
ရခိုင်ပြည်နယ် ပေါက်တောမြို့ရဲ့ တောင်ဘက် ၈ မိုင်အကွာ ဆင်ပိုက် ကျေးရွာက
လယ်သမား ၁၄ ဦးဟာ သိမ်းယူခံ ထားရတဲ့ သူတို့ရဲ့ လယ်ယာမြေ တွေပေါ်မှာ
ပြန်လည် လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ အတွက် စီးပွားရေး လုပ်ငန်းရှင် ၅ ဦးက ပြစ်မှု
ဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ စွဲဆိုထားပြီး အာဏာပိုင်တွေက လိုက်လံ
ဖမ်းဆီး နေကြောင်း RFA က စုံစမ်း သိရပါတယ်။
အဲဒီ တရားစွဲဆို ခံထားရတဲ့ လယ်သမား ၁၄ ဦးထဲက ဦးထွန်းအောင် ဆိုသူကို
အာဏာပိုင်တွေက ဖမ်းဆီးရ မိသွားပြီ ဖြစ်ပြီး ကျန် ၁၃ ဦးကိုတော့ ပိုက်စိပ်တိုက် လိုက်လံရှာ ဖွေနေဆဲ ဖြစ်တယ်လို့ ထွက်ပြေး တိမ်းရှောင်နေတဲ့ လယ်သမား
တစ်ဦးက ပြောပါတယ်။
ပေါက်တောမြို့နယ် ဆင်ပိုက်ကျေးရွာ ဆည်မြောင်း တာတမံထဲမှာ ရှိနေတဲ့ လယ်
မြေ ဧကပေါင်း ၇၀၀ ကျော်ကို ၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ အာဏာပိုင်တွေနဲ့ စီးပွားရေး
သမားတွေက အဓမ္မ သိမ်းယူသွားခဲ့ပြီး ဆားကွင်းနဲ့ ပုစွန်ကန်တွေအဖြစ် အသုံးချ
လုပ်ကိုင်ခဲ့တယ်လို့ }O_g />အဲဒီလယ်ယာမြေတွေကို ဆင်ပိုက်ရွာနဲ့ အနီးဝန်းကျင်က လယ်သမား ၅၀ လောက်
က ဘိုးဘေးစဉ်ဆက်အရ လုပ်ကိုင်လာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က စတင်ပြီး အဲဒီ
လယ်သမားတွေက လယ်ယာမြေတွေ အပေါ်မှာ စပါးတွေကို ပြန်လည်ထွန်ယက်
စိုက်ပျိုးခဲ့ပါတယ်။
ဒါပေမယ့် ဆားကွင်းတွေအတွက် အသုံးပြုနေတဲ့ ရေသွင်း ရေထုတ်ပြွန်တွေ
ကြောင့် စပါးခင်းတွေ ပျက်စီးရတာနဲ့ ပတ်သက်ပြီး ဒီနှစ်အတွင်းမှာ နိုင်ငံတော်
သမ္မတဆီကို ၁ ကြိမ်၊ ပြည်နယ် အစိုးရကို ၃ ကြိမ်ထိ တင်ပြခဲ့ကြပေမယ့် ဘာမှ
ထူးခြားမလာတာကြောင့် ပြီးခဲ့တဲ့ မတ်လအတွင်းက အဲဒီ လယ်သမားတွေက
ရေသွင်း ရေထုတ်ပြွန်တွေကို စပါးခင်းတွေ မပျက်စီးစေဖို့ လိုက်ပိတ်ခဲ့တယ်။
ဒါနဲ့ပတ်သက်လို့ လုပ်ငန်းရှင် တွေက အဲဒီလယ်သမား ၁၄ ဦးကို ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ တရားစွဲဆိုပြီး လိုက်လံဖမ်းဆီးနေတာ ဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။
အခုလို လယ်သမားတွေက လိုက်လံ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး
စက်တင်ဘာလ နောက်ဆုံးပတ်မှာ ကျင်းပမယ့် ပြည်နယ်လွှတ်တော် အစည်း
အဝေးမှာ မေးမြန်းသ'xO鯯WG ^w်လို့လည်း ပေါက်တောမြို့နယ် မဲဆန္ဒနယ်က
ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က RFA ကိုပြော
ပါတယ်။

သတင်းရင်းမြစ်း RFA
No comments:
Post a Comment