Tuesday, September 4, 2012

သက်တမ်း ၄၀ ရှိ ဘောက်ထော်ဈေး အဆင်မြှင့်ရန်တင်ပြ

upgrademarketssss
သက်တမ်း ၄၀ ခန့်ရှိပြီဖြစ်သော ရန်ကုန်မြို့ ရန်ကင်း ဘောက်ထော်ဈေးကို တွေ့မြင်ရစဉ်

 သက်တမ်း ၄၀ ခန့်ရှိပြီဖြစ်သော ရန်ကုန်မြို့ ရန်ကင်း ဘောက်ထော်ဈေးသည် ဈေးဆိုင်
ခန်း များ ဟောင်းနွမ်းနေခြင်း၊ ဈေးအတွင်းလမ်းများ ကောင်းမွန်မှုမရှိတော့ခြင်းကြောင့်
အဆင့်မြင့် ဈေးအဖြစ် ပြန်လည်ဆောက်လုပ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေး ကော်မတီသို့ သြဂုတ်လအတွင်း တင်ပြတောင်းဆိုထား သည်ဟု ဘောက်ထော်
ဈေး ဈေးသာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အေးက ပြောသည်။

"ဈေးသူဈေး သားတွေဆီကဆန္ဒမဲကို ပြီးခဲ့တဲ့သြဂုတ်လက ကောက်ခံခဲ့တာ။ ပယ်မဲမရှိ ရာခိုင်နှုန်းပြည့်ထောက်ခံ ကြပါတယ်။ ဒါကြောင့် ခရိုင်ရုံးကိုရော ၊စည်ပင်ကိုပါ ပြန်တင်ပြ
ထားပါတယ်" ဟု ဦးအေးကျော်က မဇ္ဈိမကိုပြောသည်။

"ဈေးဆိုင်ခန်းတွေရဲ့ အခြေအနေက ပတ်ဝန်းကျင်အခြေအနေနဲ့ လုံးဝသင့်တော်မှုမရှိ
တာကြောင့် ဈေးအသစ်ပြန်ဆောက်ပေးဖို့ စည်ပင်ကိုတင်ပြခဲ့ရတာပါ" ဟု ရန်ကင်း
ဘောက်ထော်ဈေးအတွင်း ကုန်ခြောက်ဆိုင် ဖွင့်လှစ် ထားသည့် ဒေါ်ကြည် ပြောသည်။


ဈေးသူ ဈေးသားများ၏ တင်ပြတောင်းဆိုမှုများရှိသော်လည်း တိုင်းဒေသကြီး အစိုးရ
၏ ခွင့်ပြုချက် ရရှိမှသာဆောက်လုပ်ရေး လုပ်ငန်းများ လုပ်ကိုင်နိုင်မည်ဖြစ်သည်ဟု
ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီဈေးများဌာနမှ ဒုတိယဌာနမှူး
ဦးမောင်မောင်အေးက ဆိုသည်။

"ခွင့်ပြုချက်ရရင် ဆောက်လုပ်ဖို့စီစဉ်မှာပါ။ ဆောက်လုပ်ခွင့်ရပြီဆိုရင် လည်း   ဈေး
ဆောက်လုပ် နေစဉ်ကာလအတွင်း ယာယီဈေးဖွင့်လှစ်နိုင်အောင် ဈေးအနီးတစ်ဝိုက်
မှာ နေရာချပေးမှာပါ။ အဲဒါတွေ အကုန်လုံး စီစဉ်ပြီးပြီဆိုမှဈေးဆောက်ဖို့ လုပ်ငန်း
စတင်မှာ" ဟု ဦးမောင်မောင်အေးက ပြောသည်။

အကျယ်အဝန်း အလျား ၁၅၂ ပေ၊ အနံ ၁၂၇ ပေရှိသည့် ရန်ကင်း ဘောက်ထော်
ဈေး မြေဧရိယာအတွင်း ၅x၆ ပေ အကျယ်အဝန်းရှိ ဆိုင်ခန်းပေါင်း ၇၈ ခန်းရှိသည်။

သတင်းရင်းမြစ်    မဇ္ဈိမ      

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ