
စက်တင်ဘာလ ၁၉ရက်နေ့က မီးလောင်မှုဖြစ်ပွားစေရန် တမင်ကြံစည်ထားသည့်
ပုံစံအမျိုးမျိုးနှင့် ထည့်ထားသော ဓာတ်ဆီထုပ် ၆ထုပ် မန္တလေးဈေးချိုတော်ရှိ
ဈေးဆိုင်ခန်းများ၌ တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ရုံးမှ
ရရှိသော သတင်းများအရ သိရပါသည်။
မန္တလေး တိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ် ၈၅-၈၆ လမ်း နှင့် ၂၇-၂၈လမ်း
ကြား ၊ဈေးချို ဧရိယာ၊ ဆင်နှစ်ကောင်အိမ်သာ၏ တောင်ဘက် ရုံအမှတ် ၇၊
တိုးချဲ့ဈေး ဆိုင်အမှတ် (၁) ဆေးလိပ်ဆိုင် ခေါင်မိုးပေါ်တွင် နံနက် ၆နာရီ ၃၀
မိနစ် အချိန်ခန့်က ဓာတ်ဆီ တစ်လီတာခန့် ထည့်ထားသည့် ကြွပ်ကြွပ်အိတ်
အနက်ရောင်တစ်ထုပ်၊ ဆိုင်အမှတ်(၄)၏ ခုံကြားတွင် ဓါတ်ဆီထုတ် တစ်ထုပ်
တို့ကို ဈေးသူဈေးသားများ က တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းဈေးအတွင်းရှိ ဆိုင်ရှင် ဒေါ်မီးမီး၏ ဆိုင်ဘေးတွင် ချထားသော ၃ပေ
ပတ်လည် အရှည် ၆ပေရှိ သစ်သားတိုင် ဟောင်းတစ်လုံးကိုလည်း ဓာတ်ဆီလောင်းပြီး မီးရှို့ထားကြောင်းလည်း သိရသည်။
ထိုသို့ တွေ့ရှိပြီးနောက် ဈေးသူ ဈေးသားများက သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့ရာ
ဈေးသူဈေးသားများ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ စသည့် ပူးပေါင်းအဖွဲ့များမှ ဈေးချိုတော်အတွင်းရှာ ဖွေမှုများ ထပ်မံပြုလုပ်ခဲ့ရာ နေ့လည် ၁
နာရီ မိနစ် ၃၀အချိန်ခန့်တွင် ခြင်းဖြင့် ထည့်ထားသည့် ဓာတ်ဆီထုပ် တစ်ထုပ်၊
Blue Mountain ဘူးဖြင့် ထည့်၍ ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထုပ်ထားသော
ဓာတ်ဆီထုပ် တစ်ထုပ်၊ ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသော ဓာတ်ဆီ
ထုပ် ၂ထုပ် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှ စ၍ ၂၀၁၂ခုနှစ် သြဂုတ်လကုန် အထိ (၂) နှစ်ကျော်
ကာလအတွင်း မြန်မာနိုင်ငံ တစ်ဝန်း၌ ဈေးမီးလောင်မှု အကြိမ်(၂၀) ကျော်ဖြစ်ပွား
ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့သော စာရင်းများအရ သိရှိရသည်။
အဆိုပါ ဈေးအတွင်း ဆိုင်ခန်းများ၌ ဓာတ်ဆီထုတ်များ တွေ့ရှိမူနှင့် ပတ်သက်၍
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ရုံး ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေက
"ဆိုးဝါးတဲ့ ရည်ရွယ်ချက် မကောင်းတဲ့ ရည်ရွယ်ချက် နဲ့ လုပ်ဆောင်သွားတာပါ။
မသမာတဲ့ စိတ်ရှိတဲ့သူတွေက မိမိကိုယ်ကျိုး တစ်ခုတည်းကိုပဲ ဦးစားပေးပြီး သေး
သိမ်တဲ့ စိတ်ဓာတ်နဲ့ ဒါမျိုးလုပ်ဆောင် ကြတာပါ။ ဈေးဆိုတာ မီးလောင်ရင် အိမ်
တွေ မီးလောင်တာထက် ပိုပြီးဆုံး ရှုံးမှုများတယ်။ ဈေးမီးလောင်လို့ ရှုပ်ရှုပ်ဖြင်ရင်
ပစ္စည်းတွေ ၀င်လုမယ် ဆိုတဲ့သူတွေလည်း ရှိနိုင်တယ်။ ရည် ရွယ်ချက်ပါတယ်။
အရင်တုန်းက ဒါ မျိုးဖြစ်စဉ် တစ်ကြိမ်မှ မတွေ့ဘူးဖူး။ အားလုံး ဒုက္ခရောက်မယ့်
ကိစ္စပါ။ ဒီလို ဖြစ်စဉ်တွေကို မီးသတ်တပ်ဖွဲ့ဝင်တွေ နဲ့ ပြည်သူတွေ ပူးပေါင်း
ကာကွယ်ဖို့ လိုအပ်ပါတယ်"ဟု ပြောပြခဲ့ပါသည်။
ယင်း ဈေးချိုတော်အတွင်း ဈေးရောင်းချသူ တစ်ဦးကလည်း "ဈေးချိုထဲမှာ သက်
ဆိုင်ရာက ရှာဖွေမှုတွေ ပြုလုပ်နေတာကို တွေ့ရတယ်။ ညနေ ၃နာရီလောက်မှာ
မသင်္ကာစရာတွေ့ရင် သက်ဆိုင်ရာကို သတင်းပို့ဖို့ လိုက်လံ နိုးဆော်မှုတွေ လုပ်
ဆောင်တာ တွေ့ရတော့ စိုးရိမ်မိပါတယ်။ အရင်တုန်းကလည်း ဗုံးပေါက်ကွဲတဲ့ဖြစ်
စဉ်တွေ ရှိခဲ့ဘူးတော့ ဈေးသူဈေးသား တွေအနေနဲ့ ဒီသတင်းအပေါ်မှာ စိုးရိမ်
ထိတ်လန့်မှုတွေ ဖြစ်နေကြရပါ တယ်"ဟု ပြောပြခဲ့ပါသည်။
ယင်းသို့ ဈေးအတွင်း ဓာတ်ဆီထည့်ထားသည့် အထုပ်များ တွေ့ရှိပြီး နောက်
ဈေးချိုတော် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးတာဝန်ရှိများနှင့် သက်ဆိုင်ရာ ဌာနများမှ
တာဝန်ရှိ သူများမှ အရပ်ဝတ်များ ၀တ်ဆင်၍ အ၀င်အထွက်လမ်းများနှင့် ဈေးဧရိယာ
အတွင်း လှည့်ကင်း၊ ပတ်ကင်းများဖြင့် စောင့်ကြည့်မှုများ လုပ်ဆောင်လျက် ရှိကြောင်း
လည်း သိရသည်။
ဈေးချိုတော်အတွင်း တွေ့ရှိခဲ့သည့် ဓာတ်ဆီထုပ်များအား မန္တလေးမြို့ အမှတ်(၆)
ရဲတပ်ဖွဲ့စခန်းမှ သိမ်းဆည်းမှုများ ပြုလုပ်၍ စစ်ဆေးအရေးယူမှုများ ပြုလုပ်ရန်
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
၂၀၀၈ခုနှစ်က မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်ရှိ ရတနာပုံဈေး မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း ၁၅၁၂ခန်း မီးလောင်မှုကျွမ်းခဲ့ပြီး ခန့်မှန်းခြေ
ကျပ် သန်းပေါင်း ၂၅၀၀ကျော် ဆုံးရှုံး မှု ဖြစ်ပွားခဲ့ကြောင်းနှင့် မြန်မာ တစ်နိင်ငံ
လုံး၌ နှစ်ပေါင်းနှစ်ဆယ်အတွင်း ဈေးမီးလောင်ကျွမ်းမှု အကြိမ်ပေါင်း ၉၀နီးပါး
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်းရင်းမြစ်း Eleven Media Group
No comments:
Post a Comment