက်ကျွံရော ဂါဖြင့် ဦးခေါင်းတစ်ခုစာ အသား ပိုပါလာသော ကလေးငယ်
အား ယနေ့ စက်တင်ဘာလ ၃ တွင် အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ ကြောင်းသိရသည်။
အသက် ၁ လနှင့် ရက် ၂ဝ ရှိ အဆိုပါ ကလေးငယ်သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး
ဦးနှောက် နှင့် အာရုံကြောခွဲစိတ်ဌာနတွင် တက်ရောက်ကုသပြီး ခြောက်ရက် အကြာ
တွင် ခွဲစိတ်ဆရာဝန် ဦးမြတ် သူ၊ ဒေါက်တာကျော်စွာအောင်နှင့် မေ့ဆေးဆရာဝန်
ဦးအောင်ကြည်တို့ ပါဝင်သော အဖွဲ့က ခွဲစိတ်ပေးခြဲ့ခင်း ဖြစ်ကြောင်း သိရသည်။
နံနက် ၉ နာရီမှ စ၍ ခွဲခန်းသို့ ဝင်ရောက်ခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် ပြီးစီးကြောင်း
ဆေးရုံဆင်း ရမည့် ရက်ကိုမူမသိရှိရသေးကြောင်း ကလေး၏ မိဘများကပြောသည်။
မေ့ဆေးဆရာဝန် ဦးအောင် ကြည်က 'ကလေးကခေါင်းကကြီး တော့ အသက်ရူပိုက်
ထည့်ရတာ တခြားကလေးထက်ပို ခက်တယ်။ ကလေးကနုတော့ လူကြီးထက်ပို
ဂရုစိုက်ရတယ်။ တခြားပြဿနာ က ဘာမှမရှိပါဘူး' ဟု ခွဲစိတ်မှုနှင့် ပတ် သက်၍
ပြောကြားသည်။
အဆိုပါ ကလေး၏ အသားပိုမှာ လုံးပတ် ၉ လက်မ၊ အမြင့် ၆ လက်မခန့်ရှိသည်ဟု
ခန့် မှန်းရပြီး ခွဲစိတ်ရန်ငွေအခက်အခဲရှိ နေသောကြောင့် စေတနာရှင်များ က လည်း
လာရောက် လှူဒါန်းကြ ကြောင့် ထို့သို့လာရောက်လှူဒါန်း သော အလှူရှင်းများနှင့်
ခွဲစိတ်ပေး သော ဆရာဝန်များ ဆရာမများကို ကျေးဇူးတင်ကြောင်း ကလေးမိဘ
များက ပြောကြားသည်။
သတင်းရင်းမြစ်း Popular Myanmar News
Labels:
သတင်း
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ

No comments:
Post a Comment