Tuesday, September 4, 2012

ရင်းနှီးမြှုပ်နှံမှုဥပေဒနှင့်ပတ်သက်ပြီး လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲ



မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပေဒနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်က ပြင်ဆင်ပေးပို့တဲ့ အချက်အလက်တွေကို အမျိုးသားလွှတ်တော်က လက်မခံနိုင်တဲ့အကြောင်း ယမန်နေ့
က  ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးခဲ့တဲ့ အြေကာင်းအရာတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအမျိုးသား
လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကို ဆက်သွယ်မေးကြည့်ထားပါတယ်။


“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပေဒကို ကျနော် တို့ကပြင်ပြီး ပြည်သူ့လွှတ်တော်က ပို့တယ်။ ပြည်သူ့လွှတ်တော်ဘက်ကပြင်တာကို ကျနော်တို့က ပြန်ပို့တယ်။
သူတို့ပြင်တာကိုကျနော်တို့ ကိုယ်စားလှယ် ၆ ယောက် ဆွေးနွေးတာ၊ အများစု
ကတော့ ပြည်သူ့ လွှတ်တော်ပြင်တာကို မပြင်သင့်ဘူးဆိုတဲ့ အချက်ကိုပဲ ဆွေး
နွေးကြတယ် ။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်
နှံမှု ဥပေဒနဲ့ပတ်သက်လို့ ကွဲတဲ့အချက်တွေပ်ါနေမှာပေါ့။ ဥက္ကဋ္ဌကတော့ ဥပေဒကြမ်း
ခေါ်ပြင်ပြီး ၆ ယောက်နဲ့ ပြန်ဆွေးနွေးပါလို့ ပြောတယ်။ ဆွေးနွေးချက်တွေ ထပ်ကွဲ
ရင်တော့ ပြည်ထောင်စု လွှတ်တော်မှာပဲ ထပ်ဆွေးနွေးရမှာပေါ့။”

ဘယ်နှချက်လောက်ကို အမျိုးသားလွှတ်တော်က လက်မခံနိုင်တာလဲ။

“အဓိကကေတာ့ ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ တော်တော်များများက ပြည်ပ
လူတွေကို မယှဉ်နိုင်တဲ့အခါ သူတို့ကို ကာပေးစေချင်တာပေါ့။ ဒေါ်လာ ၅ သန်းရှိမှ
လာရမယ်။ နောက် စိုက်ပျိုးရေး၊ မွေးမြူရေး မလုပ်ရဘူး၊ ရှယ်ယာကိုလည်း ၄၉ ရာခိုင်
နှုန်းပဲ ပေးရမယ်ဆိုတဲ့ အချက်အလက်တွေပါ့။ နိုင်ငံပိုင် မသိမ်းရဘူး၊ နိုင်ငံပိုင်တော့
မသိမ်းဘူး၊ ဒါပေမယ့် သိမ်းချင်ရင် လျော်ကြေးပေးပြီး ပြန်ယူရမယ်ဆိုတဲ့ အချက်
တွေထည့်ခိုင်းတာကိုး။ ဒီလိုအချက်တွေသာထည့်ရင် နိုင်ငံခြားရင်းနှီးမြှုပ်မှုတွေက
 လန့်ပြေးသွားလိမ့်မယ်လို့ ကျနော်တို့က ပြန် ဆွေးနွေးခဲ့တယ်ဗျ။”

“အရင်ကလည်း ပြည်သူ့လွှတ်တော်က ဒီအချက်တွေ မတင်ဘူးဗျ။ MICT မှာ ဦးရွှေမန်းနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေပြောတော့ ပြည်တွင်းလုပ်ငန်းရှင်တွေက ဒါတွေ ကာပေးစေချင်တယ်ပြောလို့ ကာပေးတာ။ ကျေန်ာတို့ဆီပို့လာတဲ့အခါ သူတို့ကာတဲ့အ
ချက်ကေတာ့ ကိုယ်ကျိုးကာကွယ်တာ၊ ဒါပေမယ့် တဖက်က ရင်းနှီးမြှုပ်နှံသူတွေအတွက် အားနည်းချက်တွေဖြစ်ပြီး.အရှေ့တောင်အာရှမှာလည်း ကျနော်တို့ နိုင်ငံက ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်နေတယ်။ ဒီအချက်အလက်တွေသာ ပါမယ်ဆိုရင် ကျနော်တို့ အခြေအနေမကောင်းနိုင်ဘူးဆိုပြီး ပြန်ထောက်တာပေါ့။”

“ဆွေးနွေးထားတာဆိုတော့ ဥပေဒြကမ်းကော်မတီက သုံးသပ်ချက်တွေ ထွက်မှာပေါ့။
 ပြည်သူ့ လွှတ်တော်လည်း ကျေန်ာတို့ကို ကွဲတယ် ဆိုရင်တော့ ပြည်ထောင်စုတင်ပေး
ရတော့မှာပေါ့။ လွှတ်တော် ၂ ရပ် မတူတာကို ပြည်ထောင်စု လွှတ်တော်မှာ ရှင်းရမှာ
ကိုး။ကျနော်တို့ဘက်ကလည်း ကျနော်တို့တင်တဲ့ အချက်တွေကို ပြောတာပေါ့။ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု ဥပေဒကလည်း အခု တော်တော်လေးကို ကြာနြေပီ။ လွှတ်တော် ၂ ရပ်
ကကိုပဲ ဟိုဘက်ဒီဘက် မတူတဲ့အချက်တွေ ပေါ်နေပြန်ပြီပေါ့။ ဒီအပတ်ထဲကို လွှတ်တော်တွေအပြီးဖြတ်တာပေါ့။ အြပီးဖြတ်နိုင်အောင် ဥက္ကဋ္ဌဌကလည်း ကြိုးစား
တယ်ထင်ပါတယ်။ ချက်ချင်းကို ဥပေဒေကြမ်းကော်မတီနဲ့ ချောအောင် ဆွေးနွေးပြီး
တော့ သုံးသပ်ချက် တင်ခိုင်းတယ်။”

ရင်းနှီးမြှုပ်နှံမှု ဥပေဒက လွှတ်တော်အတွင်းမှာ မြပီးနိုင်တော့ဘူးပေါ့။

“အဲဒါတော့ ကျေန်ာလည်း မြေပာတတ်တော့ဘူး။ ဘယ်သူမှလည်း ခန့်မှန်းလို့
မရဘူး။ ဘယ်လိုဆွေးနွေးမှုမျိုးဖြစ်မလဲ၊ ကျေန်ာတို့ဘက်က ထောက်တဲ့အ ချက်
ကိုပဲ ပြည်ထောင်စု လွှတ်တော်မှာ အများကလက်ခံမလား။ သူ့အထွာနဲ့သူလေ၊
 ကျနော်တို့ဆီမှာ ဒေါ်လာ ၅ သန်းရှိမှလာ၊ ဒေါ်လာ ၅ သန်း မြပည့်ရင် မလာနဲ့ဆိုတော့ ကိုယ့်လုပ်ငန်းတွေကလည်း infrastructre လည်း မပြည့်စုံသေး၊ တကယ့် ဆင်ကြီး ကျားကြီးအဆင့်ပဲလာရမယ်ဆိုတော့၊ ကိုယ့်အခြေအနေလည်း ချိန်ရဦးမှာပေါ့။ ဘယ်လိုဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပေါ့။ ဒီအပတ်လွှတ်တော်ထဲမှာ မပြီးနိုင်
သေးဘူးဆိုရင်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပေဒက မထွက်ဘူးဆိုရင်တော့ မကောင်း
ဘူးပေါ့။ ကြာနေပြီ ဒါက။”

အင်္ဂါနေ့ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာတော့ သမ္မတက ပေးပို့ထားတဲ့ အစိုးရဝန်ကြီးအြေပာင်းအလဲတွေနဲ့ ပတ်သက်ပြီး လွှတ်တော်က အတည်ပြုပေးဖို့
 ရှိပါတယ်။

လစ်လပ်နေတဲ့ ဝန်ကြီးတချို့ကို သမ္မတက ခန့်အပ်မှာဖြစ်ပြီး လွှတ်တော်က အတည်
ပြုပေးရမှာဖြစ်ပါတယ်။

ဒီအထဲ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးလှမင်းနေရာမှာ ဒုဗိုလ်ချုပ်ကြီးဝေလွင်ကို
အစားထိုး ခန့်အပ်သွားဖို့ ရှိတယ်လို့  စုံစမ်းသိရှိရပါတယ်။

ဗိုလ်ချုပ်ကြီးလှမင်းဟာ တပ်မတော်ရဲ့ မူလတာဝန်တွေ ပြန်လည် ထမ်းဆောင်မှာလို့
လည်း သိရပါတယ်။


သတင်းရင်းမြစ်    DVB

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း (၁၀၀)ပုဒ် ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ