
ကျွန်တော်သည် ကျောင်းဆရာဘဝကို နှစ်ပေါင်း ၂ဝ တိုင် မွေ့ပျော်ပြီးမှ ပင်စင်ယူခဲ့ရပါသည်။ ကျောင်းဆရာ ဘဝမှ အနားယူခဲ့စဉ်က နာကျည်းမှု
အပြည့်ဖြင့် အနားယူခဲ့ခြင်းဖြစ်သည်။ အကယ်၍ ကျေးလက်ဆရာ ဘဝ
မှာသာ
ကျွန်တော်ပျော်မွေ့လျှင် ကျောင်းဆရာဘဝကို မြဲနေမည်မှာ အမှန်ပင်ဖြစ်သည်။
ကျေးလက် ကျောင်းဆရာလေးဘဝကိုတော့ ယနေ့တိုင်
လွမ်းဆွတ်မိသည်။
ကျွန်တော့်ကို
မူလတန်းပြဆရာအဖြစ် စတင်တာဝန်ထမ်းဆောင်ရန်
တာဝန်ပေးအပ်ခြင်းခံရသည့်ကျောင်းမှာ အဆိပ်တောင်ဆိုသည့် ပဲခူး
ချောင်းဖျားမှ
ရွာလေးတစ်ရွာတွင်ဖြစ်သည်။ အပြစ်ကင်းစင်သည့်
တပည့် များနှင့်
ဆင်းရဲဒုက္ခခံကာပညာသင်ကြားပေးခဲ့ရသည့်ကာလများ
ကို အမှတ်ရမိသည်။ နောက်ပိုင်း
အလယ်တန်းပြဆရာ အဖြစ် ရာထူးတိုး
တော့လည်း ယခင်ရွာထက်
ပဲခူးမြို့နှင့်ပိုဝေးသည့် ဇောင်းတူရွာသို့
ရောက်ခဲ့သည်။ ပဲခူးရိုးမအနီး
ရွာတစ်ရွာသို့ ရာထူးတိုးသည့် ဆရာ
ဆရာမများနှင့် အတူ သွားရောက်ခဲ့ပြီး
အင်တိုက်အားတိုက် စာသင်ခြင်း၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်ခဲ့ရခြင်းများကိုလည်း သတိ
ရမိသည်။
ကျွန်တော်တို့
ဇောင်းတူရွာသို့ရောက်သည့်နှစ်မှာပင် ဆရာ ဆရာမများ
စည်းလုံးညီညွတ်စွာဖြင့်
သင်ကြား ပေးနိုင်မှုကြောင့် ထိုနှစ် အစိုးရစစ် ၈
တန်းကို ၃၃
ယောက်ဝင်ဖြေခဲ့သည့်အနက် ၃၂ ယောက်အောင်ပြီး၊
တစ်ယောက်သာ စာမေးပွဲရှုံးခဲ့သည်။
သို့သော် မြို့နယ်တွင်လည်း
ကောင်း၊ တိုင်းတွင်လည်းကောင်း ရာခိုင်နှုန်း ၉၇
ရာခိုင်နှုန်းခန့် အောင်မြင်
သော်လည်း ဆုမရခဲ့။ အနည်းဆုံး ကျောင်းသား ၅ဝ
မရှိသဖြင့် ဆုမပေး
ဆိုသည့်အတွက် ရင်နာခဲ့ရဖူးသည်။ ထိုကျောင်းသား ၃၃ ယောက်
အောင်မြင်ရေးအတွက် တစ်နှစ်လုံး ကျွန်တော်တို့ ဆရာ ဆရာမတွေ
မည်မျှ
ကြိုးပမ်းလုပ်ဆောင်ခဲ့ရကြောင်း၊ ပင်ပန်းဆင်းရဲခဲ့ကြကြောင်း
ကာယကံရှင်များသာ
သိကြပါလိမ့်မည်။
ကျွန်တော်သည်
အလယ်တန်းဆရာဘဝမှ သင်တန်းအဆင့်ဆင့်ကို
ကျော်ဖြတ်ပြီး ဆရာဘဝ
မျှော်လင့်ချက်ဖြစ်သည့် ဘီအီးဒီသင်တန်း
ကိုလည်း ရန်ကုန်ပညာရေးတက္ကသိုလ်တွင်
လာတက်ခွင့် ကြုံလိုက်
သည်။ ကျွန်တော့် ဘဝအလှည့်အပြောင်းဖြစ်သည်။
ရန်ကုန်ရောက်ပြီး
ကွန်ပျူတာကို အရူးအမူးဖြစ်ကာ လေ့လာလိုက်စားရင်း၊
နောက်ပိုင်း
ကွန်ပျူတာကို ကိုင်နိုင်၊ သုံးနိုင်၊ ပြင်နိုင်သည့်
ကွန်ပျူတာဆရာဘဝသို့
အရှင်လတ်လတ် ရောက်သွားသည်။ ကွန်ပျူတာဆရာဖြစ်သွားသဖြင့်
ကျောင်းစာလည်း မသင်ရတော့။ ကွန်ပျူတာမရှိသည့် တောကျောင်း
သို့လည်း
မပြန်ရတော့။ ပဲခူးမြို့ရှိ နာမည်ကြီးကျောင်းကြီးတစ်ကျောင်း
တွင်
ကွန်ပျူတာဆရာအဖြစ်ဝင်လုပ်မိရာမှ ပညာရေးလောကကို အပြီး
အပိုင်
စွန့်ခွာခဲ့ရသည့်ဘဝသို့ ရောက်ခဲ့ရသည်။
ထိုနာမည်ကျော်ကျောင်းကြီးတွင်
ဆရာဖြစ်ရေး၊ ကျောင်းသားဖြစ်ရေးဆို
သည်မှာ မဟာအခွင့်အရေးကြီးတစ်ခုပမာ
သတ်မှတ်နေချိန်တွင် ကျောင်း
ဆရာလောက ရှားပါးလှသော ကွန်ပျူတာဆရာဘဝ (ထိုခေတ်က)
ဖြင့်
ရောက်လာခဲ့ခြင်းဖြစ်သည်။ ကျွန်တော်ထိုကျောင်းသို့ရောက်စဉ်
ပညာ
ရေးလောက၌ ကိုယ့်ကျောင်းသားကို အချိန်ပိုပြန်သင်၊
ပိုက်ဆံယူသော
စနစ်နှင့်ကြုံတွေ့ခဲ့ရသည်။
ကျူရှင်ပပျောက်ရေးဟုဆိုကာ
ညနေ ၃ နာရီခွဲ ကျောင်းဆင်းချိန်တွင်
ကျောင်းသားများကို
အိမ်မပြန်ခိုင်းသေးဘဲ၊ မိမိသက်ဆိုင်ရာ အတန်း
ထဲတွင်ပင် အချိန်ပိုဟုဆိုကာ
ထပ်နေခိုင်းသည်။ နောက်ထပ် တစ်နာရီ
လောက် ကျောင်းသားတွေက လိမ်ပိန်ကာနေပြီး
စာတွေအော်ဖတ်၊ ဆရာ
တွေကလည်း ပျင်းရိငြီးငွေ့စွာဖြင့် သတ်မှတ်ချိန်ကို
ရောက်စေရန် အပြင်သို့
နားတစ်စွင့်စွင့်နှင့် ကျော်ဖြတ်ခဲ့ကြရသည်။ ပြီးတော့မှ
ကျောင်းသား တွေ
ဆီက အချိန်ပိုကြေးဆိုကာ လကုန်လျှင် မိဘတွေထံက
ပိုက်ဆံတောင်းသည်။
အတန်းကြီးကျောင်းသားတွေ
ကျူရှင်မသွားနိုင်ရန် စီမံသည်ဟုဆိုစေ၊ ကျောင်း
လွှတ်သည့်အချိန်မှ ကျူရှင်
ထပ်ပြေးရပြန်သဖြင့် မိုးချုပ်သည့်တိုင် အိမ်မပြန်နိုင်
ခြင်းဖြင့်သာ
ပိုပြီးအချိန်ပေးကြရသည်။ ထူးခြားမလာ။ ယင်းကိုပင် လစဉ်ကျောင်း
လခအနေဖြင့်
ထပ်ဆောင်းပေးနေရပြန်ရာ မိဘများထံမှ အသံတွေထွက်လာသည်။
အချိန်ပိုကြေးကို
ကျောင်းအုပ်ဆရာကြီးက စုဆောင်းပြီး ကျောင်းရှိဆရာများကို
ပြန်ခွဲပေးရသည့်စနစ် ကျင့်သုံးသည်။ ကျောင်းသားနည်းသည့်ကျောင်းများတွင်
ဆရာတွေရသည့် အချိန်ပိုကြေးက မပြောပလောက်သော်လည်း၊ ကျောင်းသား
တွေ
ထောင်ချီရှိနေသည့် ကျောင်းကြီးတွေမှ ဆရာတွေကတော့ မူရင်းလစာ
ထက်ပင်
များပြားသည့် ခံစားခွင့်များကို ရရှိလာကြသည်။ ထို့ကြောင့် ဆရာများ
လောက
အတွင်းမှာပင် သွေးကွဲမှုများ ဖြစ်လာသည်။
ကျူရှင်ပပျောက်ရေးအတွက်
တိုက်သည်ဆိုသော်လည်း ကျူရှင်တွေက မှောင်ခို
ကျူရှင်တွေဖြစ်သွားသဖြင့်
ဈေးပိုကြီးသွားသည်။ ကျောင်းဆရာလောကတွင်လည်း
အတန်းတစ်တန်းတွင် မြို့စား
နယ်စားများပမာ ကျောင်းသား ခွဲယူသည့်စနစ်
တွေခေတ်စားလာသည်။ ဥပမာ ကျောင်းသား
၅ဝ ခန့်ရှိသည့် မူလတန်းတစ်
တန်းတွင် အတန်းပိုင်နှင့် ဘာသာရပ်ဆရာတို့
ကျောင်းသားခွဲကာ အိမ်သို့
ကျူရှင်ခေါ်သင်သည့် စနစ်တွေ ခေတ်စားလာသည်။
ကျူရှင်ကောင်းမှန်းသိ
လာသဖြင့် မြန်မာစာကိုပင် အိမ်ခေါ်ပြီး ကျူရှင်သင်သည်အထိ
အတင့်ရဲလာ
သည်။ မိဘတွေကလည်း ကျူရှင် သွားမတက်လျှင် မိမိသားသမီးကို
အငြိုး
ထားကို ပြဿနာရှာ မည်စိုးရိမ်သဖြင့် တစ်ပတ် နှစ်ရက်
ကျောင်းပိတ်ရက်
များတွင် ဆရာ ဆရာအိမ်များသို့ အရောက်ပို့ကာ
ကျူရှင်ခိုင်းကြရသည်။
ထိုအချိန်အထိ ပညာရေးဌာနတွင် ကျူရှင်မသင်ရဆိုသည့်
အမိန့်ကရှိနေ
သလို၊ ကျူရှင်မသင်ပါဟု ဆရာတွေ ဆရာမတွေ လက်မှတ်ထိုးထားကြသည်။
ကျောင်းဆရာလောကတွင်
စုန်းပြူးတွေများစွာရှိပါသည်။ တာဝန်သိသိ၊ သစ္စာ
ရှိရှိ အနစ်နာအပင်ပန်း
အဆင်းရဲခံကာ သင်နေကြသောဆရာ ဆရာများရှိပါ
သည်။ သို့သော် ထိုဆရာတွေက တစ်နေ့
တစ်ခြား အရောင်အဆင်းတွေ မွဲလာသည်။ ချောင်ထိုးခံလာရသည်။ ကျူရှင်သင်သည့်
ဆရာတွေကို ကျောင်း
လာလျှင် ဆိုင်ကယ်တွေနှင့် ဖြစ်လာသည်။
ကျောင်းပြန်လျှင်လည်း ကား
ကောင်းကောင်းတွေက ကြိုသွားကြသည်။ မျက်နှာလည်း
ကျောင်းတွင်
အတော်လေးပွင့်ကြသည်။
ပိုဆိုးသည်က
ကျောင်းတွင် ဂိတ်စောင့်အဖြစ် ကျောင်းဆရာတွေကို တာဝန်ချ
ထားခြင်းဖြစ်သည်။
ရိုးသားသည့် ဆရာတွေက တာဝန်ကျရာနေရာတွင် နေပူ
မရှောင်၊ မိုးရွာမရှောင်
ကိုယ့်ထမင်းဘူးလေး ကိုယ်ဖွင့်ကာ ဘယာကျော်တစ်
တုံးနှင့် စားနေချိန်တွင်
အခွင့်အရေးသမား ဆရာတွေကိုလည်း စိတ်ပျက်စရာ
ကောင်း လောက်အောင်
ကြုံတွေ့ခဲ့ရသည်။
ဆရာတစ်ယောက်သည်
မနက်တိုင်း ဂိတ်ဝအနီးရှိ စက်ဘီးရုံတွင် လာထိုင်
တတ်သည်။ သူလာထိုင်တိုင်း
သူ့ဇနီးကလည်း ဈေးဆွဲခြင်းလေးဖြင့် ရောက်
လာတတ်သည်။ မကြာမီ ကျောင်းသို့
ကျောင်းသားမိဘများက သားသမီးများ
ကို လာပို့ကြသည်။ ကျောင်းသို့လာပို့ပြီး
ဈေးသွားမည့်မိဘများကို ထိုဆရာနှင့်
ဇနီးဖြစ်သူတို့က ဝက်သား၊ ကြက်သား၊
ငါးတွေ တစ်နေ့တစ်မျိုး မရိုးအောင်မှာ
သည်။ မိဘတွေ ဆွဲခြင်းထဲသို့
အထုတ်လေးတွေ တစ်ထုတ်ပြီးတစ်ထုတ်လာ
ထည့်သော်လည်း ပိုက်ဆံတစ်ခါမှ ပေးသည့်ကို
မတွေ့ဘူး။ ထိုဂိတ်စောင့်
ဆရာကလည်း နေ့စဉ် ဂျူတီရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
တာဝန်ကျေ
သည်။ သူသာမက ဇနီးဖြစ်သူကပါ တာဝန်ကျေစွာ ဝင်ရောက်ထမ်းဆောင်ပေး
ပါသည်။
နောက်ဆရာတစ်ယောက်ကလည်း
တစ်မျိုးဖြစ်သည်။ ကျောင်းက သူဌေးကျောင်း
ဟု လူသိများသဖြင့်
ကျောင်းသားတွေလည်း ကျောင်းသို့လာလျှင် အိတ်ဖောင်း
ဖောင်းလေးတွေနှင့်ဖြစ်သည်။
နောက်ပိုင်း ကျောင်းသားတွေက ကျောင်းသို့မဝင်မီ
ကျောင်းထိပ်ရှိ
ကွမ်းယာဆိုင်တွင် ပိုက်ဆံအိတ်လေးတွေ အပ်သွားတတ်သည်။
အကြောင်းကို
စုံစမ်းလိုက်တော့ လက်ရဲဇက်ရဲနိုင်လွန်းလှသည့်ဆရာ တစ်ယောက်
ကြောင့် ဖြစ်သည်။
ပိုက်ဆံချမ်းသာသည့် ကျောင်းသားဆိုလျှင် သူက ကျောင်း
ထဲသို့ဝင်သည်နှင့်
လှမ်းခေါ်လိုက်သည်။ သူ့အနီးရောက်သည်နှင့် အိတ်ထဲကို
လှမ်းနှိုက်သည်။ ၅ဝဝ တန်
နှစ်ရွက်တွေ့လျှင် တစ်ရွက်သူယူ၊ တစ်ရွက်ကို
ကျောင်း
သားအိတ်ထဲပြန်ထည့်ပေးသည်။ နှစ်ရာတန်တွေ့ နှစ်ရာတန်ယူ၊ တစ်ရာတန်တွေ့
တစ်ရာယူနေသည်မှာ နေ့စဉ်အလုပ်လိုဖြစ်နေသောကြောင့် ကျောင်းသားတွေ
ကျောင်းကို
ပိုက်ဆံမယူရဲအောင် ဖြစ်လာသည်။
နောက်ဆရာတစ်ယောက်ကတော့
တစ်မျိုးဖြစ်သည်။ ညနေကျောင်းဆင်းသည်နှင့် သူအရက်သောက်နေသည့် ဆိုင်ရှေ့မှ
ဖြတ်သွားသော ကျောင်းသားများကို ဆိုင်
ထဲမှလှမ်းခေါ်ပြီး အရက်ဖိုး
တောင်းတတ်သည်။ ထို့ပြင် ထမီတစ်ထည်ဖြင့် မကန်
တော့မချင်း၊ သဲကြီး မဲကြီး
ရိုက်တတ်သောဆရာမ၊ ကျောင်းဝင်ခွင့်ရမည်ဆိုပြီး ပိုက်ဆံ
လိမ်တောင်းတတ်သည့်ဆရာ၊ ကျူရှင်ပိုက်ဆံတွေကြိုထုတ်ပြီး မသင်ပေးသဖြင့်
မိဘတွေနှင့် ပြဿနာတက်ရသောဆရာ၊ မိဘတွေထံမှ အတိုးဖြင့် ပိုက်ဆံ
ချေးပြီး
ပြန်မဆပ်သည့်အပြင် အော်ကြီးဟစ်ကျယ်နှင့် ရန်ဖြစ်ရဲသည့်ဆရာမ
စသည့် စသည့်
ပညာရေး လောကတွင်းမှ ဖောက်ပြန်မှုများသည် တစ်နေ့တစ်ခြား
အတင့်ရဲစွာဖြင့်
ဆရာဂုဏ်ကိုမထောက် ကျူးလွန်လာကြောင်းတွေ့ရသည်။
ယခင်က
ဆရာဆိုသည်မှာ အလုပ်ဂုဏ်ဖြင့်လည်း စောင့်စည်း ထိန်းသိမ်းကြရ
သည့်
သဘောရှိပါသည်။ ခေတ်အဆက်ဆက် လစာနည်းသဖြင့် ဆရာတွေ
သိက္ခာမပျက်ခဲ့ကြပါ။
သို့သော် သိက္ခာ တစ်စက်မျှမရှိစေရန် သိက္ခာချသည့်
အနေဖြင့် အခပေးပညာရေးကို
အကောင်အထည်ဖော်လိုက်ကတည်းက ဆရာ
လောက ရစရာမရှိအောင် သိက္ခာကျပြီး တာကြီးတစ်တာ
ကျိုးပေါက်သွားပါ
တော့သည်။ လျော့လျဲလာသည့် အနေအထားကို အခွင့်ကောင်းယူပြီး
အကျင့်
တွေ တိုးပျက်လာသဖြင့်လည်း ကျောင်းဆရာလောက ဂုဏ်သိက္ခာကျခဲ့ရသည်။
ထို့ကြောင့်နောက်ပိုင်း အချိန်ပိုကြေးယူသည့်စနစ်ကို ပြန်လည်
ရုတ်သိမ်းခဲ့ရသည်။
ကျူရှင်ကို
အစိုးရက အမျိုးမျိုးတိုက်ဖျက်နေသော်လည်း အောင်မြင်သည့်အဆင့်
သို့
မရောက်နိုင်ခဲ့ပေ။ ကျောင်းလွှတ်ချိန်ကျူရှင်၊ ကျောင်းပိတ်ရက်ကျူရှင်၊
အိမ်
ခေါ်သင်သော ဟုမ်းကျူရှင်တွေအပြင် မိဘတွေမှာ အမှန်တကယ်
တတ်စေရေး
အတွင်ပြင်ပကျူရှင်တွေကိုပါ ပို့နေရသောခေတ်ဖြစ်သဖြင့် နားချိန်မရှိ၊
ကစားချိန်
မရှိ၊ အားချိန်မရှိသော ကလေးများအား ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသနှင့်
အသက်
မွေးပညာတို့ဖြင့် ဘက်စုံ ပညာရေးဆိုကာ အကောင်အထည်ဖော်နေမှုမှာ
အောင်မြင်နိုင်ပါမည်လော ပြန်လည်စဉ်းစားသင့်ပါသည်။
ကျွန်တော်ယခုလိုပြန်ပြောနေရခြင်းမှာ
ဆရာလောကကို အပုတ်ချ၊ မဟုတ်က
ဟုတ်က ပြောဆိုရန်မဟုတ်ပါ။
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ခဲ့ရသလို
ဖြစ်ခဲ့ရသော ဆရာ့ဘဝသည်
ခေတ်ကြောင့်လား၊ စနစ်ကြောင့်လား၊ လူကြောင့်
လား၊ မူကြောင့်လား
ပြန်လည်သုံးသပ် စဉ်းစားစေလိုသောကြောင့်ဖြစ်ပါသည်။ ဆရာလောကတွင်
မြင့်မြတ်သော၊ လေးစားချစ်ခင်ဖွယ်ကောင်းသော၊ ကြည်ညို
ဖွယ် ကောင်းသောသူတွေလည်း
များစွာရှိပါသည်။ ထိုကဲ့သို့သောသူများ ရှိနေ
သောကြောင့်သာလျှင်ဆရာလောက
ရုပ်ပျက်ဆင်း ပျက်မဖြစ်ခဲ့ ရခြင်း ဖြစ်ပါ
သည်။
ကျွန်တော်သည်
တောကျောင်းဆရာဘဝတွင် ငပိနှင့် မျှစ်ကိုစားကာ ပျော်ရွှင်
သာယာခဲ့ပါသည်။
ရိုးသား ဖြူစင်သည့်ဝန်းကျင်တွင် ဆရာဘဝကို ခုံမင်မြတ်နိုး
ခဲ့ရပါသည်။
သို့သော် မျှစ်နံ့တွေကင်းပြီး ဟန်ဆောင်မှုတွေ ထုံသင်းနေသည့်
မြို့နေလူမှုဘဝသို့ပြန်ရောက်မှ ကျောင်းဆရာဘဝကို လုံးဝစိတ်ကုန်ကာ အပြီး
တိုင်
စွန့်ခွာသွားရခြင်းကိုလည်း ကျွန်တော့်ကိုယ်ကျွန်တော် ရှောင်ပြေးတတ်သူ
တစ်ယောက် အဖြစ် အပြစ်တင်နေမိပါသည်။
မှတ်ချက်။ ဤဆောင်းပါးကို Independent News Journal တွင်ဖော်ပြပြီးဖြစ်
ပါသည်။
သတင်းရင်းမြစ်
း မောက္ခပညာရေးမဂ္ဂဇင်း
No comments:
Post a Comment