
ပလောင် စစ်ပြေးဒုက္ခသည်များ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေ တိုက်ပွဲဖြစ်လို့ပလောင်ပြည်သူ ၁၀ဝ၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး တိမ်း
ရှောင်နေရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်က
တိုက်ပွဲတွေ ဆက်နေတဲ့အတွက် ထွက်ပြေးတိမ်းရှောင်သူ တ ထောင်ကျော်သွားပြီလို့ တေအာင်းပေလာင်ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးအဖွဲ့ဝင် လွေးပိုးရိန်းက ပြောပါတယ်။
“အဓိကကေတာ့ သူတို့က မန်တုံမှာကျေတာ့ နယ်စပ်တွေမှာလည်း မနီးတဲ့အခါ
ကျတော့ တောထဲမှာ ထွက်ပြေးကြတာများတယ်။ ၁၀ဝ၀ ကျော်လောက်ရှိမယ်။
က လေးတွေ၊ အမျိုးသမီးတွေပါတယ်။ အမျိုးသားတွေက အသက်ကြီးပိုင်းတွေ
များတယ်။ လူလတ်ပိုင်းတွေက စစ်ထဲဝင်ရမှာစိုးလို့ နယ်စပ်တွေသွားပြီး အလုပ်
လုပ်ကြတာတွေ ရှိတယ်။”
တိုက်ပွဲတွေဟာ ကေအိုင်အေ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ကွတ်ခိုင်မြို့အနောက်ခြမ်းနဲ့ မန်တုံမြို့နယ် တောင်ဘက်၊ နမ့်ဆန်မြို့နယ် မြောက်ဘက်ခြမ်း၊ နမ့်တူမြို့နယ် မေဝါရွာ အနီးတဝိုက် ဖြစ်ပွားနေတာလို့ ဆိုပါတယ်။
အစိုးရတပ်ရင်း ၅ ခုက အင်အား တေထာင်လောက် အဲဒီဒေသထဲ ဝင်ရောက် လှုပ်ရှားလာရာက ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်မေတာ်၊တအောင်း
အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက
တပ်ရင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ ပလောင်လူငယ်အဖွဲ့က ပြော
ပါတယ်။
စစ်ဘေးရှောင်ပြည်သူအများစုဟာ မန်တုန်မြို့နယ် ပန်ခါးကြီး၊ ပန်ခါးလေး၊ နားအော့၊
ဆန်ကော၊ ကုန်းပေါင် စတဲ့ရွာနဲ့ နမ့်တူမြို့နယ် မေဝါရွာဘက်က ရွာသားတွေဖြစ်ပြီး စိုးရိမ်မကင်းဖြစ်ပြီး နေထိုင်နေရတဲ့ ရွာတွေပါဆိုရင် စုစုပေါင်း ၁၀ ရွာလောက်ရှိမယ်
လို့ ဆိုပါတယ်။
အဲဒီစစ်ဘေးရှောင်ပြည်သူတွေဟာ မန်တုံမြို့ပေါ်နဲ့ တောတွင်း ထွက်ပြေးနေပြီး
တောတွင်းက လူတွေအတွက် အကူအညီပေးဖို့ ခက်တယ်လို့ ဆိုပါတယ်။ ဒီလို
တိမ်းရှောင်တဲ့အတွက် ရွက်နုလက်ဖက်တွေ မဆွတ်ခူးနိုင်ဘဲ ရင့်ရော်ကုန်လို့ နစ်
နာကြတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ် ဖားကန့်ဖက်မှာလည်း တိုက်ပွဲတွေပြင်းထန်လို့ စစ်ရှောင် ဒုက္ခသည်
၆ ထောင်ကျော် ဖားကန့်မြို့ပေါ် တက်ပြေးကြသလို ကချင်ပြည်နယ် တခုတည်းတင် စစ်ရှောင်ဒုက္ခသည်ပေါင်း ၉ သောင်းဝန်းကျင်ကို ရောက်နေပြီလို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။
သတင်းရင်းမြစ်း DVB
No comments:
Post a Comment